A bank VISA Credit Card
A Bank VISA Credit cards allow you to conveniently make payments or withdraw cash from your account. Here are the benefits of using A Bank VISA Credit card:
- Local and international transactions: You can use your VISA card for both local and international transactions, including shopping at stores and online retailers, as well as making payments for various services.
- ATM withdrawals: You can withdraw cash from ATMs worldwide, making it easy to access your funds whenever you need them.
- Subscriptions and online shopping: You can use your card for subscriptions like Netflix, HBO, and YouTube Premium, as well as for online shopping on e-commerce platforms, ensuring a seamless and secure payment experience.
- Point of Sale (POS) transactions: You can make payments at various Point of Sale terminals and utilize other services like hotel bookings, ride-sharing applications, and various other mobile apps, all while conveniently using your card for transactions.
- Emergency funds: In case of emergencies where you need quick access to funds, your A Bank VISA Credit card can provide you with a reliable source of financial assistance.
In summary, Bank VISA Credit cards offer you a versatile and convenient way to manage your finances, make payments, and access cash whenever and wherever you need it.



VISA Olympic Classic Credit Card | VISA Platinum Credit Card | VISA Signature Credit Card | |
Joining Fee/Card Fee | Principal – 5,000 MMK Supplementary – 5,000 MMK |
Principal – 30,000 MMK Supplementary – 10,000 MMK |
Principal – 50,000 MMK Supplementary – 25,000 MMK |
Annual Maintenance Fee | Principal – 20,000 MMK Supplementary – 5,000 MMK |
Principal – 90,000 MMK Supplementary – 30,000 MMK |
Principal – 12,000 MMK Supplementary – 60,000 MMK |
Minimum Monthly Income | 300,000 MMK | 1,500,000 | Exclusively for THE ICONIC Member |
Interest Rate | 14.5% p.a. | 14.5% p.a. | 14.5% p.a. |
Credit Usage | 11.5% p.a. | 11.5% p.a. | 11.5% p.a. |
Features
- Accepted at over 60 million VISA merchants worldwide, making it super versatile
- No need for an initial deposit or collateral – we’ve got you covered.
- Managing your card is a breeze with our user-friendly A+ Wallet app
Have peace of mind by easily locking/unlocking your card in case it’s lost or stolen through the A+ Wallet app. - Enjoy up to 45 days of interest-free spending!
- Pay your balance in full or go for the minimum amount – it’s your call.
- You can also get supplementary cards for your loved ones if you’re the principal cardholder. Sharing is caring!
Benefits
- Get the VIP treatment with VISA Global Customer Assistance Service (GCAS)!
- Exclusive perks await Platinum and Signature credit cardholders with VISA Worldwide Concierge Services.
- Score big with exciting promotions and offers from A bank and VISA.
- We’re here for you 24/7! Call our hotline anytime for all your A Card questions and concerns.
Eligibility Criteria
- Must be Myanmar Citizen
- At least 18 years of age for Primary Applicant and 16 years of age for Supplementary Applicant
- Must hold an Individual Current / Savings / Call Account at A bank
Required Documents
Employee | Self-Employed | Guarantor | Supplementary | |
KYC Information | ||||
2 Passport Photos (within 6 months) | ✓ | ✓ | ✓ | ✓ |
NRC Copy (front / back) | ✓ | ✓ | ✓ | ✓ |
Household Registration Copy | ✓ | ✓ | ||
Proof of Residence (Ward Recommendation / Guest Registration) | ✓ | ✓ | ||
Proof of Income | ||||
