fbpx

Corporate Governance

လုပ်ငန်းခွင် အုပ်ချုပ်ရေးသည် မည်သည့် အဖွဲ့အစည်း အတွက် မဆို လွန်စွာ အရေးကြီး ပါသည်။ ထို့ကြောင့် A bankတွင် တာဝန်ရှိသူများမှ အစဉ်အဆက် ချမှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက်များ နှင့်ညီသည့် လုပ်ငန်းခွင် အုပ်ချုပ်ရေးကို အတိအလင်း ချမှတ် ကျင့်သုံးပါသည်။
ချမှတ်ထားသည့် စည်းကမ်းများသည် လုပ်ငန်းခွင် အပြုအမူ၊ လုပ်ပုံကိုင်ပုံအား ထိန်းကျောင်းပေးရန် ဖြစ်သည်။ ထိန်းကျောင်းရာ တွင်လည်း အစုရှယ်ရာရှင်များ၊ အကြီးတန်း အုပ်ချုပ်ရေး ဝန်ထမ်းများ၊ Customer များ၊ ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်ပစ္စည်း ပို့သွင်း သူများ၊ နိုင်ငံတော် အစိုးရနှင့် အများ ပြည်သူများ စသည့် A bank၏ မြောက်များစွာသော ပါဝင်ပတ်သက် သူတို့ အကြား အချိတ်အဆက်ရှိရန် လုပ်ဆောင် ပေးသည်။ ဤသို့ ပြုလုပ်ရခြင်းမှာ လုပ်ငန်းခွင် အပြုအမူကို ကြီးကြပ်ရန် မူဘောင် ထားရှိခြင်းသည် အဖွဲ့အစည်း၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ဦးတည်ချက် တို့အား အကောင်အထည် ဖော်ဆောင်ရာတွင် မဖြစ်မနေ လိုအပ်သည် ကြောင့်ဖြစ်သည်။

How we are governed

A bankသည် မြင့်မားသော ကော်ပိုရိတ် စီမံခန့်ခွဲမှု ဆိုင်ရာ စံနှုန်းများကို လိုက်နာ ဆောင်ရွက်လျက် ရှိပါသည်။ A bank သည် ထိရောက်သော ကြီးကြပ် ကွပ်ကဲမှုများဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်စေရန် အတွက် ရေးဆွဲထားသော ကျယ်ကျယ် ပြန့်ပြန့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ရှိပါသည်။ A bank သည် ဘုတ်အဖွဲ့၏ အခန်းကဏ္ဍ၊ ဒါရိုက်တာများ၏ တာဝန်၊ လက်တွေ့ ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တည်ဆဲ စည်းမျဉ်းများပါ ပြဋ္ဌာန်းချက် များကို လိုက်နာ ဆောင်ရွက် ပါသည်။ ဒါရိုက်တာ အဖွဲ့သည် အောက်ဖော်ပြပါ ကိစ္စရပ်များ အတွက် တာဝန်ရှိသည်။
(၁) A bank၏ ရေရှည် အောင်မြင်မှုကို မြှင့်တင်ရန်နှင့် အစုရှယ်ယာရှင်များထံ ရေရှည် တိုးတက် တည်တံ့သော တန်ဖိုးများ ပေးအပ်နိုင်ရန် ဆောင်ရွက်ခြင်း၊
(၂) A bank၏ မဟာဗျူဟာနှင့် ရည်မှန်းချက်များကို ချမှတ်ခြင်း၊ အတည်ပြုခြင်းနှင့် အဆိုပါ ရည်ရွယ်ချက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက် ပေးခြင်း၊
(၃) A bank၏ ဆုံးရှုံးနိုင်မှု အန္တရာယ် အနေအထားအား စီစစ် သတ်မှတ်ခြင်းနှင့် A bank၏ ဆုံးရှုံးနိုင်မှု အန္တရာယ်များကို စောင့်ကြည့်ခြင်း၊
(၄) မဟာဗျူဟာ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အရင်းအနှီးနှင့် လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ်များ စိစစ် အတည်ပြုခြင်းနှင့် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ အမှုဆောင် မဟုတ်သော ဒါရိုက်တာများ (Independent Non-Executive Directors) များ၏ အခန်း ကဏ္ဍသည် မဟာဗျူဟာဆိုင်ရာ အဆိုပြုချက် များကို ဖွံ့ဖြိုး တိုးတက်အောင် ပံ့ပိုးပေးရန်၊ စီမံခန့်ခွဲမှု ဒါရိုက်တာ များအား ၎င်းတို့၏ တာဝန် ဝတ္တရားကို မှန်ကန်အောင် ထမ်းဆောင်နေကြောင်း သေချာစေရန်၊ အပြု သဘောဆောင်သော စိန်ခေါ်မှုကို အားပေးသည့် အလေ့အထကို တည်ဆောက်ရာတွင် မှန်ကန်သော ပြုမူ ဆောင်ရွက်မှုကို ဖန်တီးရန် ဖြစ်ပါသည်။ အမှုဆောင် မဟုတ်သော ဒါရိုက်တာများသည် ဒါရိုက်တာအဖွဲ့မှ သဘောတူညီ ထားသည့် ပန်းတိုင်များနှင့် ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် စီမံခန့်ခွဲမှု၏ စွမ်းဆောင်ရည်များကို ပြန်လည် သုံးသပ်ပါသည်။ ဥက္ကဋ္ဌသည် ဒါရိုက်တာ အဖွဲ့ အစည်းအဝေး များတွင် သာမက အမှုဆောင် ဒါရိုက်တာများ မပါဘဲ အမှုဆောင် မဟုတ်သော ဒါရိုက်တာများနှင့် လိုအပ်သလို တွေ့ဆုံ ဆွေးနွေးမှုများကို ပြုလုပ်ပါသည်။

