fbpx

၃၆။ အမြဲတမ်း (သို့) ယာယီ Credit Limit သတ်မှတ် ပမာဏ မြှင့်တင်ခြင်းအား မည်သို့ ဆောင်ရွက်ရမည်နည်း။

Credit Limit သတ်မှတ် ကြိုတင် အသုံးပြုငွေ ပမာဏ မြှင့်တင်ခြင်းအား နီးစပ်ရာ A bank ဘဏ်ခွဲတွင် လျှောက်ထား နိုင်ပါသည်။ ဥပမာ- သင်သည် ပြည်ပသို့ အလည်အပတ် သွားမည်ဆိုပါက ခရီးစဉ် အတောအတွင်းတွင် အသုံးပြုရန် အတွက် ယာယီ တိုးမြှင့်ပေးခြင်းအား လျှောက်ထား နိုင်ပါသည်။ (သို့) သင်၏ လစဉ်၀င်ငွေ ပမာဏ တိုးလာခြင်း အတွက် အမြဲတမ်း ပမာဏ တိုးမြှင့်ခြင်းအား လျှောက်ထား နိုင်ပါသည်။ သို့သော် ထိုလျှောက်ထားခြင်းများ အတွက် A bank မှ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများ လိုအပ်ပြီး မိမိ ကိုင်ဆောင်သော ကဒ် အမျိုးအစားအလိုက် ၀န်ဆောင်ခ နှုန်းထားများ ရှိပါသည်။ ထိုလျှောက်ထားခြင်းများ အတွက် အတည်ပြုရန် ရုံး လုပ်ငန်းစဉ် (၇) ရက် အထိ ကြာမြင့် နိုင်ပါသည်။