၃၂။ ပေးချေရန် ရှိသော ငွေပမာဏအား နောက်ဆုံး ပေးချေရက် (Due Date) အထိ ပြန်လည် ပေးချေခြင်း မပြုလုပ်ပါက မည်သို့ အကျိုးဆက်များ ဖြစ်နိုင်ပါသနည်း။
သက်ဆိုင်ရာ စာရင်း ရှင်းတမ်း၏ ပေးချေရန် အနည်းဆုံး ငွေပမာဏအား နောက်ဆုံးပေးချေရက် (Due Date) တွင် ပေးချေခြင်းမရှိပါက
- ရက်ပေါင်း (၃၀) (1st cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် ပထမ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး အတိုးနှင့် နောက်ကျကြေးအား ပေးဆောင်ရမည် ဖြစ်၍ လာမည့် လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၆၀) (2nd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် ဒုတိယ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ပေးချေရန် ရှိသော ငွေအား ကဒ် ကိုင်ဆောင်သူ ထံသို့ A bank ဆက်သွယ် မေးမြန်းခြင်း၊ စာဖြင့် တောင်းဆိုမှုများ ပြုလုပ်ခြင်း တို့ အပါအ၀င် ကဒ်၏ ဆက်လက် အသုံးပြုနိုင်ခြင်းအား ယာယီ ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၉၀) (3rd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် တတိယ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ကဒ်သည် အလိုအလျောက် စနစ်ဖြင့် ပိတ်ဆို့ သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဥပဒေကြောင်း အရ အရေးယူမှုများ အကန့်အသတ်မရှိ အပါအ၀င် ပြန်လည် ရရှိရေး အတွက် လိုအပ်သည်များကို စတင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။