Responsibility of the Board of Directors

A bank သည် ဘဏ်၏ ရည်မှန်းချက်များ ပြည့်မှီ အောင်မြင် စေရန်နှင့် ဘဏ်၏ အစုရှယ်ယာ ရှင်များ၏ အစုရှယ်ယာ တန်ဖိုး အမြင့်မားဆုံး ရရှိစေရန် အကောင်းဆုံးသော စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် စီမံ အုပ်ချုပ်နိုင်ရန် ဘဏ် ဒါရိုက်တာ အဖွဲ့၏ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား အောက်ဖော်ပြပါ အတိုင်း သတ်မှတ် ထားရှိပါသည်။
(က) ဒါရိုက်တာ အဖွဲ့အား စီမံအုပ်ချုပ်မှု စွမ်းရည်၊ ဘဏ် လုပ်ငန်းဆိုင်ရာ အသိပညာ ပြည့်စုံမှု၊ လုပ်ငန်း ကျွမ်းကျင်မှုများနှင့် ပြည့်စုံ ထားသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း အားဖြင့် ၎င်းတို့၏ စီမံအုပ်ချုပ်မှု အပေါ်တွင် လေးစား ယုံကြည်မှု ရရှိစေရမည်။ ဒါရိုက်တာ အဖွဲ့ဝင်များတွင် အမှုဆောင် ဒါရိုက်တာများ၊ အမှုဆောင် မဟုတ်သော ဒါရိုက်တာများနှင့် လွတ်လပ်သော ဒါရိုက်တာများဖြင့် ပါဝင် ဖွဲ့စည်း ထားပါသည်။ ဒါရိုက်တာ အဖွဲ့တွင် ပါဝင်သော ဒါရိုက်တာ အမျိုးအစားနှင့် အရေအတွက်အား ဘဏ်တွင် ပြောင်းလဲလာသည့် အခြေအနေများနှင့် ကိုက်ညီစေရန် အတွက် ပါဝင် ဖွဲ့စည်းမှု ပုံစံအား လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည် ဖြစ်သည်။
(ခ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အဓိကတာဝန်မှာ အစု ရှယ်ယာရှင်များ၏ သဘောတူ ချမှတ်ထားသည့် ရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် လုပ်ငန်းများ ချမှတ်ပေးခြင်း၊ မူဝါဒများနှင့် လမ်းညွှန်မှုများ ချမှတ်ပေးခြင်း ဖြစ်ပြီး အဆိုပါ လမ်းညွှန် ချမှတ်ပေးသည့် ကိစ္စရပ်များအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အားလုံးသည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက် များနှင့် ကိုက်ညီမှု ရှိရပါသည်။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်လည်း သတ်မှတ် ထားသည့် စည်းမျဉ်း ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/ မရှိကိုလည်း စောင့်ကြပ် ကြည့်ရှုရမည် ဖြစ်သည်။
ထိုသို့ လုပ်ငန်းစဉ်များ မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှု အဖွဲ့၏ စွမ်းဆောင်ရည်ရှိစွာ ကြီးကြပ် ထိန်းကျောင်း ပေးနိုင်ခြင်းဖြင့် မူလ သတ်မှတ် ထားသည့် ရည်မှန်းချက် ပန်းတိုင်ဖြစ်သော မှန်ကန်စွာဖြင့် ဘဏ်လုပ်ငန်းများ တိုးတက် အောင်မြင်၍ အစုရှယ်ယာ တန်ဖိုး အမြင့်ဆုံးရရှိစေ နိုင်အောင် ဆောင်ရွက် ရမည် ဖြစ် သည်။
(ဂ) ဒါရိုက်တာ အဖွဲ့အစည်းအဝေးများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လမ်းညွှန် ထားသည့်အတိုင်း တစ်နှစ်လျှင် (၁၂) ကြိမ် ပုံမှန် ကျင်းပနိုင်ရန် လိုအပ်သလို ကြိုတင်စီစဉ် ပြင်ဆင် ဆောင်ရွက်ရမည်။ ထို့အပြင် ဒါရိုက်တာ အဖွဲ့အစည်းခေါ်ယူရန် လိုအပ်ပါကလည်း လိုအပ်သလို ခေါ်ယူ ကျင်းပ နိုင်ရမည် ဖြစ်သည်။
(ဃ) ဒါရိုက်တာ အဖွဲ့အစည်းများတွင် တက်ရောက်လာသည့် ဒါရိုက်တာများသည် သိလိုသည်များကို မေးမြန်းခြင်း၊ မိမိ၏ ထင်မြင် ယူဆချက်များ၊ အကြံပြုချက်များကို လွတ်လပ်စွာ ဖော်ထုတ် ဆွေးနွေးနိုင်ခြင်းနှင့် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် ရှိရမည် ဖြစ်သည်။
(င) ဘဏ်၏ ဒါရိုက်တာ အဖွဲ့သည် ဘဏ်၏ ဘဏ္ဍာရေး ရှင်းတမ်းများ၏ ကိန်းဂဏန်း မှန်ကန်တိကျမှု၊ တွက်ချက် တင်ပြမှုများသည် လိုက်နာရမည့် စည်းကမ်းများအတိုင်း တွက်ချက် တင်ပြထားခြင်း ဖြစ်ကြောင်းနှင့် အဆိုပါစာရင်းများ ရေးဆွဲထားမှုသည် မြန်မာနိုင်ငံ စာရင်းကောင်စီမှ သတ်မှတ်ထားသည့် စာရင်းကိုင် စံနှုန်းဖြင့်လည်း ကိုက်ညီမှု ရှိစေရန် အတွက် တာဝန်ယူ ကြီးကြပ် ဆောင်ရွက်ပေးရမည် ဖြစ်သည်။
(စ) ဒါရိုက်တာ အဖွဲ့သည် မိမိတို့၏ လုပ်ငန်း တာဝန်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ် စိစစ် တင်ပြနိုင်မည့် သီးခြား ကော်မတီများအား ဖွဲ့စည်း တာဝန်ပေးအပ် ရမည်ဖြစ်ပြီး ကော်မတီ တစ်ခုစီတိုင်းတွင် သက်ဆိုင်ရာ ကော်မတီနှင့် ဆက်စပ် ပတ်သက်သည့် အရာရှိများ ပါဝင်ဖွဲ့စည်းလျက် ၎င်းတို့၏ အခန်းကဏ္ဍနှင့် တာဝန်များကို သတ်မှတ် ပေးရမည် ဖြစ်သည်။ A bank အနေဖြင့် ဒါရိုက်တာ အဖွဲ့အား အထောက်အကူ ပြုမည့် အောက်ဖော်ပြပါ ကော်မတီများအား သက်ဆိုင်ရာ ဌာန တာဝန်ခံ များဖြင့် ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ (၁) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနှင့် ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ လိုက်နာ ဆောင်ရွက်ရေး စောင့်ကြည့်ရေး ကော်မတီ၊ (၂) ချေးငွေ ကော်မတီ၊ (၃) လစာ ချီးမြှင့်ရေး ကော်မတီ၊ (၄) စာရင်းစစ် ကော်မတီ၊ (၅) ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေး ကော်မတီ (၆) ဒီဂျစ်တယ် ဘဏ်လုပ်ငန်း ဦးဆောင်ကော်မတီ
(ဆ) ဘဏ်အနေဖြင့် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အတွေ့အကြုံနှင့် အသိပညာများ တိုးပွားစေခြင်း အားဖြင့် ဘဏ်၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပြီး ဘဏ်၏ ရည်မှန်းချက်များ ပိုမိုကောင်းမွန်စွာ ချမှတ် အကောင်အထည် ဖော်နိုင်ရန် အတွက် ဒါရိုက်တာ အဖွဲ့ဝင်များ အား ၎င်းတို့နှင့် သင့်လျော်သော၊ အကျိုးရှိစေသော (သို့မဟုတ်) ဒါရိုက်တာ တာဝန် ထမ်းဆောင်ရာတွင် မရှိမဖြစ် လိုအပ်သော အသိပညာများ ရရှိစေမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းများ၊ ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ရရှိနိုင်ရေး ပံ့ပိုး ဆောင်ရွက်ပေးရမည် ဖြစ်သည်။

