fbpx

မကွေးတိုင်းဒေသကြီးအစိုးရမှ A Bank အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

GAP
စနစ်ဖြင့် စိုက်ပျိုးထားသည့် နှမ်းသီးနှံများ စုပေါင်းရောင်းချမှုလုပ်ငန်းအောင်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့က မကွေးတိုင်းမြို့တော်ခန်းမတွင်
စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ A bank သို့ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၌
GAP
စနစ်ဖြင့်စိုက်ပျိုးထားသော နှမ်းသီးနှံများကို ကောင်းမွန်ခိုင်မာသည့် ဈေးကွက်ရရှိစေရေးအတွက် ( Public, Private, Partnership) ဖြင့်ပူးပေါင်းဆောင်ရွက်ရာတွင် မကွေး၊ မင်းဘူး၊ မင်းလှ နှင့် နတ်မောက်ရှိ ကျေးရွာ (၅၉) ရွာမှ တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်း(RFDA) အောက်ရှိ အသင်းဝင်တောင်သူစုစုပေါင်း (၃၀၄၅) ဦးပိုင်ဆိုင်သည့် နှမ်းစိုက်ပျိုး ဧက (၁၆၁၄၂) အား သွင်းအားစုများဝယ်ယူရန်နှင့် စိုက်ပျိုးစားရိတ်များ အတွက် DaNa Facilities ၊NAG ၊ICCO တို့ဖြင့်ပူပေါင်း၍ ချေးငွေစုစုပေါင်း (၉၅၇,၂၂၇,၁၄၄)ကျပ် ကို ဝန်ဆောင်မှုပေးခဲ့သောကြောင့် A bank အနေဖြင့်ယခုကဲ့သို့ဂုဏ်ပြုမှတ်တမ်းလွှာအားလက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။