fbpx

A bank ဝန်ထမ်းများနှင့် Customer များအတွက်ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A bank) အနေဖြင့် မိမိတို့၏ ဝန်ထမ်းများနှင့် A bank အသုံးပြုသူလူကြီးမင်းများ ဘဏ်သို့လာရောက်ရာတွင် ရောဂါပိုးကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလေးပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

– ဝန်ထမ်းများအားလုံးနှင့် Customer များ ဘဏ်အတွင်းသို့မဝင်ရောက်မှီကိုယ်အပူချိန်တိုင်းတာခြင်း။
– ရောဂါပိုးသည် လက်မှတဆင့်စတင်ကူးစက်တတ်သော ရောဂါဖြစ်သဖြင့် လက်သန့်ဆေးရည် (Hand Sanitizer) များအားစဉ်ဆက်မပြတ်ထားရှိပေးခြင်း။
– နှာခေါင်းမှတဆင့် ရောဂါပိုးဝင်ရောက်ခြင်းအား ကာကွယ်ရန်အတွက် မျက်နှာဖုံးများ (Face Mask) များနှင့် လက်အိတ်များအသုံးပြုစေခြင်း။
– Customer Waiting Area တွင် Social Distancing (လူတစ်ဦးနှင့် တစ်ဦးထိတွေ့မှုလျှော့ချခြင်း) အနေဖြင့်ခုံများအား (၃) ပေအကွာတွင် ထားရှိစေခြင်း။
– အရေးပေါ်အခြေအနေကာလတွင် ဘဏ်ခွဲအားလုံးတွင် သန့်ရှင်းမှုရှိစေရန်အတွက်သန့်ရှင်းရေးစနစ်အား တိုးမြှင့်ဆောင်ရွက်ထားစေခြင်း။
– မိမိတို့ဝန်ထမ်းများအား အလှည့်ကျစနစ်ကို အသုံးပြုကာအချိန်ခွဲ၍ ရုံးတက်စေခြင်း။
– ယခုကာလအတွင်း ရောဂါပိုးကူးစက်မှုများ လျှော့ချနိုင်ရန်အတွက် မိမိတို့ဘဏ်ဝန်ထမ်းများ၏ ခရီးသွားလာမှုများအား စည်းကမ်းချက်များနှင့် ညွှန်ကြားချက်များထုတ်ပြန်ထားခြင်း။ ယခုကာလအတွင်း ခရီးသွားပါက ကြိုတင်အသိပေးအကြောင်းကြားစေခြင်း။
– ထို့အပြင် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် လမ်းညွှန်ချက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

A bank အသုံးပြုသူ လူကြီးမင်းများအနေဖြင့် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် A bank Mobile Banking ဝန်ဆောင်မှုကို အသုံးပြု၍ မိမိတို့၏ဘဏ်စာရင်းများကို ၂၄ နာရီ စိတ်တိုင်းကျကြည့်ရှုစစ်ဆေးနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် A bank mobile banking ကို အသုံးပြု၍ မိမိအကောင့်အချင်းချင်း ငွေလွှဲပို့ခြင်းနှင့် မိမိအကောင့်မှ အခြားအကောင့်များသို့ ငွေလွှဲပို့ခြင်းများကိုအထူးဒေသမြို့ကြီးများမှ လွဲ၍ အခြားမြို့များသို့ဝန်ဆောင်မှု ကောက်ခံခြင်းမပြုဘဲ ငွေလွှဲခအခမဲ့ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါသည်။

ငွေစာရင်းလက်ကျန်ကိုစစ်ဆေးခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေပေးချေခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ အင်တာနက်ဘေလ်ဖြည့်ခြင်းစသော ငွေကြေးဝန်ဆောင်မှုများကို ၂၄/၇ လွယ်လွယ်ကူကူ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ဘဏ်ခွဲများသို့လာရောက်၍ ဝန်ဆောင်မှုများရယူလိုပါကလည်း ဖော်ရွေပျူဌာ၍ဝန်ဆောင်မှုကောင်းမွန်သော A bank ဝန်ထမ်းများမှ လူကြီးမင်းတို့၏ ဘဏ်လုပ်ငန်းကိစ္စအ၀၀ကို ဆောင်ရွက်ပေးရန် အသင့်ရှိနေပါသည်။

ယခုကဲ့သို့အရေးပေါ်အခြေအနေကာလအတွင်းတာဝန်ကျေပွန်စွာဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသော A bank ဝန်ထမ်းများနှင့် A bank အားယုံကြည်စွာဖြင့် အသုံးပြုပေးခဲ့ကြသော လူကြီးမင်းများအား A bank မိသားစုမှကျေးဇူးအထူးတင်ရှိပါသည်။

#Abank
#Standing_with_you
www.abank.com.mm