Operation of the Board

အဖွဲ့သည် သာမန်အားဖြင့် တစ်နှစ်လျှင် အနည်းဆုံး (၁၂) ကြိမ် အစည်းအဝေးပြုလုပ်ရမည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် A bank အနေဖြင့် အစည်းအဝေးပေါင်း (xx) ကြိမ် ပြုလုပ်ခဲ့ပြီး A bank ၏ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ မဟာဗျူဟာများ ချမှတ်ခြင်း၊ ပြီးခဲ့သော လုပ်ဆောင်ချက်ကို သုံးသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ ဘဏ်၏ အဓိကျသော ဦးဆောင်ပုဂ္ဂိုလ်များဖြစ်သည့် အမှုဆောင်ညွှန်ကြားရေးမှူး၊ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်၊ ငွေကြေးဆိုင်ရာ အရာရှိချုပ်၊ လုပ်ထုံးလုပ်နည်း လိုက်နာ စောင့်ကြည့် ရေး အရာရှိချုပ်နှင့် ဌာနဆိုင်ရာခေါင်းဆောင်များ ပုံမှန်တက်ရောက်လေ့ရှိပါသည်။ အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးများအပြင် ပေါ်ပေါက်လာသည့် အကြောင်းအရာ ကိစ္စများဆွေးနွေးရန် အလွတ်သဘောတွေ့ဆုံရန် ဖွဲ့စည်းထားသောအဖွဲ့ဝင်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထမ်းများပါရှိသည့် အုပ်ချုပ်ရေး အဖွဲ့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့သည်လည်း အုပ်ချုပ်ရေးအဖွဲ့၏ အစည်း အဝေးများ မတိုင်မီ ကြိုတင် အစည်းအဝေး ပြုလုပ်လေ့ရှိပါသည်။ ဤကဲ့သို့ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများသည် အဖွဲ့ဝင်များ အတွက် အကြီးတန်း အုပ်ချုပ်ရေးဝန်ထမ်းများနှင့် အမြဲတစ်စေ ထိတွေ့ ဆက်ဆံပြီး နေ့စဉ် ဘဏ်လုပ်ငန်းတွင် ကြုံတွေ့နေရသော အခက်အခဲများအား ပိုမိုနားလည်နိုင်ရန်၊ ပြေလည်ခြင်း အကြံပြုချက်ပေးနိုင်ရန်နှင့် စိန်ခေါ်မှုများကိုနည်းလမ်းသစ်ရှာ ဝိုင်းဝန်းဖြေရှင်းပေးနိုင်ရန် အထောက်အကူ ပြုပါသည်။

