fbpx

A bank မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှု(အခမဲ့)ဖြင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအား လှူဒါန်းနိုင်ပါပြီ

Covid-19
ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ COVID-19 Vaccination Fund လှူဒါန်းလိုသူများ အနေဖြင့် A bank eBanking ဖြင့်သော်လည်းကောင်း နီးစပ်ရာ A bank ဘဏ်ခွဲများမှ သော်လည်းကောင်း ဝန်ဆောင်ခ “အခမဲ့”ဖြင့် (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ထည့်ဝင် လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

A bank eBanking မှတစ်ဆင့်လှူဒါန်းလိုသူများအနေဖြင့် A bank eBanking ကို Log in ဝင်၍ Bill payment မှတဆင့်
Covid-19
Vaccination Donation ကိုနှိပ်ပြီး ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။

” COVID-19 ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေအတွက် A bank eBanking နှင့် နီးစပ်ရာ A bank ဘဏ်ခွဲများမှတစ်ဆင့် တတပ်တအား ပါဝင်လှူဒါန်းကြပါစို့ “