၂၅။ အတိုးနှုန်း နှင့် Credit အသုံးပြုမှု ဆိုသည်မှာ အဘယ်နည်း။ မည်သို့ ကောက်ခံပါ သနည်း။
- လက်ရှိ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၄.၅%) နှင့် Credit အသုံးပြုမှု ကောက်ခံခြင်းမှာ တစ်နှစ်လျှင် (၁၁.၅%) ဖြစ်ပြီး နေ့စဉ် အသုံးပြုထားသော ပြန်လည် ပေးဆပ်ခြင်း မပြုသည့် ပမာဏပေါ်တွင် ကောက်ခံ မည်ဖြစ်သည်။ ထိုကောက်ခံခြင်းအား လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း ဘဏ်သို့ အပြည့်အဝ ပြန်လည်ပေးချေပါက အတိုး ကင်းလွတ် ခွင့်ခံစားရမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း အနည်းဆုံး ပမာဏ ပြန်လည် ပေးချေပါက လက်ကျန်ပေါ်တွင် အတိုးနှင့် Credit အသုံးပြုမှု ကောက်ခံမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း ဘဏ်သို့ မည်သည့် ပေးချေခြင်းမှ မပြုလုပ်လျှင် ပြန်လည် ပေးဆပ်ခြင်း မပြုသည့် ပမာဏပေါ်တွင် အတိုးနှုန်း တစ်နှစ်လျှင် (၁၄.၅%) နှင့် Credit အသုံးပြုမှု ကောက်ခံခြင်း အတွက် တစ်နှစ်လျှင် (၁၁.၅%) ကောက်ခံ မည်ဖြစ်သည်။