Whistleblowing Policy

ကျင့်ဝတ်နှင့် မညီညွတ်ခြင်းအား ထုတ်ဖော် အသိပေးခြင်း မူဝါဒ (Whistleblowing Policy) သည် ဝန်ထမ်းများ အားလုံးနှင့် တတိယ ပုဂ္ဂိုလ် အပါအဝင် မလျော်ကန်သော အပြုအမူ (သို့မဟုတ်) မူမမှန်သော ပြုမူ ဆောင်ရွက်ချက် များကို သတင်းပေးပို့ ထုတ်ဖော် ပြောဆို တိုင်ကြားခြင်း အားဖြင့် လက်စားချေ တုံ့ပြန်မည့် အန္တရာယ် မဖြစ်စေရန် စီမံဆောင်ရွက် ထားပါသည်။ A bank ၏ ဝက်ဘ်ဆိုက် တွင် အဆိုပါ မူဝါဒအား ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။ အဆိုပါ သတင်းပေးပို့ တိုင်ကြားရမည့် လမ်းကြောင်းသည် ဝင်ရောက် တင်ပြနိုင်ရန်၊ ထုတ်ဖော် ပြောဆိုနိုင်ရန်၊ လွယ်ကူ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါ သည်။ ၎င်းမူဝါဒအား နိုင်ငံတကာမှ အကြံပြု ထားသည့် စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက် ထားပါသည်။ A bank အနေဖြင့် ဘဏ်ဝန်ထမ်းများ သာမက စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဒါရိုက်တာအဖွဲ့ဝင် များ အပါအဝင် မည်သူ့ကိုမျှ အကျင့်ပျက်ခြစားမှု မလျော်မမှန် ပြုမူ ဆောင်ရွက်မှုနှင့် ဥပဒေအရ သတ်မှတ်ချက်များကို မလိုက်နာ ခြင်း၊ မှားယွင်းစွာ ဆောင်ရွက်ခြင်း များကို လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။
(က) ဝန်ထမ်းများနှင့် တတိယပုဂ္ဂိုလ်များ (ဥပမာ-ကန်ထရိုက်တာများ၊ အတိုင်ပင်ခံများ၊ ရောင်းချသူများ၊ ပံ့ပိုးသူများ နှင့် ဖောက်သည်များ) အတွက် ၎င်းတို့၏ ထုတ်ဖော်ပြောကြား၊ တိုင်ကြားမှုများအား အချိန်နှင့် တပြေးညီ စီမံခန့်ခွဲမှု အဖွဲ့ထံ တိုက်ရိုက် ရောက်ရှိနိုင်မည့် လမ်းကြောင်း တစ်ခု ဖော်ဆောင်ပေးရန်၊
(ခ) သတင်းပေးပို့ တိုင်ကြားသူမှ ၎င်းအား လက်စားချေ ခံရခြင်း၊ လက်တုံ့ပြန် ခံရခြင်း၊ အန္တရာယ် ဖြစ်ပေါ်စေခြင်း တစ်စုံတစ်ရာ မရှိဟု ယုံကြည်လျက် မိမိသိမြင် ကြားတွေ့သည့် မှားယွင်းမှု၊ မလျော်မကန်မှုများအား ထုတ်ဖော် တိုင်ကြားနိုင်ရန်။

ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း

မိတ်ဆက်
A bank ကို လုံခြုံပြီး၊ ခိုင်မာစွာ လည်ပတ်နိုင်အောင် ထိန်းသိမ်း နိုင်ရန်နှင့် ဘဏ္ဍာရေး စနစ်အတွင်း အများပြည်သူ၏ ယုံကြည်မှုကို တိုးမြင့်အောင် ဆောင်ရွက်ရာ၌ အထောက်အပံ့ ပေးရာတွင် ထိရောက်သော Corporate and Risk Governance Framework သည် မရှိမဖြစ် လိုအပ်ပါသည်။
Corporate and Risk Governance ၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် လုပ်ငန်းစဥ် များသည် ဘဏ်၏ အရွယ်အစား၊ ဆုံးရှုံးနိုင်ခြေ မှတ်တမ်း “Risk Profile” နှင့် ရှုပ်ထွေးမှု စသည်တို့၏ ပြောင်းလဲမှု တို့နှင့်အညီ၊ လိုက်လျောညီထွေ ရှိရန် လိုအပ်ပါသည်။ ပိုမိုကြီးမားပြီး ရှုတ်ထွေးသော ဘဏ်များတွင် ပိုမိုခောတ်မီ ဆန်းကြယ်သော၊ တရားဝင် အသိအမှတ်ပြုထားသော ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှု ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဥ်များ ရှိရန် လိုအပ်သည်။
အေဘဏ်၏ လုပ်ငန်း ဆောင်ရွက်ချက်များရှိ ဆုံးရှုံးနိုင်ခြေများကို သတ်မှတ် ဖော်ထုတ်ခြင်း၊ တိုင်းတာ စစ်ဆေးခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်း၊ နှင့် ထိန်းချုပ် ကွပ်ကဲခြင်းများ ဆောင်ရွက်ရန်၊ Risk Based Approach (RBA) နှင့်အညီ အကဲဖြတ် အမှတ်ပေးရန် စီမံခန့်ခွဲသူများမှ တာဝန် ပေးအပ်ခြင်းသည်၊ ၎င်းစီမံခန့်ခွဲသူများနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် များ၏ ၎င်းတို့ အသီးသီး၏ အခန်း ကဏ္ဍများမှ စွမ်းဆောင် နိုင်ရည်များကို အကဲဖြတ်ခြင်း အပေါ်  အခြေခံသည်။
ဤအကဲဖြတ် အမှတ်ပေးမှုများသည် ထုတ်ပြန်ထားသော ဥပ‌ဒေများ၊ စည်းမျဥ်း စည်းကမ်းများ နှင့်အညီ၊ ဘဏ်အား လုံခြုံ၊ ခိုင်မာပြီး ထိရောက်စွာ လုပ်ငန်း လည်ပတ် ဆောင်ရွက်နိုင်ရန် ထိန်းသိမ်းနိုင်သော ၎င်းတို့၏ စွမ်းဆောင်ရည်ကို ထင်ဟပ်စေမည် ဖြစ်ပါသည်။ Management ၏ အကဲဖြတ် အမှတ်ပေးမှု များသည် Financial Performance, Bank Operation, Compliance, Risk Management နှင့် Governance ၏ ရှုထောင့် အမျိုးမျိုးပေါ်တွင် Board and Management ၏ ထိရောက်စွာ ကိုင်တွယ် လုပ်ဆောင်သော စွမ်းဆောင်ရည်ကို ထင်ဟပ်စေမည် ဖြစ်ပါသည်။

