fbpx

"Mask တပ်ဖို့ မမေ့ပါနဲ့"

COVID
– 19 ကာလအတွင်း မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက နှာခေါင်းစည်း (mask) ကို ဝတ်ဆင်သင့်ပါသည်။ Mask တပ်ခြင်းဖြင့် မိမိကိုယ်တိုင်ရော အများအတွက်ပါ ကာကွယ်ရာရောက်ပါသည်။ ကျန်းမာဘေးကင်းဖို့အတွက် mask ကို စနစ်တကျ ဘယ်လိုတပ်ဆင်ရမလဲဆိုတဲ့ အချက်လေးများကို ဖော်ပြပေးလိုက်ပါတယ် ..

– Mask မဝတ်ဆင်မီ လက်သန့်ဆေးရည် (သို့) ဆပ်ပြာနှင့်ရေဖြင့် လက်ဆေးပါ။
– ပါးစပ်နှင့်နှာခေါင်းကို Mask ဖြင့် သေချာဖုံးထားပါ။ မျက်နှာနှင့် Mask အကြား မဟနေရပါ။ အပေါ်ရှိ အလွှာအမာကို နှာခေါင်းတွင် ဖိချထားရန် ဖြစ်ပါသည်။
– Mask ဝတ်ဆင်ထားစဉ် လက်ဖြင့် မထိရ။ ထိမိပါက လက်ကို လက်သန့်ဆေးရည် (သို့) ဆပ်ပြာနှင့်ရေဖြင့် ပြန်လည်ဆေးကြောပါ။
– ဝတ်ဆင်ထားသော Mask စိုစွတ်သွားလျှင် အသစ်လဲလှယ် အသုံးပြုရပါမည်။
– အသုံးပြုထားပြီးသော Mask များကို ထပ်မံအသုံးမပြုပါနှင့် ။
– Mask ကို ဖယ်ရှားလိုပါက ဘေးသားရေကြိုးမှ ကိုင်ပြီး ချွတ်ပါ။ ရှေ့မျက်နှာပြင်ကို မထိပါနှင့်။ ချွတ်ပြီးပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။
– Mask ချွတ်ပြီးပါက လက်ကို လက်သန့်ဆေးရည် (သို့) ဆပ်ပြာနှင့်ရေဖြင့် စနစ်တကျ ပြန်လည်ဆေးကြောပါ။

အထက်ဖော်ပြပါ အချက်များအတိုင်း လိုက်နာပြီး Mask ကို စနစ်တကျ တပ်ဆင်ခြင်းဖြင့်
COVID
– 19 ရန်ကို ကာကွယ်ကြပါစို့။

#Abank
#Standing_with_you
#Let’s_Fight_
COVID
19_Together
#dosanddonts
#mask
www.abank.com.mm