Letter of Employment Indicating Salary + Position | ✓ | ✓
(Employee) |
||
Pay Slip / Bank Statement / Sales Invoice (latest 3 months) | ✓ | ✓ | ||
Business License / DICA | ✓ | ✓
(Self-Employed) |
||
Tax Invoice (latest 1 year) | ✓ | |||
Financial Statement (latest 1 year) | ✓ |
How to Apply?
- Apply at any A bank branch with a guarantor and providing required documents.
- Application approval may take up to 14 business days to process.
- A bank will contact upon successful application through phone call
- Once you’re approved, it’s time to grab your card! You can pick it up at the branch you submitted your application
Repayment
A bank Credit Card repayment can be easily done via the following channels:
- A+ Wallet app
- Any A bank branch by cash, A bank cheque, or bank transfer
- By registering for Direct Debit Authorization
- Minimum repayment – 10% of outstanding amount or 10,000 MMK (whichever is higher)
FAQs
We wish to have drop down FAQs, if that is not possible, we should have a link that direct the users to download the files
VISA Signature Credit Card
Answer
A Bank Visa Signature Credit Card သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရန် (သို့) ငွေသားထုတ်ယူရန် အတွက် အဆင်ပြေ လွယ်ကူချောမွေ့စေပြီး ကမ္ဘာတစ်ဝှမ်း၌ အသုံးပြုနိုင်ရန် THE ICONIC အဖွဲ့ဝင်များ အတွက် အထူးသီးသန့် ထုတ်လုပ်ထားသော Credit Card ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပရှိ VISA Card လက်ခံသည့် စတိုးဆိုင်၊ စားသောက်ဆိုင်များတွင် ငွေသား သယ်ဆောင်စရာ မလိုဘဲ ကဒ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊ ATM မှ တစ်ဆင့် ငွေသားထုတ်ယူနိုင်ခြင်း၊ online တွင် ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်း တို့နှင့် အထူးသီးသန့် အကျိုးကျေးဇူးများ ခံစားခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
Answer
A bank တွင် VISA Classic, VISA Platinum နှင့် VISA Signature ဟူ၍ Credit Card (၃) မျိုး ထုတ်ဝေထားရှိပါသည်။ မိမိ၏ ဝင်ငွေပေါ်တွင် မူတည်၍ ကြိုက်နှစ်သက်ရာ ကဒ်အမျိုးအစားအား လျှောက်ထား နိုင်ပါသည်။
Answer
Credit Card လျှောက်ထားရန် စိတ်ပါဝင်စားသော မည်သူမဆို A bank မှ သတ်မှတ်ထားသော အချက်အလက်များနှင့် ပြည့်စုံပါက လျှောက်ထားနိုင်ပါသည်။
- THE ICONIC အဖွဲ့ဝင် ဖြစ်ရမည်။
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- Credit ကဒ် လျှောက်ထားသူမှာ အသက် (၁၈) နှစ်နှင့် အထက် ဖြစ်ရမည်။
အထက်ဖော်ပြပါ သတ်မှတ်ချက်များသည် A bank ၏ ဆုံးဖြတ်ချက် အရ ပြောင်းလဲနိုင်ပါသည်။ ကဒ်လျှောက်ထားခြင်း အောင်မြင်မှု အတွက် ကြိုတင်သုံးစွဲနိုင်သော သတ်မှတ် ပမာဏ ခွင့်ပြုချက်မှာ A bank ၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်ပါသည်။
Answer
နှုန်းထား အမျိုးအစား | ကဒ် အမျိုးအစား | VISA Signature |
ကဒ် လျှောက်လွှာကြေး | မူလ ကဒ် (principal) | ၅၀,၀၀၀ ကျပ် |
ဆင့်ပွား ကဒ် (supplementary) | ၂၅,၀၀၀ ကျပ် | |
ကဒ် နှစ်စဉ်ကြေး | မူလ ကဒ် (principal) | ၁၂၀,၀၀၀ ကျပ် |
ဆင့်ပွား ကဒ်(supplementary) | ၆၀,၀၀၀ ကျပ် |
Answer
A bank VISA Signature Credit Card ၏ မူရင်း ငွေကြေး အမျိုးအစားမှာ မြန်မာကျပ် (MMK) ဖြစ်ပါသည်။ ကဒ် စတင် ထုတ်ဝေသည့် နေ့မှစ၍ (၅) နှစ် သက်တမ်းရှိပြီး သက်တမ်း ကုန်ဆုံးမည့် လနှင့် နှစ်အား ကဒ်ပေါ်တွင် ဖော်ပြ ထားပါသည်။
Answer
Credit Limit ဆိုသည်မှာ Credit Card ဖြင့် ငွေပေးချေရာတွင် ဘဏ်မှ သတ်မှတ် ပေးထားသော ကြိုတင် သုံးစွဲနိုင်မှု ငွေကြေး ပမာဏအား ဆိုလိုပါသည်။ Customer မှ တင်ပြသော အထောက်အထားများပေါ် မူတည်၍ အများဆုံး Credit Limit ပမာဏအား ဘဏ်မှ ချမှတ် ပေးသွားမည် ဖြစ်ပါသည်။
Answer
- အထူးသီးသန့် ကမ်းလှမ်းခြင်း ဖြင့်သာ လျှောက်ထား နိုင်ပါသည်။
အထက် ဖော်ပြပါ သတ်မှတ်ချက် သည် A bank ၏ ဆုံးဖြတ်ချက် အရ ပြောင်းလဲ နိုင်ပါသည်။
Answer
- အထူးသီးသန့် ကမ်းလှမ်းခြင်း ဖြင့်သာ လျှောက်ထား နိုင်ပါသည်။
Answer