Risk Governance Framework

Corporate Governance Framework ၏ အစိတ်အပိုင်း တခုဖြစ်သော Risk Governance သည် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကို A bank ၏ ချဥ်းကပ်မှု ဖြစ်သည်။ ဆုံးရှုံးနိုင်ခြေများကို သတ်မှတ် ဖော်ထုတ်ခြင်း၊ တိုင်းတာ စစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှု ခြင်းနှင့် ထိန်းချုပ် ကွပ်ကဲခြင်းများ ဆောင်ရွက်ရန်၊ Risk Governance သည် ခိုင်မာသော Corporate Governance ၏ အခြေခံ သဘောတရားများကို ကျင့်သုံးပါသည်။ ဆုံးရှုံးနိုင်ခြေများကို စီမံ အုပ်ချုပ်ခြင်းဖြင့် စွန့်စား လုပ်ဆောင်ရသော လုပ်ငန်း ဆောင်တာများသည် A bank ၏ မဟာဗျူဟာ နှင့် လက်ခံလိုသော ဆုံးရှုံးနိုင်ခြေနှင့် အညီ သေချာစေရန် အထောက်အပံ့ ဖြစ်စေသည်။ Risk Governance ၏ အဓိက အစိတ်အပိုင်းများတွင် ဆုံးရှုံးနိုင်ခြေ ယဥ်ကျေးမှု “Risk Culture”၊ လက်ခံလိုသော ဆုံးရှုံးနိုင်ခြေ “Risk Appetite“၊ နှင့် “အေဘဏ်” ၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု စနစ် တို့ပါဝင်သည်။
Risk Governance Framework တစ်ခုသည် အောက်ဖော်ပြပါ ပုံအရ၊ ဘဏ် တစ်ခုလုံး အတိုင်းအတာ အားဖြင့် ထိရောက်စွာ စီမံ အုပ်ချုပ်ရာတွင် မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ Framework ဟုဆိုရာတွင် Board and Management သည် ၎င်းတို့၏ အခန်း ကဏ္ဍ အသီးသီးအလိုက် –

  • ဘဏ်၏ Risk Culture အား တည်ထောင်ခြင်းနှင့် ပိုမို တိုးတက် တောင့်တင်း ခိုင်မာ‌စေခြင်း၊
  • လက်ခံလိုသော ဆုံးရှုံးနိုင်ခြေ “Risk Appetite” နှင့်အညီစွဲမြဲထိမ်းသိမ်းထားရှိရန် ရှင်းရှင်း လင်းလင်း ထုတ်ဖော်ခြင်းနှင့် ထိန်းချုပ် ကွပ်ကဲခြင်း၊
  • ဆုံးရှုံးနိုင်ခြေများကို သတ်မှတ် ဖော်ထုတ်ခြင်း၊ တိုင်းတာ စစ်ဆေးခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်း၊ နှင့် ထိန်းချုပ် ကွပ်ကဲခြင်းများ ဆောင်ရွက်ရန် “Three Lines of Defense” နှင့်အညီ “Risk Management System” ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု စနစ် တစ်ခုအား တည်ထောင်ခြင်း၊ တို့ဖြစ်သည်။

ဤမူဘောင်သည် A bank နှင့် သက်ဆိုင်သော ချေးငွေ၊ အတိုးနှုန်း၊ ငွေကြေး လွယ်ကူမှု၊ ဈေးနှုန်း၊ လုပ်ငန်း လည်ပတ်ခြင်း ဆိုင်ရာ၊ လိုက်နာ ဆောင်ရွက်မှု၊ မဟာဗျူဟာ ဆိုင်ရာ၊ နှင့် အမည် ဂုဏ်သတင်း ဆိုင်ရာ စသည့် ဆုံးရှုံးနိုင်ခြေ အမျိုးအစားများ အားလုံး အကျုံးဝင်သည်။

ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မူဘောင်အရ A bank သည် ပြည်တွင်း (‌ဒေသတွင်း ပါဝင်သည့် အကြောင်းအရာများ – မြန်မာနိုင်ငံတော် ဗဟိုဘဏ် လမ်းညွှန်မှုများ အရ) သာမက နိုင်ငံတကာ BASEL Accord တို့နှင့် ကိုက်ညီမှု ရှိစေရန်၊ Kasikorn Thai Bank Public Company Limited နှင့်အတူ ပူးပေါင်း၍ ဆုံးရှုံးနိုင်ခြေ မဟာ ဗျူဟာကို တည်ထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

