fbpx

" Electricity & Energy Expo 2019 " ပြပွဲကြီးကို A bank မှ Gold Sponsor အဖြစ်ပံ့ပိုးကူညီ

မြန်မာနိုင်ငံ
ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း Myanmar Oli and Gas Services Society (MOGSS) မှ ကြီးမှူးကျင်းပသည့် Electricity and Energy Expo 2019 ပွဲအား နိုဝင်ဘာလ ၂၉ရက်နေ့မှ ဒီဇင်ဘာလ ၁ရက်နေ့အထိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ဖွင့်ပွဲကို ပြည်သူ့လွှတ်တော် ( လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ) ဥက္ကဌ ဦးကြည်မိုးနိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးအောင်ထူး ၊ ဦးအောင်ကြည်စိုး ( အထွေထွေအတွင်းရေးမှူး ၊ UMFCCI ) ၊ ဦးဝင်းတင် ( အတွင်းရေးမှူး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွါးရေးကော်မတီ) ၊ ဦးရဲမြတ်စိုး ( CEO ၊ A bank ) ၊ ဒေါက်တာအောင်ကျော်ထူး ( ဒုတိယဥက္ကဌ ၊ MOGSS ) ၊ ဒေါ်နှင်းဖြူဖြူအောင် (ဒုတိယဥက္ကဌ ၊ MOGSS ) ၊ ဦးအောင်ရဲစိုး ( အထွေထွေအတွင်းရေးမှူး ၊ MOGSS ) တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

#Abank
#Standing_with_you
#ElectricityandEnergy_Expo_2019
www.abank.com.mm