ဆင့်ပွားကဒ် (Supplementary Card) ဆိုသည်မှာ မူလ Credit ကဒ် ကိုင်ဆောင်သူနှင့် မည်သို့ ဆက်နွယ်သည့် Relationship အတွက်မဆို မူလ ကဒ်ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် Credit Limit အား မျှဝေအသုံး ပြုရသောကဒ် အမျိုးအစားဖြစ်ပါသည်။ ဆင့်ပွားကဒ်မှ အသုံးပြုထားသော ပြန်ပေးရန်ရှိ ငွေပမာဏအား မူလကတ်ကိုင် ဆောင်သူမှ ပေးချေရန် တာဝန် ရှိပါသည်။
Answer
ဆင့်ပွားကဒ်မှ အသုံးပြုထားသော ပြန်ပေးရန် ရှိငွေ ပမာဏအား ဘဏ်သို့ ပြန်လည် ပေးချေရန် မူလကဒ် ကိုင်ဆောင်သူမှ အပြည့်အဝ တာ၀န်ရှိပါသည်။
Answer
- အများဆုံး ဆင့်ပွားကဒ် (၂) ကဒ်အထိ လျှောက်ထား နိုင်ပါသည်။
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ဆင်ပွားကဒ် လျှောက်ထားသူမှာ အသက် (၁၆) နှစ်နှင့် အထက် ဖြစ်ရမည်။
အထက် ဖော်ပြပါ သတ်မှတ်ချက်များသည် A bank ၏ ဆုံးဖြတ်ချက်အရ ပြောင်းလဲနိုင်ပါသည်။
Answer
ဆင့်ပွားကဒ် (Supplementary Card) လျှောက်ထားခြင်း အတွက် မူလကဒ် ကိုင်ဆောင်သူနှင့် အတူ လာရောက် လျှောက်ထားရန် လိုအပ်ပြီး အချိန်မှီ စီစစ်နိုင်ရန် အောက်ဖော်ပြပါ လိုအပ်သော စာရွက် စာတမ်း မူရင်းများအား ယူဆောင် လာပါရန်နှင့် မိတ္တူအား တင်ပြပေးပါရန်။- (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂) ပုံ
- မှတ်ပုံတင် မိတ္တူ (အရှေ့/ အနောက်)
Answer
A bank Supplementary Card သီးခြား လျှောက်ထားခြင်း အတွက် နီးစပ်ရာ A bank ဘဏ်ခွဲတွင် လိုအပ်သော စာရွက်စာတမ်းများအား ယူဆောင်၍ မူလကဒ် ကိုင်ဆောင်သူနှင့် အတူ လျှောက်လွှာအား ပြည်စုံစွာ ဖြည့်စွက်၍ လျှောက်ထား နိုင်ပါသည်။ များမကြာမှီတွင် (A+ Wallet app) မှ တဆင့်လည်း A bank Supplementary Card အား လွယ်ကူ လျှင်မြန်စွာ လျှောက်ထား နိုင်မည် ဖြစ်ပါသည်။
Answer
A bank VISA Signature Credit Card ၏ အကျိုး ခံစားခွင့်များ ရရှိရန် ကဒ်အား ရရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း Activation ပြုလုပ်၍ စတင် အသုံးပြုရန် အကြံပြု ပါသည်။
Answer
A bank VISA Signature Credit Card အား မိမိကိုယ်တိုင် (A+ Wallet app) မှတစ်ဆင့် Activation ပြုလုပ်နိုင်ပါသည်။ A bank မှ သင့်ဖုန်းထဲသို့ Activation Code (၆) လုံးအား ပေးပို့မည် ဖြစ်ပါသည်။ Activation Code (၆) လုံးအား မှန်ကန်စွာ ရိုက်ထည့်ပြီးနောက် မိမိ ကြိုက်နှစ်သက်သော Card PIN (၆) လုံး သတ်မှတ်ပါ။
ကဒ်အား အောင်မြင်စွာ Activate ပြုလုပ်ပြီးနောက် ချက်ချင်း စတင် အသုံးပြု နိုင်ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် Activation ပြုလုပ်ပါရန်
- အဆင့် ၁ - A+ Wallet app အား ဒေါင်းလုပ် ပြုလုပ်ပါ။
- အဆင့် ၂ - A+ wallet account ဖွင့်ပြီး Level - 2 user မြှင့်တင်ပါ။ (Level-2 user ဖြစ်ရန် ရုံးလုပ်ငန်းချိန် ၄၈ နာရီ စောင့်ဆိုင်း ရပါမည်။)
- အဆင့် ၃ - A Card ထဲ၀င် ၍ သင်၏ ကဒ်အား My Cards ထဲတွင် Add Card ပြုလုပ်ပါ။
- အဆင့် ၄ - Activate ဆက်လက် ပြုလုပ်ပါ၊ Card PIN သတ်မှတ်ပါ။ ထို့နောက် စတင် အသုံးပြု နိုင်ပါသည်။
Answer
PIN ဆိုသည်မှာ ATMs တွင် ငွေသား ထုတ်ယူရာ၌ အသုံးပြုရသည့် ကိုယ်ပိုင် လျှို့ဝှက်နံပါတ် ဂဏန်း (၆) လုံး ဖြစ်ပါသည်။ A bank ၏ အားသာချက်မှာ A+ Wallet app အား အသုံးပြု၍ PIN အား သင်ကိုယ်တိုင် အချိန်မရွေး လုံခြုံစွာ ပြောင်းလဲနိုင်ခြင်း ဖြစ်ပါသည်။
Answer
သင်၏ PIN Lock ကျခြင်း အတွက် သင်ကိုယ်တိုင် နီးစပ်ရာ A bank ဘဏ်ခွဲသို့ သွား၍ PIN Unlock ပြုလုပ် ခြင်းအား တောင်းဆို နိုင်ပါသည်။ အတည်ပြုချက်များ တိုက်ဆိုင် စစ်ဆေးရန် အတွက် မှတ်ပုံတင် မူရင်း နှင့် သင်၏ A bank VISA Credit Card အား ယူဆောင် လာရမည် ဖြစ်ပါသည်။
Answer
A+ Wallet app အား အသုံးပြု၍ မိမိကိုယ်တိုင် Card PIN အသစ် ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည်။
Answer
- ဈေး၀ယ်ယူမှု ပေးချေခြင်း အတွက် ဝယ်ယူသည့် နေ့ပေါ်တွင် မူတည်၍ အနည်းဆုံး (၁၅) ရက်မှ အများဆုံး (၄၅) ရက် အထိ အတိုး ကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
- ငွေသား ထုတ်ယူခြင်း အတွက် အတိုး ကင်းလွတ်ခွင့် ကာလ ခံစားခွင့် မရရှိပါ၊ စတင် ငွေထုတ်ယူသည့် နေ့မှ စ၍ နေ့စဉ် အတိုး တွက်ချက်မည် ဖြစ်ပါသည်။
Answer
