
Lets Fight COVID19 Together
လတ်တလော ဖြစ်ပွါးနေသော COVID -19 ရောဂါအတွက် ကျန်းမာရေးဆိုင်ရာလုံခြုံမှု ရှိစေရန် A bank ဘဏ်ခွဲများအားလုံးတွင် လိုအပ်သော ကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား လုပ်ဆောင်လျက် ရှိပါသည်။ ယခင်စီစဉ်ဆောင်ရွက်ပြီးဖြစ်သော Customer များအတွက် လက်သန့်ဆေးရည် (Hand Sanitizer) များထားပေးခြင်း၊ လက်ဆေးရမည့်နေရာများ ဆောင်ရွက်ပေးထားခြင်း ၊ဘဏ်အတွင်းသို့ မဝင်ရောက်မှီ ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် social distancing အတွက် Customer များ တစ်ဦးနှင့်တစ်ဦးကြား ၃ပေမှ ၆ပေအကွာအဝေးအတွင်းသာ bank လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ရန် စီစဉ်ပေးခြင်းတို့အပြင် ရုံးချုပ်နှင့်ဘဏ်ခွဲများအားလုံးအား ပိုးသတ်ဆေးဖြန်းပေးခြင်း ၊ ဘဏ်ဝန်ထမ်းများအားလုံးအား နှာခေါင်းစည်း (mask) ၊ Hair Cap ၊ လက်အိတ် နှင့် (Face Shield) အကာအကွယ်များ တပ်ဆင်စေခြင်း ၊ ဝန်ထမ်းများ၏ ကြိုပို့ မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းပေးခြင်း ၊ ဘဏ်ခွဲများရှိ ကောင်တာများအား ပလတ်စတစ်အကြည်အကာများဖြင့် အကာအကွယ် ပြုလုပ်ပေးခြင်း အစရှိသည်တို့ကို ထပ်မံစီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဘဏ်သို့လာရောက်ကြသော Customer များ၏ ကျန်းမာရေးလုံခြုံမှုရှိရေးသည် ကျွန်ုပ်တို့ A bank မိသားစု၏ တန်ဖိုးထားရသည့် ပထမဦးစားပေးဖြစ်သည့်အတွက် COVID – 19 ရောဂါ မပြန့်ပွါးစေရန် ယခုကဲ့သို့ အကာအကွယ်များ ပြုလုပ်ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ လူကြီးမင်းတို့အတွက် ကျန်းမာရေးလုံခြုံမှုသည်အဓိကအရေးပါသည့်အတွက် ဝန်ဆောင်မှုပေးရာတွင် အခက်အခဲများရှိပါက ချစ်ခင်စွာဖြင့် ခွင့်လွှတ်နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ A bank အနေဖြင့် COVID – 19 နှင့်ပတ်သက်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အခြေအနေများအား စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး လိုအပ်သော လုပ်ဆောင်ချက်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ pandemic ကာလအတွင်း Customer များအားလုံး မိမိတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန် နှင့် ပျော်ရွှင် ကျန်းမာသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် ..
#Abank
#Standing_with_you
#Lets_Fight_COVID19_Together
www.abank.com.mm