• (+951) 925 3343

မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် A bank တို့စိုက်ပျိုးစရိတ်ချေးငွေချေးယူမှုဆိုင်ရာသဘောတူညီမှုလက်မှတ်ရေးထိုးပွဲအခမ်းအနား

A Bank, Network Activities Group နှင့် DNA Facilities တို့ပူးပေါင်း၍ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွင်ရှိသော ကျေးရွာ ၅၉ ရွာရှိ တောင်သူ ၃၄၄၃ ဦးအား နှမ်းစိုက်ရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေရယူနိုင်ရန် အတွက် သဘောတူညီမှုလက်မှတ်ထိုးပွဲအား ဧပြီလ (၁၀) ၂၀၁၉ ခုနှစ်တွင် မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ဒု-တိုင်းစိုက်ပျိုးရေး ဦးစီးမှူး ဦးတိုးမင်း (စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျေးလက်ဒေသဖွံ့ဖြိုးရေး ကိုယ်စားလှယ်)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ ရေနံချောင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း ၊A Bank မှ ဦးစောဒီးနိုကူး၊ RFDA ဥက္ကဌ၊ ဒု ဥက္ကဌ နှင့် အဖွဲ့ဝင်တောင်သူများ၊DANA Facility နှင့် NAG တို့မှတာဝန်ရှိသူများနှင့် မြင့်မြတ်တော်ဝင် မှ ဦးမြင့်အောင်၊ ဒေါ်ဥမ္မာခင်၊ ဒေါ်သိမ့်သိမ့်အောင်မှတက်ရောက်ချီးမြှင့်ခဲ့ပြီး A Bank မှ Executive Director ဦးစောဒီးနိုကူး၊ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ မှဥက္ကဌ ဦးဟန်ညွန့် နှင့် ဒု-ဥက္ကဌဦးမြင့်ရွှေ၊ နှင့် မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ ဒေါ်ဥမ္မာခင်တို့မှ စိုက်ပျိုးရေးချေးငွေရယူနိုင်ရန်သဘောတူညီမှုစာချုပ်အားလက်မှတ်ရေးထိုးခဲ့ကြပါသည်။
#Abank
#Standing_with_you
www.abank.com.mm