fbpx

International Trade

တန်ဖိုးထားလေးစားအပ်ပါသော
Customer များရှင်….

လူကြီးမင်းတို့၏ သွင်းကုန်/ပို့ကုန်(Import/Export) လုပ်ငန်းများအတွက် နိုင်ငံတကာနှင့် ငွေပေးချေ/ငွေလက်ခံမှုများဆောင်ရွက်ရာတွင် A bank ၏ အောက်ဖော်ပြပါဝန်ဆောင်မှုများကို ရယူ၍ အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်….

Import LC/DA/DP Collection
(၁) နိုင်ငံတကာမှ ပစ္စည်းများမှာယူ/တင်သွင်းရန်အတွက် Import Letter of Credit(LC) ဖွင့်လှစ်၍ မှာယူ/တင်သွင်းနိုင်ခြင်း။
(၂) လူကြီးမင်းတို့၏ပစ္စည်းမှာယူ/တင်သွင်းခြင်းအတွက် ပေး ချေ ရမည့်တန်ဖိုးမှလိုအပ်ငွေအချို့ကို ဘဏ်မှ ခေတ္တယာယီ စိုက်ထုတ်ပေးချေပေးခြင်း။
(၃) တဘက်နိုင်ငံ၏ဘဏ်မှပေးပို့ပေးလာသော Import Bill Documents အပေါ်အခြေခံ၍ လက်ငင်း/ဆိုင်းငံ့စနစ်ဖြင့်ငွေကောက်ခံ /ပေးချေခြင်းအားဆောင်ရွက်ပေးခြင်း။
(၄) လူကြီးမင်းတို့၏ကုမ္ပဏီမှ မှာယူထားသည့် ပစ္စည်းများရောက်ရှိသော်လည်း Bill of Lading (BL) မူရင်းမရရှိသေးခင်ပစ္စည်းများဆိပ်ကမ်းမှထုတ်ယူရရှိအောင် BL copy ပေါ်မူတည်၍ ဘဏ်မှ Shipping Guarantee ထုတ်ပေးပြီးပစ္စည်းများကိုထုတ်ယူနိုင်ခြင်း။

Export LC/DA/DP Collection
(၁) နိုင်ငံတကာသို့ပစ္စည်းများတင်ပို့ခြင်းကို Under Export Letter of Credit(LC) ဖြင့် ဆောင်ရွက်နိုင်ခြင်း။
(၂) နိုင်ငံတကာသို့လူကြီးမင်းကုမ္ပဏီမှတင်ပို့မည့် ပစ္စည်းများ သင်္ဘောမတင်ပို့မီကုန်ကြမ်းပစ္စည်းများဝယ်ယူရန်အတွက်ငွေကြိုတင်ထုတ်ချေးခြင်း(Packing Credit)။
(၃) Under Export LC (သို့) DA/DP ကို အသုံးပြု၍ပစ္စည်းများသင်္ဘောတင်ပို့ပြီးပါက တဘက်နိုင်ငံ၏ဘဏ်မှငွေပေးပို့လာချိန်ကို စောင့်ဆိုင်းရန်မလိုဘဲ Export Bill Documents များဖြင့် ဘဏ်မှ ကြိုတင်ငွေထုတ်ပေးခြင်း(Bill Discounting) ။

Bank Guarantee
(၁) အစိုးရဌာနဆိုင်ရာရုံးများ၊ ကုမ္ပဏီများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO) များအတွက်လိုအပ်သောဘဏ်အာမခံများဖြစ်သည့် Tender Guarantee/Performance Guarantee စသည့်တို့ကိုဆောင်ရွက်ပေးခြင်း။

Foreign Remittance
(၁) နိုင်ငံတကာမှ တင်သွင်း/မှာ ယူထားသောပစ္စည်းများ(သို့) ဝန်ဆောင်မှုအတွက်ပေးချေရန်ရှိသည်များအတွက်သက်ဆိုင်ရာနိုင်ငံများသို့TT စနစ်ဖြင့်ငွေလွှဲဆောင်ရွက်ပေးခြင်း။
(၂) ရောက်ရှိပြီးသောပစ္စည်းများအတွက် သက်ဆိုင်ရာအထောက်အထားများ၊ Invoice များဖြင့် လိုအပ်သောငွေအချို့ကိုဘဏ်မှခေတ္တယာယီစိုက်ထုတ်၍ ပေးချေပေးခြင်း (Invoice Financing)။
(၃) နိုင်ငံတကာမှဝင်ရောက်လာသော ငွေလွှဲများကို ငွေလက်ခံမည့်သူ၏ ငွေစာရင်းထဲသို့လိုအပ်သည့် အချက်အလက်များနှင့်ပြည့်စုံပါက အချိန်နှင့်တပြေးညီ ထည့်သွင်းဆောင်ရွက်ပေးခြင်း။

အခန်း(၁၁၂/၁၁၃)၊ အမှတ်(၇၉၀)၊မြေညီထပ်၊ ဓနသီဟစင်တာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဒေါင့်၊ လမ်းမတော်မြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီး။
(+၉၅-၀၁) ၂၃၁၆၃၁၅
( +၉၅-၀၉) ၇၇၂၅၃၉၀၉၇~၈

Ayeyarwaddy Farmers Development Bank Limited (A bank)
Trade Center
No. 790, Room (112/ 113), Ground Floor, Dana Thiha Centre,
Corner of Bogyokeaungsan Road and Wardan Street, Lanmadaw Township,
Yangon, Myanmar.
Tel : +951-2316315, +959-772 539 097~8