fbpx

A bank ထူးကြီးဘဏ်ခွဲ ဖွင့်လှစ်ခြင်း

2019
ခုနှစ်၊ ဧပြီလ၊ 26 ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ထူးကြီးမြို့တွင် A bank ၏ ဘဏ်ခွဲအသစ်ဖြစ်သော “ထူးကြီးဘဏ်ခွဲ” ကို ဖွင့်လှစ်ခဲ့ပါသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်၊ ထူးကြီးမြို့၏ မြို့မိမြို့ဖဖြစ်သော ဦးအောင်မင်းစိုး၊ A bank ဒုတိယဥက္ကဌ ဦးအာယု၊ A bank အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမြတ်စိုး နှင့် A bank အမှုဆောင်ဒါရိုက်တာ ဦးရဲထွန်းဦး တို့ မှ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထူးကြီးဘဏ်ခွဲဖွင့်ပွဲသို့ တက်ရောက်အားပေးခဲ့ကြသော A bank ၏ မိတ်ဟောင်း မိတ်သစ် Customer များအားလည်း အထူးကျေးဇူးတင်ရှိပါသည်။ ယနေ့ 26.4.
2019
ရက်နေ့မှစ၍ A bank ထူးကြီးဘဏ်ခွဲတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်းနှင့် လူကြီးမင်းတို့အား ကြွရောက်လှမ်းလာခဲ့ပါရန် ဖိတ်ခေါ်အပ်ပါသည်။