Current Accounts

Current Deposit (စာရင်းရှင် အပ်ငွေ စာရင်း)
နေ့စဉ် ငွေသွင်း/ ငွေထုတ် ဆောင်ရွက် ရသော စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် လုပ်ငန်း အဖွဲ့အစည်းများ အတွက် ချက်လက်မှတ် (Cheque) ကို အသုံးပြု နိုင်သော စာရင်းရှင် အပ်ငွေ စာရင်းမှာ အထူး သင့်လျော် အသုံးဝင် ပါသည်။
Call Accounts

Call Deposit (ခေါ်ယူ အပ်ငွေ စာရင်း)
ငွေသွင်း/ ငွေထုတ် ပြုလုပ်မှု များသော လုပ်ငန်းရှင်များ အတွက် နေ့စဉ် စာရင်း လက်ကျန်ငွေ အပေါ်တွင် အတိုး တွက်ချက် ပေးပြီး တစ်နှစ် အတိုးနှုန်း ၆% အထိ ရရှိ နိုင်သည့် အပ်ငွေ စာရင်း အမျိုးအစား ဖြစ်ပါသည်။
Interest Booster Account
Interest Booster Account သည် ခေါ်ယူ အပ်ငွေ စာရင်း အမျိုးအစား တစ်ခု ဖြစ်ပြီး နေ့စဉ် စာရင်း လက်ကျန်ငွေ အပေါ်တွင် တစ်နှစ် အတိုးနှုန်း ၈% ဖြင့် အတိုး တွက်ချက် ပေးပါသည်။ အပ်ငွေ သက်တမ်းမှာ (၂) လ ဖြစ်ပြီး အပ်ငွေ၏ ၅၀% ကို အချိန်မရွေး အလွယ်တကူ ငွေသွင်း/ ငွေထုတ် ပြုလုပ် နိုင်ပါသည်။
Fixed Accounts

Fixed Deposit (စာရင်းသေ အပ်ငွေ စာရင်း)
ကာလ တစ်ခုကြာ ငွေအပ်နှံ စုဆောင်း ခြင်းဖြင့် အတိုးနှုန်း များများ ရရှိ နိုင်မည့် အပ်ငွေ စာရင်း ဖြစ်သည့် အပြင် မိမိ ကြိုက်နှစ်သက်ရာ အပ်ငွေ သက်တမ်း ကာလများ ကို ရွေးချယ် စုဆောင်း နိုင်ပါသည်။ ငွေအပ်နှံ ကာလ ကုန်ဆုံးချိန်တွင် အတိုး ရရှိမည် ဖြစ်ပါသည်။
**မိမိ အပ်နှံ စုဆောင်း ထားသည့် အပ်ငွေ သက်တမ်း ကာလ မပြည့်မီ အပ်နှံငွေ ထုတ်ယူပါက သတ်မှတ် အတိုးအား ခံစားခွင့် ရှိမည် မဟုတ်ပါ။**
100 Days
ရက် ၁၀၀ အပ်နှံရုံဖြင့် မြင့်မားသော အတိုးနှုန်း ခံစားရမည့် အပြင် အတိုးအား ကြိုတင် ထုတ်ယူ နိုင်မည့် စာရင်းသေ အပ်ငွေ စာရင်း (Fixed Deposit) ဖြစ်ပါသည်။
Saving Accounts

Savings Deposit (ငွေစုဘဏ်အပ်ငွေစာရင်း)
A bank ၏ စုငွေ စာရင်းဖြင့် မိမိတို့၏ ငွေများကို တိုးပွား လာစေရန် လုံခြုံ စိတ်ချစွာ စုဆောင်း နိုင်ပြီး အချိန်မရွေး ငွေသွင်း/ ငွေထုတ် ပြုလုပ် နိုင်သည့်အပြင် တစ်နှစ် အတိုးနှုန်း ၈% အထိ ရရှိနိုင်ပါသည်။
Foreign Currency Account

Foreign Currency Account
နိုင်ငံခြား ငွေကြေး အသုံးပြု ရသော စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ နိုင်ငံခြား ငွေကြေးဖြင့် ဝင်ငွေ ရရှိကြသူများ (ဉပမာ – ဘင်္ဘောသားများ) သည် USD, EURO, SGD, THB, CNY ငွေကြေးတို့မှ မိမိ ကြိုက်နှစ် သက်ရာ ငွေကြေး၏ အနည်းဆုံး အပ်ငွေ (၁၀၀) မှ စ၍ စာရင်း ဖွင့်လှစ် နိုင်ပါသည်။
USD, EURO နှင့် SGD ငွေကြေးများ အတွက်မူ အနည်းဆုံး စာရင်း လက်ကျန်ငွေ (၁၀) ကျန်ရှိ ရမည် ဖြစ်ပြီး THB နှင့် CNY စာရင်းများ အတွက်မူ အနည်းဆုံး စာရင်း လက်ကျန်ငွေ (၁၀၀) ကျန်ရှိရပါမည်။