Treatment to Shareholders and Concern for Stakeholders

(၁) A bank သည် လူ့အရင်းမြစ် များအား တန်ဖိုးထားခြင်းသည် အရေးကြီး သည်ကို အသိမှတ်ပြု ပါသည်။ ထို့ကြောင့် ဘဏ်၏ လူ့အရင်းအမြစ် စွမ်းအားများ မြှင့်တင် ပေးနိုင်ရန် နည်းမျိုးစုံသော သင်တန်းများ ပို့ချပေးနိုင်ရန် ပံ့ပိုး ပေးပါသည်။ A bankသည် အဆင့်မီ သန့်ရှင်း သပ်ရပ်သော လုပ်ငန်းခွင် တစ်ရပ်အား ဖန်တီးပေး၍ ဝန်ထမ်း ရုံးချိန် ပျက်ကွက်မှုနှင့် နာမကျန်း ခွင့်ယူမှု တို့ကိုလည်း စနစ်တကျ မှတ်တမ်း ကောက်ယူပါသည်။ A bank သည် မျှတသည့် လုပ်ငန်းခွင် အခွင့်အရေး၏ တန်ဖိုး သည် အရေးကြီးသည်ကို အသိအမှတ် ပြုပါသည်။ ထို့ကြောင့် ဝန်ထမ်းများအား ၎င်းတို့၏ ရေတိုရေရှည် စွမ်းဆောင်ရည် နှင့်အညီ၊ အလုံးစုံ စီးပွားရေး၊ ငွေကြေးဆိုင်ရာ ရလဒ်များ နှင့်အညီ လစာနှင့် ခံစားခွင့် များအား ပေးပါသည်။
(၂) A bank သည် Customer များအား မျှတစွာ၊ တာဝန်သိစွာ ဆက်ဆံရေးသည် အရေးကြီး သည်ဟု အသိအမှတ်ပြုရုံ တင်မက ထိုသို့ ဆက်ဆံခြင်းသည် ဘဏ် လုပ်ငန်း၏ ကြီးပွား တိုးတက်မှု အတွက် မဖြစ်မနေ ကျင့်သုံးရမည်ဟုပင် ယုံကြည်ပါသည်။ ထို့ကြောင့် A bank သည် နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးရှိရန် အတွက် Customer များအား ဘဏ်၏ မိတ်ဖက်များ အနေဖြင့် ဆက်ဆံ သွားမည် ဖြစ်ပါ သည်။
(၃) A bank သည် လက်ခံ ထားသော စံနှုန်းများ နှင့်အညီ တရားမျှတသော စီးပွားရေး ယှဉ်ပြိုင်ခြင်း၏ အရေးပါမှုကို အသိ အမှတ်ပြု ကျင့်သုံးပြီး စီးပွားရေး ယှဉ်ပြိုင်ခြင်း ဆိုင်ရာ ဥပဒေများအား လိုက်နာပါသည်။
(၄) A bank သည် ငွေလွှဲ ငွေလက်ခံသူများအား သဘောတူ ထားသော စာချုပ်ပါ သတ်မှတ်ချက်များ နှင့်အညီ မျှတစွာ၊ တာဝန် သိစွာ ဆက်ဆံရန် အရေးကြီး သည်ဟု အသိအမှတ် ပြုကျင့်သုံးပြီး ထိုသူများ၏ အခန်းကဏ္ဍ သည်လည်း ဘဏ်လုပ်ငန်း၏ စီးပွားရေးဆိုင်ရာ လုပ်ငန်း လည်ပတ်မှု အတွက် လွန်စွာ အရေးကြီးသည်ဟု မှတ်ယူပါသည်။ A bank သည် ငွေလွှဲ ငွေလက်ခံ သူများနှင့် ချုပ်ဆို ထားသည့် စာချုပ်စာတမ်းတွင် ပါရှိသော သတ်မှတ်ချက် များအား အပြန်အလှန် နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ လုပ်ငန်းဆိုင်ရာ လုပ်ထုံး လုပ်နည်းအား အသိအမှတ်ပြုမှု စသည်များနှင့် အခြားသော အများလက်ခံ ကျင့်သုံး သည့် စံနှုန်းများ အပေါ် အခြေပြု၍ လိုက်နာ ဆောင်ရွက်ပါ သည်။
(၅) A bank သည် ဥပဒေ၊ စာချုပ်ပါ သတ်မှတ်ချက်များ နှင့်အညီ အကြွေးရှင်များအား တရားမျှတစွာ ဆက်ဆံပြီး ၎င်းတို့ အပေါ်၌ တာဝန်သိစွာ ဆက်ဆံပါသည်။
(၆) A bank သည် ပတ်ဝန်းကျင်၊ လူမှု အသိုင်းအဝိုင်းနှင့် သင့်လျော် ကိုက်ညီသည့် လုပ်ငန်းခွင်ဆိုင်ရာ လုံခြုံရေး၊ ကျန်းမာရေး
စံနှုန်းများအား လိုက်နာကျင့်သုံးခြင်း၏ အရေးပါမှုကို အသိအမှတ်ပြု ပါသည်။
(၇) A bankသည် ဘဏ်တွင်းပိုင်း အစုရှယ်ယာ အရောင်းအဝယ်ပြုခြင်းအား ကန့်သတ်ခြင်း၊ ညွှန်ကြားရေးမှူးများအား ၎င်းတို့၏အစုရှယ်ယာ အရောင်းအဝယ် များကို အုပ်ချုပ်ရေး အဖွဲ့ထံသို့ အကြောင်းကြားစေခြင်း စသည်တို့ဖြင့် တရားမဝင်၊ သမာသမတ် မရှိသည့် လုပ်ဆောင်မှုများကို တားမြစ်နိုင်ရန် အတွက် စည်းမျဉ်း စည်းကမ်းများ ပြဋ္ဌာန်းချမှတ်ရန် အရေးကြီးသည်ကို အသိအမှတ်ပြု ပါသည်။
(၈) A bank သည် အကျိုးစီးပွား ပဋိပက္ခ မဖြစ်ပေါ်ရန် နိုင်ငံတော် အစိုးရ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ကြီးကြပ် ကိုင်တွယ်ဖို့ရာ လုပ်ထုံးများ ကျင့်သုံး ချမှတ်နိုင်ရန် အရေးကြီးသည်ကို အသိအမှတ်ပြု ပါသည်။
(၉) A bank နှင့် သက်ဆိုင်သူများ ကိုယ်တိုင် မိမိတို့ ကြုံတွေ့ရသည့် တရားမဝင်သော အပြုအမူများ၊ ငွေကြေးဆိုင်ရာ မှားယွင်း အစီရင်ခံမှုများ၊ ဘဏ်တွင်း ထိန်းကျောင်းမှု စနစ်များ၏ အားနည်းချက်များ၊ ကျင့်ဝတ် ဖောက်ပြားခြင်းများ စသည်တို့ကို ဖော်ထုတ်ပြီး ဘဏ်သို့ တိုက်ရိုက် ဆက်သွယ် တိုင်ကြားနိုင်သည့် လမ်းကြောင်းများအား A bank သည် ဖန်တီး ထားပေးပါသည်။ ဤတွင် သက်ဆိုင်သူများ ထံမှ ရရှိသည့် တိုင်ကြားချက်များ လက်ခံ ကိုင်တွယ်ရေး၊ တိုင်ကြားသူများ အား တရားမျှတစွာ ဆက်ဆံပြီး နှောင့်ယှက်ခံရခြင်းမှ ကာကွယ်ပေး၍ ထိုသူတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးရေး စသည်တို့ အတွက် ဘဏ်တွင်း လုပ်ထုံးလုပ်နည်းများ ချမှတ်ထားခြင်း ပါဝင်သည်။

