fbpx

COVID 19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ယခုအချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၌ COVID19 ရောဂါပိုးသည် နေ့စဉ်နှင့်အမျှ ကူးစက်ပျံ့နှံ့လျက်ရှိပါသည်။ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A bank) သည် မြန်မာနိုင်ငံသို့ရောဂါပိုးစတင် မဝင်ရောက်မီ ကာလကပင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ Business Continuity Plan (ဝန်ဆောင်မှုအား ဆက်လက်ပေးသွားနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည့် စီမံချက်) များအား ရေးဆွဲထားပြီးဖြစ်ပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါပိုးကာကွယ်ခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာကျင့်သုံးလျက်ရှိပြီး A bank ဝန်ထမ်းများနှင့် Customer များ အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။
A bank အား ပိုမိုအောင်မြင်တိုးတက်လာစေသည့် အဓိက အခန်းကဏ္ဍတစ်ခုတွင်ပါဝင်သော A bank ဝန်ထမ်းများနှင့် ဘဏ်သို့လာရောက်ကြသော Customer များအား ရောဂါပိုးကင်းရှင်းစေ ရန်အတွက် လေသန့်စက်များ တပ်ဆင်ပေးထားခြင်း၊ ဝန်ထမ်းများအား လက်သန့်ဆေးရည်နှင့် Mask များ အသုံးပြုစေခြင်း၊ Customer များ ဘဏ်ပရဝုဏ်သို့ ဝင်ရောက်ချိန်တွင် ကိုယ်အပူချိန်များ တိုင်း တာခြင်းနှင့် Customer Waiting Area များတွင် ၃ပေအကွာ နေရာယူစေခြင်း စသဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်ထားလျက်ရှိပါသည်။
ယခုလက်တလော ဖြစ်ပေါ်နေသော အခြေအနေကြောင့် လူကြီးမင်းများ အနေဖြင့် စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေကြသည်ကိုသိရှိနားလည်ပါသည်။ မည်သည့်အခြေအနေ အရပ် ရပ်ဖြစ်စေကာမူ A bank သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး Customer များ၏ ဘဏ်လုပ်ငန်းလိုအပ်ချက်များကို ကောင်းမွန် စွာ ဖြည့်ဆည်းပြီး Customer များနှင့် အတူတကွ ရပ်တည်ပေးရန် ကြိုးစားအားထုတ် လျက်ရှိပါသည်။A bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး ဘဏ်ဝန်ဆောင်မှုများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ A bank အသုံးပြုသူ လူကြီးမင်းများအနေဖြင့် COVID19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဘေးကင်းလုံခြုံစွာဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန်အတွက် A bank Mobile Banking ဝန်ဆောင်မှုအား 24/7 အသုံးပြုနိုင် မည်ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ ဘဏ်နှင့် ပတ်သက်သည့် အရေးပေါ် သတင်းထုတ်ပြန်ချက်များကို A bank Facebook Page တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွား မည်ဖြစ်ပါသည်။ ဤကဲ့သို့ မိမိတို့တစ်ကြိမ်မှ ကြုံတွေ့ဖူးခြင်း မရှိသော စိန်ခေါ်မှုပြင်းထန်သည့် အရေးပေါ်အခြေအနေကာလအတွင်း A bank နှင့်အတူ သည်းခံ၊ နားလည်စွာဖြင့် လက်တွဲဖြတ်ကျော်ပေးသော A bank အသုံးပြုသူ လူကြီးမင်းများကိုလည်း A bank မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။