fbpx

၂၇။ ပေးချေရန်ရှိသော ငွေပမာဏအား နောက်ဆုံး ပေးချေရက် (Due Date) အထိ ပြန်လည် ပေးချေခြင်း မပြုလုပ်ပါက မည်သို့ အကျိုးဆက်များဖြစ် နိုင်ပါသနည်း။

သက်ဆိုင်ရာ စာရင်းရှင်းတမ်း၏ ပေးချေရန် အနည်းဆုံး ငွေပမာဏအား နောက်ဆုံး ပေးချေရက် (Due Date) တွင် ပေးချေခြင်း မရှိပါက_

  • ရက်ပေါင်း (၃၀) (1t cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် ပထမအဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး အတိုးနှင့် နောက်ကျကြေးအား ပေးဆောင်ရမည် ဖြစ်၍ လာမည့် လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။
  • ရက်ပေါင်း (၆၀) (2nd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူအတွက် ဒုတိယအဆင့် ပျက်ကွက် သူအဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ပေးချေရန် ရှိသောငွေအား ကဒ်ကိုင်ဆောင်သူ ထံသို့ A bank မှ ဆက်သွယ် မေးမြန်းခြင်း၊ စာဖြင့် တောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ အပါအ၀င် ကဒ်၏ ဆက်လက် အသုံးပြုနိုင်ခြင်းအား ယာယီ ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျကြေး များလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
  • ရက်ပေါင်း (၉၀) (3rd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူအတွက် တတိယ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ကဒ်သည် အလိုအလျောက် စနစ်ဖြင့် ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဥပဒေ ကြောင်းအရ အရေးယူမှုများ အကန့်အသတ်မရှိ အပါအ၀င် ပြန်လည် ရရှိရေး အတွက် လိုအပ်သည်များကို စတင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။