fbpx

A bank မှ ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်ရှိ YGW မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ယနေ့ အားလုံးပီတိဖြစ်ရမည့် CSR လှုပ်ရှားမှုအစီအစဉ်လေးကို ဝမ်းမြောက်စွာမျှဝေလိုက်ပါသည်။
A bank မှ ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်ရှိ YGW မိဘမဲ့ကျောင်းသို့ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးရဲထွန်းဦးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ဖြင့် ၃၀.၁၁.၂၀၂၂ တွင် သွားရောက်ခဲ့ပါသည်။

A bank ၏ “Standing with our community together” လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူထုအကျိုးပြုလုပ်ငန်းများကို အချိန်နာရီပေါင်း ထောင်ချီပြီး ဆောင်ရွက်ရန် ချမှတ်ခဲ့ပြီး Youth Development အတွက် CSR လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါသည်။

A bank ရဲ့ အထူး Partner ဖြစ်သော Ocha Bubble Tea Myanmar မှ YGW အတွက် Bubble Tea ခွက်ပေါင်း ၇၀၀ ကို ပါဝင်လှူဒါန်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါသည်။

စာသင်ခန်းများနှင့် ထမင်းစားဆောင်အား ဆေးသုတ်မွန်းမံခြင်း အတွက် လိုအပ်သော လူအင်အား၊ ပစ္စည်း အထွေထွေကို A bank ဝန်ထမ်းများကိုယ်တိုင် ဦးစီးဆောင်ရွက်လှူဒါန်းပေးခဲ့ပြီး ကလေးလူငယ်များအတွက်လိုအပ်သော ကျောင်းသုံး ပရိဘောဂများ၊ ကစားစရာများ၊ အဝတ်အစားများ၊ မုန့်များနှင့် Hygiene ပစ္စည်းများကို A bank နှင့် ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းနိုင်ခဲ့ပါသည်။ အလှူဒါနအတွက် တဖက်တလှမ်း မှ ပံ့ပိုးပေးခဲ့သော A bank ဝန်ထမ်းများ၊ Fundraising Activity အတွက် သီချင်းဆိုတင်ဆက်ပေးခဲ့သော ဝန်ထမ်းများ၊ အားပေးခဲ့သော ဝန်ထမ်းပရိသတ်များ၊ ဖျော်ဖြေတင်ဆက်ရန်ကူညီပေးသော တီးဝိုင်းအဖွဲ့ဝင်များအား အထူးကျေးဇူးတင်ရှိပါသည်။

ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာခွန်အားမြှင့်တင်ရေးအတွက် A bank ဝန်ထမ်းများသည် ကလေးငယ်များနှင့်အတူ သီချင်းများသီဆိုခြင်း၊ လက်ရာဆေးပန်းချီဖန်တီးခြင်းနဲ့ အခြားသောပျော်ရွှင်စရာအစီအစဉ်များပြုလုပ်ခဲ့ပါည်။

နိုင်ငံ့အုတ်မြစ်ဖြစ်သော ကလေးသူငယ်များ ကောင်းမွန်စွာကြီးပြင်းလာဖို့ လိုအပ်သည့်အလျောက် မြန်မာနိုင်ငံရှိ အကောင်းဆုံးသောဘဏ်များအနက်မှ တစ်ခုဖြစ်သည့် A bank မှလည်း Youth Development တိုးတက်မှုများဖြစ်ပေါ်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးလျက်ရှိပါကြောင်း ဝမ်းမြောက်စွာ အသိပေးတင်ပြအပ်ပါသည်။