- လက်ရှိ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၄.၅%) နှင့် Credit အသုံးပြုမှု ကောက်ခံခြင်းမှာ တစ်နှစ်လျှင် (၁၁.၅%) ဖြစ်ပြီး နေ့စဉ် အသုံးပြု ထားသော ပြန်လည် ပေးဆပ်ခြင်း မပြုသည့် ပမာဏပေါ်တွင် ကောက်ခံ မည်ဖြစ်သည်။ ထိုကောက်ခံခြင်းအား လစဉ် စာရင်း ရှင်းတမ်းတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း ဘဏ်သို့ အပြည့်အဝ ပြန်လည် ပေးချေပါက အတိုး ကင်းလွတ်ခွင့် ခံစားရမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း အနည်းဆုံး ပမာဏ ပြန်လည် ပေးချေပါက လက်ကျန်ပေါ် တွင် အတိုးနှင့် Credit အသုံးပြုမှု ကောက်ခံမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း ဘဏ်သို့ မည်သည့် ပေးချေခြင်းမှ မပြုလုပ်လျှင် ပြန်လည် ပေးဆပ်ခြင်း မပြုသည့် ပမာဏပေါ်တွင် အတိုးနှုန်း တစ်နှစ်လျှင် (၁၄.၅%) နှင့် Credit အသုံးပြုမှု ကောက်ခံခြင်း အတွက် တစ်နှစ်လျှင် (၁၁.၅%) ကောက်ခံ မည်ဖြစ်သည်။
Answer
Billing statement date သည် လစဉ် လတိုင်း၏ (၂၅) ရက်နေ့ ဖြစ်ပြီး A bank မှ e-statement အား အီးမေးလ် မှတစ်ဆင့် ပို့ပေးမည် ဖြစ်သည်။ e-statement date သတ်မှတ်ချက်သည် A bank ၏ ဆုံးဖြတ်ချက်အရ ပြောင်းလဲနိုင်ပြီး ထိုပြောင်းလဲမှုတိုင်း အတွက် သင့်အား အကြောင်းကြား ပေးမည် ဖြစ်ပါသည်။
Answer
A bank မှ ပေးပို့သော e-statement တွင် ဘဏ်သို့ ပြန်လည် ပေးချေရမည့် စုစုပေါင်း ပမာဏနှင့် နောက်ဆုံး ပေးချေရမည့် ရက် (Due Date) ကို ဖော်ပြထားပါသည်။
Answer
A bank VISA Signature Credit Card အား ငွေပြန်လည် ပေးချေရန် ရွေးချယ်စရာ (၂) မျိုးရှိပါသည်။ ၎င်းတို့မှာ_
- အနည်းဆုံး ပေးချေခြင်း - ၁၀,၀၀၀ ကျပ် (သို့) ပြန်လည် ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (ဥပမာ ၅၀,၀၀၀ ကျပ် သုံးစွဲထားလျှင် ၅,၀၀၀ ကျပ်သာ ပေးချေ၍ မရပါ။ ၁၀,၀၀၀ ကျပ် အနည်းဆုံး ပေးချေရမည်။ ၁၀,၀၀၀ ကျပ် အောက် လျော့နည်းသော ပမာဏ အသုံးပြုထားပါက သုံးထားသည့် ပမာဏအတိုင်း ပြန်လည်ပေးချေရန် လိုအပ်ပါသည်။
- အပြည့်အဝ ပေးချေခြင်း - ပြန်လည် ပေးချေရမည့် ငွေပမာဏ၏ (၁၀၀%)
မိမိ နှစ်သက်ရာ လစဉ် ပေးချေနည်းဖြင့် A+ Wallet App (သို့) နီးစပ်ရာ ဘဏ်ခွဲ (သို့) သင့်ဘဏ်စာရင်းမှ အလိုအလျှောက် ငွေပေးချေခြင်း ညွှန်ကြားချက် Direct Debit (DD) တို့ဖြင့် ဘဏ်သို့ ငွေ ပြန်လည် ပေးချေ နိုင်ပါသည်။
Answer
- Direct Debit (DD) အလိုအလျောက် ငွေနုတ်ယူခြင်း ဝန်ဆောင်မှုသည် A bank Credit Card ကိုင်ဆောင် သူ များ ဘဏ်သို့ လစဉ် အချိန်မှီ ပေးချေရာတွင် အချိန်ကုန် သက်သာ၍ အဆင်ပြေစေသော နည်းလမ်းတစ်ခု ဖြစ်ပါ သည်။
- Direct Debit (DD) ဝန်ဆောင်မှုအား ရယူထားပါက ဘဏ်သို့ ပေးရန်ရှိ စာရင်းရှင်းတမ်း ငွေ ပမာဏ၏ (အနည်းဆုံး (သို့) အပြည့်အဝ) ပေးချေခြင်း အမျိုးအစား အလိုက် နောက်ဆုံး ပေးချေရက် (Due Date) တွင် ၄င်း၏ ဘဏ်စာရင်းထဲမှ အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ပြီး ထိုငွေပေးချေမှု အတွက် ၎င်း၏ Credit Card ထဲသို့ အချိန်နှင့် တစ်ပြေးညီ ငွေပြန်လည် ထည့်သွင်းပေးပါသည်။
(မှတ်ချက်။ ။ နောက်ဆုံး ပေးချေရက် Due Date တွင် Direct Debit (DD) ၀န်ဆောင်မှု ယူထားသော Bank Account ထဲတွင် (အနည်းဆုံး (သို့) အပြည့်အဝ) ပေးချေခြင်း အမျိုးအစား အလိုက် ငွေအလုံအလောက် ရှိရပါမည်။)
Answer
အနည်းဆုံး ပေးချေရမည့် ငွေပမာဏ (minimum payment due) ဆိုသည်မှာ ဘဏ်သို့ ပေးချေရမည့် အနည်းဆုံး ပမာဏကို ဆိုလိုပါသည်။ စုစုပေါင်း စာရင်းပိတ် ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (သို့) (၁၀,၀၀၀) ကျပ် (ပိုများသော ပမာဏ) အား လစဉ် စာရင်းရှင်းတမ်း တွင် ဖော်ပြထား ပါသည်။
Answer
နောက်ကျကြေး ဆိုသည်မှာ နောက်ဆုံး ပေးချေ ရမည့်ရက် (Due Date) တွင် လစဉ် အနည်းဆုံး ပေးချေရမည့် ငွေပမာဏအား ဘဏ်သို့ ပြန်လည် ပေးချေခြင်း မပြုပါက ကောက်ခံသော နှုန်းထားတစ်ခု ဖြစ်ပါသည်။ နောက်ကျကြေး မပေးလိုပါက နောက်ဆုံး ပေးချေရမည့် ရက်တွင် အနည်းဆုံး ပေးချေရမည့် ပမာဏအား ဘဏ်သို့ အချိန်မှီ ပြန်လည် ပေးချေရန် လိုအပ်ပါသည်။
Answer
သက်ဆိုင်ရာ စာရင်းရှင်းတမ်း၏ ပေးချေရန် အနည်းဆုံး ငွေပမာဏအား နောက်ဆုံး ပေးချေရက် (Due Date) တွင် ပေးချေခြင်း မရှိပါက_
