fbpx

31. ပေးချေရန်ရှိသောငွေပမာဏအား သတ်မှတ်ရက် (Due Date) တွင် ပြန်လည်ပေးချေခြင်း မပြုလုပ်ပါက မည်သို့ အကျိုးဆက်များ ဖြစ်နိုင်ပါသနည်း။

သက်ဆိုင်ရာစာရင်းရှင်းတမ်း၏
ပေးချေရန်အနည်းဆုံးငွေပမာဏအား နောက်ဆုံးပေးချေရက် (Due Date)   တွင် ပေးချေခြင်းမရှိပါက_

  • ရက်ပေါင်း (၃၀) (1st cycle overdue) အထိ ငွေပေးချေခြင်းမရှိသူအတွက် ပထမအဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာဖြစ်ပြီး အတိုးနှင့် နောက်ကျကြေးအား ပေးဆောင်ရမည်ဖြစ်၍ လာမည့်လစဥ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
  • ရက်ပေါင်း (၆၀) (2nd cycle overdue) အထိ ငွေပေးချေခြင်းမရှိသူအတွက် ဒုတိယအဆင့် ပျက်ကွက် သူအဖြစ် သတ်မှတ်မှာဖြစ်ပြီး ပေးချေရန်ရှိသောငွေအား ကတ်ကိုင်ဆောင်သူ ထံသို့ A bank မှ ဆက်သွယ်မေးမြန်းခြင်း၊ စာဖြင့်တောင်းဆိုမှုများပြုလုပ်ခြင်း တို့အပါအ၀င် အတိုးနှင့် နောက်ကျကြေး အား ပေးဆောင်ရမည်ဖြစ်၍ လာမည့်လစဥ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
  • ရက်ပေါင်း (၉၀) (3rd cycle overdue) အထိ ငွေပေးချေခြင်းမရှိသူအတွက် တတိယအဆင့် ပျက်ကွက်သူအဖြစ် သတ်မှတ်မှာဖြစ်ပြီး ကတ်သည် အလိုအလျောက်စနစ်ဖြင့် ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဥပဒေကြောင်းအရ အရေးယူမှုများ အကန့်အသတ်မရှိအပါအ၀င် ပြန်လည် ရရှိ‌ရေးအတွက် လိုအပ်သည်များကို စတင်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။