Code of Conduct and Business Ethics

A bank သည် ဘဏ်၏ ဒါရိုက်တာများ၊ ဝန်ထမ်းများနှင့် ဘဏ်ကိုယ်စား ဆောင်ရွက်နေသူများ လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ် စည်းကမ်းများအား လိုက်နာ ကျင့်သုံးနိုင်ရန် အတွက် တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ စည်းကမ်း များတွင် အောက်ပါ အခြေခံ စည်းမျဉ်းများ ပါဝင်ပါသည်။
(က)မိမိ တာဝန် ဝတ္တရားများအား ဆောင်ရွက်ရာတွင် ရိုးသားမှု၊ သစ္စာရှိမှုနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် ထမ်းဆောင်ရန်
(ခ) မိမိတာဝန်အရ သိရှိသည့် လျှို့ဝှက်ထားရမည့် သတင်း အချက်အလက်များ၊ ဌာနတွင်း သတင်း အချက်အလက်များအား မိမိ ကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားသူ၏ အကျိုးအမြတ် ရရှိစေရန် လည်းကောင်း မှားယွင်းစွာ အသုံး မပြုနိုင်စေရန်
(ဂ) အကျိုးစီးပွား ပဋိပက္ခ ဖြစ်ပေါ်စေ နိုင်သော မည်သည့် လုပ်ရပ်ကို မဆို တားဆီးရန် (သို့မဟုတ်) ရှောင်ရှားရန် A bank၏ စီမံအုပ်ချုပ်မှု စနစ်အား ကောင်းမွန်စေရန် အတွက် ဝန်ထမ်း လက်စွဲ စာအုပ်နှင့် လိုက်နာ ကျင့်သုံး ရမည့် ကျင့်ဝတ် စည်းကမ်း များအား ဟန်ချက်ညီစွာ အချိန်ကာလနှင့် လိုက်လျောညီ ဖြစ်စေရန် ပွင့်လင်း မြင်သာစွာဖြင့် ကျင့်ဝတ်ဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ပိုမို ရှင်းလင်းစွာ သိရှိနားလည် လိုက်နာ ကျင့်သုံးနိုင်ရန် အမြဲ ပြန်လည် သုံးသပ် ပြင်ဆင် ထားရှိပါသည်။

Anti-Corruption Policy

A bank သည် အဂတိ လိုက်စားမှုသည် တိုင်းပြည် တိုးတက်ရေး အား ထိခိုက် နိုင်သည်ဟု ယုံကြည်၍ ဘဏ် အတွက်လည်း မလိုလား အပ်သော အကျိုးဆက်များ ဖြစ်ပေါ် နိုင်စေသည်ဟု ယူဆ ပါသည်။ A bank သည် ဘဏ် ဝန်ထမ်းများ အလုပ်လုပ်ကိုင်သည့် အခါတွင် ၎င်းတို့၏ သမာဓိ ရှိမှုနှင့် လုပ်ငန်း အရ ရင့်ကျက်မှု မြင့်မားလာစေရန်၊ အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ လိုက်နာ နိုင်ရန်၊ အုပ်ချုပ်မှု စနစ်ကောင်း တစ်ရပ် တည်ဆောက် နိုင်ရန်၊ အကျိုးစီးပွား ပဋိပက္ခများ ရှောင်ရှား နိုင်ရန်နှင့် ပွင့်လင်း မြင်သာမှု အားကောင်း လာနိုင်ရန် အတွက် ဤအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒအား ချမှတ် ရခြင်း ဖြစ်ပါသည်။
A bank တွင် လိုက်နာ ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များသည် အောက်ပါများကို လိုက်နာ ဆောင်ရွက်ရမည် –
(က) လိုက်နာ ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များသည် အစိုးရ ဝန်ထမ်းများနှင့် ဘဏ်၏ လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များအား လာဘ်ပေးခြင်း၊ လက်ဆောင် ပေးခြင်း သို့မဟုတ် တည်ခင်း ဧည့်ခံခြင်းများ မပြုရပါ။
(ခ) ဘဏ်၏ လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များသည် ဘဏ်၏ အကျိုးစီးပွား ထိခိုက်စေနိုင်သော စီးပွားရေး အားသာမှုကို မျှော်မှန်းကာ လာဘ်ပေးခြင်း၊ လက်ဆောင် ပေးခြင်း၊ တည်ခင်း ဧည့်ခံခြင်းများ ပြုလုပ်လာ သည်ဟု သိလျှင်၊ သံသယရှိလျှင် ထိုအရာများအား လုံးဝ လက်ခံခြင်း မပြုရပါ။
အဂတိ လိုက်စားမှု မူဝါဒအား မလိုက်နာလျှင် ဘဏ်၏ အကြီးတန်း အုပ်ချုပ်ရေး အမှုဆောင်များ၏ ပြစ်ဒဏ်ပေးခြင်းကို ခံယူရပြီး ဝန်ထမ်းဆိုင်ရာ မူဝါဒများနှင့် အညီ ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ် သည်။ ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၏ ပုဒ်မ (၅၇) နှင့်အညီ ရာဇဝတ်မှု သို့မဟုတ် တရားမ ဆိုင်ရာ ပြစ်ဒဏ်များလည်း ခံယူရမည် ဖြစ်သည်။

Legal and Compliance Department

A bank သည် နိုင်ငံတော်မှ ပြဌာန်းထားသည့် တည်ဆဲ ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လိုက်နာ ဆောင်ရွက် နိုင်ရေး အတွက် Chief Compliance Officer မှ ဦးဆောင်သော Legal and Compliance Department မှ ကြီးကြပ် ဆောင်ရွက် ပေးလျက် ရှိပါသည်။ Chief Compliance Officer သည် ဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှု အစီရင်ခံစာအား CEO နှင့် စီမံခန့်ခွဲမှု အဖွဲ့သို့ တိုက်ရိုက် တင်ပြနိုင် သကဲ့သို့ (လိုအပ်ပါက) ဘဏ်ဥက္ကဌ ထံသို့ တိုက်ရိုက် တင်ပြ အစီရင်ခံ နိုင်ပါသည်။ ယေဘူယျအားဖြင့် Legal and Compliance Department သည် A bank ၏ ဘဏ် ဝန်ဆောင်မှုများမှ တစ်ဆင့် ငွေကြေး ခဝါချခြင်း၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်း ကိစ္စရပ်များကြောင့် ဘဏ်၏ ဂုဏ်သိက္ခာ ထိခိုက် စေမည့် အန္တရာယ်များ၊ အကြောင်း ကိစ္စရပ်များ ဖြစ်ပေါ်နိုင်ခြင်း မရှိစေရန် အတွက် ဘဏ်လုပ်ငန်း ဆောင်ရွက်မှု များတွင် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ စနစ်များကို ရေးဆွဲပြီး BOD ၏ အတည်ပြုချက်ကို ရယူဆောင်ရွက်ပါသည်။ အဆိုပါ မူဝါဒများ၊ လုပ်ငန်းစဉ်များကို Legal and Compliance Department မှ လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