- ရက်ပေါင်း (၃၀) (1t cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် ပထမအဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး အတိုးနှင့် နောက်ကျကြေးအား ပေးဆောင်ရမည် ဖြစ်၍ လာမည့် လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၆၀) (2nd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူအတွက် ဒုတိယအဆင့် ပျက်ကွက် သူအဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ပေးချေရန် ရှိသောငွေအား ကဒ်ကိုင်ဆောင်သူ ထံသို့ A bank မှ ဆက်သွယ် မေးမြန်းခြင်း၊ စာဖြင့် တောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ အပါအ၀င် ကဒ်၏ ဆက်လက် အသုံးပြုနိုင်ခြင်းအား ယာယီ ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျကြေး များလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၉၀) (3rd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူအတွက် တတိယ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ကဒ်သည် အလိုအလျောက် စနစ်ဖြင့် ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဥပဒေ ကြောင်းအရ အရေးယူမှုများ အကန့်အသတ်မရှိ အပါအ၀င် ပြန်လည် ရရှိရေး အတွက် လိုအပ်သည်များကို စတင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
Answer
ငွေသား ထုတ်ယူခြင်းနှင့် ဈေးဝယ်ယူခြင်း အသုံးပြုမှု တို့အတွက် A bank ၏ ကန့်သတ်ချက် ပမာဏများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
- ငွေသား ထုတ်ယူမှု - သတ်မှတ် ကြိုတင် အသုံးပြုငွေ (Credit Limit) ၏ (၃၀%)
- ဈေး၀ယ်ယူမှု - သတ်မှတ် ကြိုတင် အသုံးပြုငွေ (Credit Limit) ၏ (၁၀၀%)
Answer
A bank VISA Credit Card အသုံးပြုရာတွင် စသည့် အောက်ပါ အကြောင်းရင်း များကြောင့် အသုံးပြုခြင်း မအောင်မြင် ဖြစ်နိုင်ပါသည်။ ၄င်းတို့မှာ
- ကဒ် Activate မပြုလုပ် ရသေးခြင်း။
- PIN နံပါတ် မှားယွင်း အသုံးပြုခြင်း။
- အသုံးပြုမှု အတွက် သင်၏ ကဒ်ထဲတွင် ငွေလုံလောက်မှု မရှိခြင်း။
- ATM နှင့် POS စက်များတွင် နေ့စဉ် အသုံးပြုမှု ကန့်သတ် ပမာဏ/အကြိမ် ကို ကျော်လွန် အသုံးပြုခြင်း။ Online ပေးချေမှုတွင် Expiry Date (သို့) CVV လျို့ ဝှက်နံပါတ် မှားယွင်း ထည့်သွင်းခြင်း။
- Online ပေးချေမှု အတွက် OTP ပို့ရန် ဘဏ်သို့ ပေးထားသော အချက်အလက်များနှင့် လက်ရှိ အသုံးပြုနေသော အချက်အလက်များမှာ ကိုက်ညီမှု မရှိခြင်း။ OTP မရောက်ခြင်း ဖြစ်ပေါ်နိုင် ပါသည်။
- ကဒ်အား အသုံးပြုခွင့် ပိတ်ထားခြင်း (သို့) သက်တမ်း ကုန်ဆုံးနေခြင်း။
Answer
အတိုးနှုန်း (Purchase & Cash Advance) | ၁၄.၅% (တစ်နှစ်လျှင်) |
Credit အသုံးပြုမှု | ၁၁.၅% (တစ်နှစ်လျှင်) |
နောက်ကျကြေး | ၂% (အနည်းဆုံး ငွေပမာဏ မပေးချေလျှင် လက်ကျန်ငွေ ပမာဏပေါ်တွင်) |
စာတိုပို့ခ | ၃,၀၀၀ ကျပ် (တစ်နှစ်လျှင်) |
ATM တွင် ငွေသားထုတ်ယူခြင်း | A bank ATM – ငွေသား ထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် ပြည်တွင်း ATM – ငွေသား ထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် + အခြားဘဏ်မှ သတ်မှတ်နှုန်းထားများ ပြည်ပ ATM – ငွေသား ထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် + အခြားပြည်ပ ATM မှ ကောက်ခံသော နှုန်းထားများ |
Answer
VISA လက်ခံသော မည်သည့် နေရာတွင်မဆို မြန်မာကျပ်ဖြင့်သာ ပေးချေနိုင်သော (POS/ ATM/ local website) များတွင် အသုံးပြုရာ၌ သတ်မှတ် နှုန်းထားများ အပြင် မည့်သည့် အပို ထပ်ဆောင်းကြေးများ ကောက်ခံခြင်း မရှိပါ။ သို့သော် နိုင်ငံခြားငွေ ဖြင့်သာ ပေးချေနိုင်သော (POS/ ATM/ international website) များတွင် အသုံးပြုရာ၌ သတ်မှတ်နှုန်းထားများ အပြင် cross-border service fees (Markup Fee) ထပ်မံ ကောက်ခံသွားမည် ဖြစ်ပါသည်။ (ဘဏ်မှ ကြိုတင် အသိပေးခြင်းမရှိပဲ Markup Fee အပြောင်းအလဲ များရှိနိုင်ပါသည်။)
Answer
Credit Limit သတ်မှတ် ကြိုတင် အသုံးပြု ငွေပမာဏ မြှင့်တင်ခြင်းအား နီးစပ်ရာ A bank ဘဏ်ခွဲတွင် လျှောက်ထား နိုင်ပါသည်။ ဥပမာ- သင်သည် ပြည်ပသို့ အလည်အပတ် သွားမည်ဆိုပါက ခရီးစဉ် အတောအတွင်းတွင် အသုံးပြုရန် အတွက် ယာယီ တိုးမြှင့်ပေးခြင်းအား လျှောက်ထား နိုင်ပါသည်။ (သို့) သင်၏ လစဉ်၀င်ငွေ တိုးလာခြင်း အတွက် အမြဲတမ်း ပမာဏ တိုးမြှင့်ခြင်းအား လျှောက်ထား နိုင်ပါသည်။ သို့သော် ထိုလျှောက်ထားခြင်းများ အတွက် A bank မှ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထား များလို အပ်ပြီး မိမိ ကိုင်ဆောင်သော ကဒ် အမျိုးအစား အလိုက် ၀န်ဆောင်ခ နှုန်းထားများ ရှိပါသည်။ ထိုလျှောက်ထားခြင်းများ အတွက် အတည်ပြုရန် ရုံးလုပ်ငန်းစဉ် (၇) ရက်အထိကြာမြင့်နိုင်ပါသည်။
Answer
VISA Pay Wave သည် နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားပြီး ရိုးရှင်းသော ငွေပေးချေမှု ဖြစ်သောကြောင့် လွယ်ကူ၍ “Tap” ထိရုံဖြင့် လက်မှတ် (သို့) PIN မလိုအပ်ပဲ လုံခြုံစိတ်ချစွာ အလျှင်အမြန် ငွေပေးချေနိုင်ခြင်း ဖြစ်ပါသည်။
