fbpx

Trust Deposit ဝန်ဆောင်မှုအသစ်နှင့်အတိုးနှုန်းများ

A bank ၏ မိတ်ဟောင်း၊ မိတ်သစ် Customer များအတွက် အပ်ငွေ အတိုးနှုန်းများ ပိုမိုရရှိပြီး အပ်နှံငွေများကို စိတ်ချ ယုံကြည်စွာ စုဆောင်း နိုင်စေရန် ရည်ရွယ်၍ Trust Deposit ဝန်ဆောင်မှု အသစ်ကို A bank ဘဏ်ခွဲများတွင် ဖွင့်လှစ် ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။

Trust Deposit များ အပ်နှံရာတွင် ငွေသားအပ်နှံ၍ အကောင့် ဖွင့်လှစ်ရမည် ဖြစ်ပြီး အကောင့်တွင်းမှ ငွေသား ပြန်လည် ထုတ်ယူခြင်းနှင့် သတ်မှတ်ကာလ အတိုးနှုန်း ထုတ်ယူခြင်း များအတွက် ၁၀၀% အပြည့်အဝပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
Trust Deposit အပ်ငွေစာရင်းအသစ်များအား အောက်ဖော်ပြပါ အကောင့်အမျိုးအစားအလိုက် အတိုးနှုန်းများဖြင့် A bank ဘဏ်ခွဲတိုင်းတွင် စိတ်ချယုံကြည်စွာဖြင့်အပ်နှံထားနိုင်ပါသည်။

Trust Call
(၁)လ အတိုးနှုန်း—၆%

Trust Saving
(၁)လ အတိုးနှုန်း— ၈%

Trust Fixed
(၁)လ အတိုးနှုန်း—၈%
(၃)လ အတိုးနှုန်း—၈.၁၅%
(၆)လ အတိုးနှုန်း—၈.၄၅%
ရက်(၁၀၀) အတိုးနှုန်း —၈.၂၅%

***Trust Fixed ရက်(၁၀၀) အကောင့်ဖွင့်လှစ်အပ်နှံမည်ဆိုပါက အတိုးအား (upfront) ချက်ခြင်းပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။***