fbpx

A bank ၏ ၇ နှစ်ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူခြင်း

လာမည့်
၁၇ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်တွင် A bank သည် (၇) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ A bank မှ ပြုလုပ်ဖန်တီးထားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြစ်သည့် A+ Wallet သည်လည်း ၁၇ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်တွင် (၁) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

A bank ၏ ၇ နှစ်တာကာလအတွင်း မိတ်ဟောင်း၊ မိတ်သစ် Customer များ၏ အားပေးမှုများ၊ မိတ်ဖက်များနှင့် ဝန်ထမ်းများအားလုံး၏ အတူတကွ လက်တွဲလုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ အောင်မြင်သောဘဏ်တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။

ယခု ၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများကို တတ်နိုင်သည့်ဘက်ပေါင်းစုံမှ တိုးတက်အောင် စွမ်းစွမ်းတမံ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ A bank ၏ ၇ နှစ်ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိသလို နောင်နှစ်ပေါင်းများစွာလည်း အောင်မြင်မှုများစွာဖြင့် အားလုံးနှင့်အတူ ရပ်တည်သွားမှာဖြစ်ပါသည်။

#ABANK
#standingwithyou
#7yrAnniversary