Answer
A bank Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းများ ဖြစ်ပွားပါက သင်၏ A+ Wallet app ထဲ သို့ပင်၍ သင်ကိုယ်တိုင် မည်သူမှ အသုံးပြု၍ မရနိုင်အောင် လုံခြုံစိတ်ချစွာ လော့ခ် (Lock) ပြုလုပ် နိုင်ပါသည်။ (သို့မဟုတ်) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ဆက်သွယ် အကြောင်းကြားခြင်း၊ နီးစပ်ရာ ဘဏ်ခွဲသို့ သွားခြင်းဖြင့် မည်သို့ ပျောက်ဆုံးကြောင်း အတည်ပြုချက်များအား ဖြေဆို၍ ကဒ်အား ယာယီ ပိတ်ထား နိုင်ပါသည်။ ထို့နောက် သင်၏ ကဒ် လုံး၀ ပြန်လည် မတွေ့ရှိပါက နီးစပ်ရာ ဘဏ်ခွဲမှ တစ်ဆင့် အစားထိုး ကဒ်အား ပြန်လည် လျှောက်ထားနိုင်ပါသည်။
Answer
A bank Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းမှ ပြန်လည် တွေ့ရှိလျှင် သင်၏ A+ Wallet app ထဲသို့ ပင်၍ သင်ကိုယ်တိုင် လော့ခ်ဖြည်ခြင်း (Unlock Card) ပြုလုပ် နိုင်ပါသည်။ (သို့) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် အကြောင်းကြားခြင်း၊ နီးစပ်ရာ ဘဏ်ခွဲသို့ သွားခြင်းဖြင့် မည်သို့ ပြန်လည် တွေ့ရှိ ကြောင်း အတည်ပြုချက်များအား ဖြေဆို၍ ကဒ်အား ယာယီ ပိတ်ထားခြင်းမှ ပြန်လည် ဖွင့်နိုင်ပါသည်။
Answer
A bank Credit Card ပျက်စီး၊ ပျောက်ဆုံး (သို့) အခိုးခံရခြင်းများ ဖြစ်ပွားခြင်းတို့ အတွက် အစားထိုးကဒ် လျှောက်ထားလိုပါက နီးစပ်ရာ ဘဏ်ခွဲတွင် သွားရောက် လျှောက်ထားနိုင် ပါသည်။ သင်၏ ကဒ် အဟောင်း အား ဘဏ်မှ ပယ်ဖျက်၍ ကဒ် အသစ် ထုတ်ပေးခြင်း အတွက် ရုံးလုပ်ငန်းစဉ် (၇) ရက်အတွင်း ရရှိမည် ဖြစ်ပါသည်။
Answer
A bank သည် သင်၏ ကဒ် သက်တမ်း ကုန်ဆုံးရက် မတိုင်မှီ ကဒ် သက်တမ်းတိုးခြင်း ပြုလုပ်ရန် (၇) ရက် ကြိုတင်၍ SMS ဖြင့် အကြောင်းကြား ပေးမည် ဖြစ်ပါသည်။ သက်တမ်း တိုးမှု ပြုလုပ်လိုပါက နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်၍ ကဒ် သက်တမ်း တိုးခြင်းအား လျှောက်ထား နိုင်ပါသည်။ သို့သော် A bank နှင့် credit history ကောင်းမွန်သော Customers များအား A bank မှ ဆက်သွယ်၍ အလိုအလျောက် ကဒ် သက်တမ်း တိုး၍ ထုတ်ပေးသွား မည်ဖြစ်ပါသည်။
Answer
ကဒ် အမျိုးအစား | VISA Signature |
မူလကဒ် (၀န်ဆောင်ခ) | ၂၅,၀၀၀ ကျပ် |
ဆင့်ပွားကဒ် (၀န်ဆောင်ခ) | ၂၅,၀၀၀ ကျပ် |
Answer
နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်၍ မိမိ ပြန်ပေးရန် ရှိသော လက်ကျန်များအား အကြေ ပြန်လည် ပေးချေပြီး ကဒ် အပြီးတိုင် ပိတ်သိမ်းခြင်းကို လျှောက်ထားနိုင်ပါသည်။ မူလကဒ်အား ဖျက်သိမ်းပါက ဆင့်ပွားကဒ် များသည်လည်း တစ်ပါတည်း ဖျက်သိမ်း သွားမည် ဖြစ်ပါသည်။
Answer
လစဉ် စာရင်းရှင်းတမ်းအား အီးမေးလ်မှ တစ်ဆင့် မရရှိခဲ့ပါက ထိုပြဿနာအား ဖြေရှင်းရန် နီးစပ်ရာ A bank ဘဏ်ခွဲ (သို့) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။
Answer
နှုန်းထားများ အသစ်ပြောင်းလဲခြင်းနှင့် အထွေထွေ သိရှိလိုသည်များ အတွက် A bank Call Center ဖုန်း (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် မေးမြန်းခြင်း (သို့) A bank ၀ဘ်ဆိုဒ် (website) (www.abank.com) တွင်၀င်ရောက် ကြည့်ရှု့ခြင်း တို့ ပြုလုပ် နိုင်ပါသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပြင်ဆင်လိုပါက နီးစပ်ရာ A bank ဘဏ်ခွဲသို့ သွားရောက် ပြင်ဆင် လျှောက်ထားနိုင်ပါသည်။
Answer
ကဒ်အား ATM မှ သိမ်းသွားခြင်း အတွက် ပြန်လည် ထုတ်ယူဖို့ အကူအညီ ရယူရန် အတွက် A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် အကြောင်းကြား နိုင်ပါသည်။
Answer
A bank Credit Card စည်းမျဉ်း စည်းကမ်း (Terms and Conditions) များကို ဖတ်ရှု နိုင်ပါသည်။
VISA Classic & Platinum Credit Card
Answer
A bank Visa Credit Card သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အတွက် ငွေပေးချေရန် (သို့) ငွေသား ထုတ်ယူရန် အတွက် အဆင်ပြေ လွယ်ကူ ချောမွေ့စေပြီး ကမ္ဘာတစ်ဝှမ်း၌ အသုံးပြုနိုင်သော Credit ကဒ် ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပရှိ VISA Card လက်ခံသည့် စတိုးဆိုင်၊ စားသောက်ဆိုင်များတွင် ငွေသား သယ်ဆောင်စရာ မလိုပဲ ကဒ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊ ATM မှတစ်ဆင့် ငွေသား ထုတ်ယူနိုင်ခြင်း၊ online တွင် ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်း တို့နှင့် မိမိ ကိုင်ဆောင်သော ကဒ် အမျိုးအစားအလိုက် အကျိုး ကျေးဇူးများ ခံစားခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
