A bank မိသားစု၏ မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား

A bank မိသားစု၏ မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်အနီးရှိ မဟာအောင်မြေဘုံမ်ကျော်ကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် A bank ရုံးချုပ်နှင့် ရန်ကုန်ဘဏ်ခွဲများမှ ဝန်ထမ်းများအားလုံးပူးပေါင်း၍ သံဃာတော်အပါး (၁၀၅) ပါးတို့အား ကထိန်လျာသင်္ကန်းနှင့်တကွ ဝတ္ထုအလှူငွေ၊ လှူဖွယ်ပစ္စည်းများကပ်လှူကြပြီးနောက် ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင်သူမြတ်တို့အား A bank မိသားစုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။