AML/CFT Compliance

ငွေကြေး ခဝါချခြင်းနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဖြစ်စဉ်များသည် နိုင်ငံတော်နှင့် နိုင်ငံတကာ၏ နိုင်ငံရေး၊ စီးပွားရေးအပေါ် ခြိမ်းခြောက်မှုကို ဖြစ်ပေါ်နိုင်ပါသည်။ အေဘဏ် အနေဖြင့် မိမိဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူ လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှု များတွင် အခွန်ရှောင်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ လိမ်လည်ခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စသည့် နိုင်ငံတော်နှင့် နိုင်ငံတကာ စီးပွားရေး ခြိမ်းခြောက်မှုများကို သက်ရောက်စေသော ပြုမှုဆောင်ရွက်ချက်၊ ဆက်နွှယ်မှု၊ အလေ့အထများကို စောင့်ကြပ် ကြည့်ရှုခြင်း၊ ထိန်းချုပ် ကွပ်ကဲခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ အေဘဏ်သည် အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို သတ်မှတ် ဖော်ထုတ်ခြင်း၊ စိစစ် အကဲဖြတ်ခြင်း၊ သတင်း ပေးပို့ခြင်းနှင့် ကျရောက်နိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့ပါးစေရန် လိုအပ်သည့် နည်းလမ်းများ ချမှတ် ဆောင်ရွက်ခြင်း၊ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များ နှင့်အညီ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့ သတင်း ပေးပို့ တင်ပြခြင်း၊ သက်ဆိုင်ရာမှ လိုအပ်လာလျှင် ကြည့်ရှု စစ်ဆေးရန်၊ တောင်းခံ သည့်အခါ လွယ်ကူစွာ ရရှိနိုင်စေရန် အတွက် သတင်းပေးပို့မှုနှင့် စပ်လျဉ်းသည့် အထောက်အထားများအား အချိန်နှင့် တစ်ပြေးညီ စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းခြင်း တို့ကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။
ထိရောက်မှုရှိသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်း တိုက်ဖျက်ရေး ဆိုင်ရာ စီမံအုပ်ချုပ်မှု စနစ်ကောင်းသည် ဈေးကွက်များအား ပိုမိုခိုင်မာစေခြင်း၊ ကမ္ဘာ ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များကို ကာကွယ်နိုင်စေခြင်းနှင့် ငွေကြေး ဝန်ဆောင်မှုအား အလွဲသုံးစား ပြုခြင်းများကို လျှော့ချနိုင်စေရန် အတွက် မရှိမဖြစ် လိုအပ်ပါသည်။ အေဘဏ်သည် အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြီးပြည့်စုံသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး မူဝါဒအား တည်ဆဲဥပဒေ၊ စည်းမျဉ်းများဖြင့် ကိုက်ညီစွာ ရေးဆွဲ ထားရှိ၍ လိုက်နာ ဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့ ဆောင်ရွက်နေခြင်းသည် အေဘဏ်၏ အစုရှယ်ယာရှင်များနှင့် ဆက်သွယ် ဆောင်ရွက်သူများအား AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေမှ အကာအကွယ် ပေးနိုင်မည် ဖြစ်ပြီး ငွေကြေးစနစ် တစ်ရပ်လုံး၏ ခိုင်မာမှုကိုလည်း အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။

ဆက်သွယ် ဆောင်ရွက်သူ အပေါ် အလေးထား စိစစ်ခြင်း လုပ်ငန်းစဉ် (Customer Due Diligence - “CDD”)

CDD လုပ်ငန်းစဉ် ဆိုသည်မှာ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူ တစ်ဦးတစ်ယောက် တိုင်း၏ လွှဲပြောင်း ဆောင်ရွက်မှုသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့နှင့် ဆက်နွှယ်မှု ရှိ/မရှိ စိစစ်နိုင်ရန် အတွက် စီးပွားဆက်ဆံမှု စတင်သည့် အချိန်မှစ၍ အဆိုပါ ဆက်သွယ် ဆောင်ရွက်သူနှင့် ပတ်သက်သော သတင်းအချက် အလက် များနှင့် ဘဏ်ငွေစာရင်း လွှဲပြောင်း ဆောင်ရွက်မှုဆိုင်ရာ သတင်း အချက်အလက်များကို ပြည့်စုံစွာ ရရှိရန် စဥ်ဆက်မပြတ် အာရုံစိုက် ဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ ဆက်လက် သတင်းပေးပို့ခြင်း စသည်တို့ ပါဝင်သည့် စနစ်တစ်ခု ဖြစ်သည်။ အေဘဏ်သည် ဆက်သွယ် ဆောင်ရွက်သူများ၏ သဘော သဘာဝများကို နားလည်ရန်၊ ၎င်းတို့၏ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များကို သတိပြုမိရန်နှင့် ML/TF ဆိုင်ရာ ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်များ ပြုလုပ်နိုင်ခြေ အလားအလာရှိပါက သိရှိနိုင်ရန် အတွက် ဆက်သွယ် ဆောင်ရွက်သူအား အထူး ဝိရိယထား၍ အလေးထား စိစစ် အကဲဖြတ်ခြင်းကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။