Answer
A bank တွင် VISA Classic, VISA Platinum နှင့် VISA Signature ဟူ၍ Credit Card (၃) မျိုး ထုတ်ဝေ ထားရှိပါသည်။ မိမိ၏ ဝင်ငွေပေါ် မူတည်၍ ကြိုက်နှစ်သက်ရာ ကဒ် အမျိုးအစားအား လျှောက်ထား နိုင်ပါသည်။
Answer
VISA Classic
- A bank နှင့် VISA မှ ပေးသော ကမ္ဘာတစ်ဝှမ်းရှိ Merchants များတွင် အများဆုံး (၁၅%) Discounts အထိ အကျိုး ခံစားခွင့်များ ရရှိခြင်း။
- ပြည်ပတွင် VISA မှ သတ်မှတ် Global Customer Assistance Service (GCAS) ကို အသုံးပြုနိုင်ခြင်း။
VISA Platinum
- A bank နှင့် VISA မှ ပေးသော ကမ္ဘာတစ်ဝှမ်းရှိ Merchants များတွင် အများဆုံး သီးသန့် (၂၅%) Discounts အထိ အကျိုး ခံစားခွင့်များ ရရှိခြင်း။
- ပြည်ပတွင် VISA မှ သတ်မှတ် Global Customer Assistance Service (GCAS) ကိုအသုံး ပြုနိုင်ခြင်း။
- Platinum အထူး အကျိုး ခံစားပိုင်ခွင့်များ ရရှိခြင်း။
- VISA Worldwide Concierge Service (24/7) ကိုလည်း ရရှိခြင်း။
Answer
A bank VISA Credit အသုံးပြုခြင်း အတွက် အောက်ပါ အကျိုး ကျေးဇူးများစွာ ရရှိမှာ ဖြစ်ပါသည်။ ၄င်းတို့မှာ
- နီးစပ်ရာ မည့်သည့် A bank ဘဏ်ခွဲတွင်မဆို အလွယ်တကူ လျှောက်ထားနိုင်ခြင်း။
- မည့်သည့် Deposit (သို့) Collateral များပေးရန် မလိုဘဲ လျှောက်ထားနိုင်ခြင်း။
- မူလကဒ် ပိုင်ရှင်၏ မိသားစု၀င်များ သာမက မည့်သို့ ဆက်နွယ်သည့် Relationship အတွက် မဆို ဆင့်ပွားကဒ် လျှောက်ပေးနိုင်ခြင်း။
- A+ Wallet app တွင် ကဒ်နှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်ခြင်း။
- ကဒ်ပျောက်ဆုံးပါက ဘဏ်အား ဆက်သွယ်စရာမလိုပဲ A+ Wallet app တွင် အလျှင်အမြန် လွယ်ကူစွာ Lock ချ၍ ကာကွယ် စီမံနိုင်ခြင်း။
- VISA Worldwide Concierge Service (24/7) နှင့် Global Customer Assistance Service (GCAS) အားရရှိခြင်း။
- ကမ္ဘာ တစ်ဝှမ်းတွင် A bank VISA ကဒ်ဖြင့် ငွေပေးချေရာတွင် အထူး လျော့ဈေးများ ခံစားခွင့် ရရှိခြင်း။
- A Card ဝန်ဆောင်မှုနှင့် ပတ်သက်သော စုံစမ်း မေးမြန်းမှုများ အတွက် ဖြေကြားပေးနိုင်ရန် (24/7) customer service ထားရှိခြင်း။
Answer
Credit Card လျှောက်ထားရန် စိတ်ပါ၀င်စားသော မည်သူမဆို A bank မှ သတ်မှတ်ထားသော အချက်အလက် များနှင့် ပြည့်စုံပါက လျှောက်ထားနိုင်ပါသည်။
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- Credit ကဒ် လျှောက်ထားသူမှာ အသက် (၁၈) နှစ်နှင့် အထက် ဖြစ်ရမည်။
- Classic ကဒ် လျှောက်ထားသူမှာ - အနည်းဆုံး လစဉ် ၀င်ငွေ (၃၀၀,၀၀၀) ကျပ်ရှိရမည်။
- Platinum ကဒ် လျှောက်ထားသူမှာ - အနည်းဆုံး လစဉ် ၀င်ငွေ (၁,၅၀၀,၀၀၀) ကျပ်ရှိရမည်။
အထက်ဖော်ပြပါ သတ်မှတ်ချက်များသည် A bank ၏ ဆုံးဖြတ်ချက်အရ ပြောင်းလဲ နိုင်ပါသည်။ ကဒ် လျှောက်ထားခြင်း အောင်မြင်မှု အတွက် ကြိုတင် သုံးစွဲနိုင်သော သတ်မှတ် ပမာဏ ခွင့်ပြုချက်မှာ A bank ၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်ပါသည်။
Answer
နှုန်းထား အမျိုးအစား | ကဒ် အမျိုးအစား | VISA Classic | VISA Platinum |
ကဒ် လျှောက်လွှာကြေး | မူလကဒ် (principal) | ၅,၀၀၀ ကျပ် | ၃၀,၀၀၀ ကျပ် |
ဆင့်ပွားကဒ် supplementary) | ၅,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် | |
ကဒ် နှစ်စဉ်ကြေး | မူလကဒ် (principal) | ၂၀,၀၀၀ ကျပ် | ၉၀,၀၀၀ ကျပ် |
ဆင့်ပွားကဒ် (supplementary) | ၅,၀၀၀ ကျပ် | ၃၀,၀၀၀ ကျပ် |
Answer
A bank VISA Credit Card ၏ မူရင်း ငွေကြေး အမျိုးအစားမှာ မြန်မာကျပ် (MMK) ဖြစ်ပါသည်။ ကဒ် စတင် ထုတ်ဝေသည့် နေ့မှစ၍ (၅) နှစ် သက်တမ်းရှိပြီး သက်တမ်း ကုန်ဆုံးမည့် လနှင့် နှစ်အား ကဒ်ပေါ်တွင် ဖော်ပြထားပါသည်။
Answer
Credit Limit ဆိုသည်မှာ Credit Card ဖြင့် ငွေပေးချေရာတွင် ဘဏ်မှ သတ်မှတ် ပေးထားသော ကြိုတင် သုံးစွဲနိုင်မှု ငွေကြေး ပမာဏအား ဆိုလိုပါသည်။ Customer မှ တင်ပြသော အထောက်အထားများပေါ် မူတည်၍ အများဆုံး Credit Limit ပမာဏအား ဘဏ်မှ ချမှတ်ပေးသွားမည် ဖြစ်ပါသည်။
Answer
A bank VISA Credit Card လျှောက်ထားခြင်း အတွက် အချိန်မှီ စီစစ်နိုင်ရန် အောက်ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်း မူရင်းများအား ယူဆောင် လာပါရန်နှင့် မိတ္တူအား တင်ပြပေးပါရန်။
ဝန်ထမ်း |
ကိုယ်ပိုင် လုပ်ငန်းရှင် | ထောက်ခံသူ | ဆင့်ပွားကဒ် လျှောက်ထားသူ | |
A bank တစ်ဦးတည်း စာရင်း (ငွေစုဘဏ် စာရင်း၊ စာရင်းရှင် စာရင်း၊ ခေါ်ယူအပ်ငွေ စာရင်း) |
✓ |
✓ |
||
KYC Check | ||||
(၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင် ဓါတ်ပုံ (၂)ပုံ |
✓ |
✓ |
✓ |
✓ |
မှတ်ပုံတင် မိတ္တူ (ရှေ့/နောက်) |
✓ |
✓ |
✓ |
✓ |
အိမ်ထောင်စု စာရင်း မိတ္တူ |
✓ |
✓ |
||
နေထိုင်ကြောင်း ထောက်ခံစာ |
✓ |
✓ |
||
ဝင်ငွေ အထောက်အထား | ||||
ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် (လစာ + ရာထူး အပါအဝင် ) |
✓ |
✓ (ဝန်ထမ်း) |
||
လစာ ပြေစာ / ဘဏ်စာရင်း ရှင်းတမ်း / အရောင်း ပြေစာ / ၀င်ငွေ စာရွက်စာတမ်း အရင်းအမြစ် (နောက်ဆုံး ၃လ) |
✓ |
✓ |
||
လုပ်ငန်း လိုင်စင် / ကုမ္ပဏီ အဖွဲ့အစည်း လိုင်စင် (DICA) |
✓ |
✓ (ကိုယ်ပိုင် လုပ်ငန်းရှင်) |
||
အခွန် ပြေစာ (နောက်ဆုံး ၁နှစ်) |
✓ |
|||
ဘဏ္ဍာရေးရှင်းတမ်း (နောက်ဆုံး ၁နှစ်) |
✓ |
ပုံမှန် ဝင်ငွေရှိသော ထောက်ခံသူ (၁) ဦးသာ လိုအပ်မည် ဖြစ်သည်။ အထက် ဖော်ပြပါ သတ်မှတ်ချက် များသည် A bank ၏ ဆုံးဖြတ်ချက် အရ ပြောင်းလဲ နိုင်ပါသည်။
Answer
A bank VISA Credit Card အား နီးစပ်ရာ A bank ဘဏ်ခွဲတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ လျှောက်လွှာအား ပြည်စုံစွာ ဖြည့်စွက်၍ လျှောက်ထား နိုင်ပါသည်။ တစ်ပါတည်း ဆင့်ပွားကဒ်ကိုလည်း မူလကဒ် လျှောက်လွှာနှင့် အတူ ပူးတွဲ၍ လျှောက်ထား နိုင်ပါသည်။ များမကြာမှီတွင် (A+ Wallet app) မှတဆင့် လည်း A bank VISA Credit Card အား လွယ်ကူ လျှင်မြန်စွာ လျှောက်ထား နိုင်မည်ဖြစ်ပါသည်။
Answer
ဆင့်ပွားကဒ် (Supplementary Card) ဆိုသည်မှာ မူလ Credit ကဒ် ကိုင်ဆောင်သူနှင့် မည်သို့ ဆက်နွယ်သည့် Relationship အတွက် မဆို မူလကဒ် ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် Credit Limit အား မျှဝေအသုံး ပြုရသောကဒ် အမျိုးအစား ဖြစ်ပါသည်။ ဆင့်ပွားကဒ်မှ အသုံးပြုထားသော ပြန်ပေးရန်ရှိ ငွေပမာဏအား မူလကဒ်ကိုင် ဆောင်သူမှ ပေးချေရန် တာဝန် ရှိပါသည်။
Answer
ဆင့်ပွားကဒ်မှ အသုံးပြုထားသော ပြန်ပေးရန်ရှိ ငွေပမာဏအား ဘဏ်သို့ ပြန်လည်ပေးချေရန် မူလကဒ် ကိုင်ဆောင်သူမှ အပြည့်အဝ တာ၀န်ရှိပါသည်။
Answer
- အများဆုံး ဆင့်ပွားကဒ် (၂) ကဒ် အထိ လျှောက်ထား နိုင်ပါသည်။
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ဆင့်ပွားကဒ် လျှောက်ထားသူမှာ အသက် (၁၆) နှစ်နှင့် အထက်ဖြစ်ရမည်။
အထက် ဖော်ပြပါ သတ်မှတ်ချက်များသည် A bank ၏ ဆုံးဖြတ်ချက် အရ ပြောင်းလဲနိုင်ပါသည်။
Answer
ဆင့်ပွားကဒ် (Supplementary Card) လျှောက်ထားခြင်း အတွက် မူလကဒ် ကိုင်ဆောင်သူနှင့် အတူ လာရောက် လျှောက်ထားရန် လိုအပ်ပြီး အချိန်မှီ စီစစ်နိုင်ရန် အောက်ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းမူရင်း များအား ယူဆောင် လာပါရန်နှင့် မိတ္တူအား တင်ပြပေးပါရန်။
- (၆) လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂) ပုံ
- မှတ်ပုံတင် မိတ္တူ (အရှေ့/ အနောက်)
Answer
A bank Supplementary Card သီးခြား လျှောက်ထားခြင်း အတွက် နီးစပ်ရာ A bank ဘဏ်ခွဲတွင် လိုအပ်သော စာရွက်စာတမ်းများအား ယူဆောင်၍ မူလကဒ် ကိုင်ဆောင်သူနှင့် အတူ လျှောက်လွှာအား ပြည်စုံစွာ ဖြည့်စွက်၍ လျှောက်ထား နိုင်ပါသည်။ များမကြာမှီ တွင် (A+ Wallet app) မှတဆင့်လည်း A bank Supplementary Card အား လွယ်ကူ လျှင်မြန်စွာ လျှောက်ထား နိုင်မည်ဖြစ်ပါသည်။
Answer
Credit Card လျှောက်ထားခြင်း အတွက် သက်ဆိုင်ရာ လိုအပ်သည့် တင်ပြသော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံပြီး လျှောက်လွှာဖြစ်ပါက ရုံး လုပ်ငန်းစဉ် (၇ ရက် မှ ၁၄ ရက်) အထိ ကြာမြင့် နိုင်ပါသည်။
Answer
A bank မှ Credit Card လျှောက်ထားမှု အောင်မြင်ခြင်းအား အကြောင်းကြား ပေးမည် ဖြစ်ပါသည်။ ပြီးပြည့်စုံသော လျှောက်လွှာ တင်သည့် နေ့မှစ၍ ရုံးလုပ်ငန်းစဉ် (၁၄) ရက်အတွင်း ဘဏ်ဘက်မှ မည့်သည့် အကြောင်းကြားခြင်းမှ မရရှိ ခဲ့လျှင် (+၉၅၉ ၇၇၀ ၇၀၇၈၈၈) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ လျှောက်လွှာ အောင်မြင်၍ ကဒ် ထုတ်ယူရန် ဘဏ်မှ အကြောင်းကြားခြင်း ရရှိခဲ့ပါက လျှောက်လွှာတွင် ကဒ် ထုတ်ယူရန် ဖော်ပြခဲ့သော ဘဏ်ခွဲသို့ မှတ်ပုံတင် မူရင်း ကဒ်ပြားပါ ယူဆောင်၍ ကဒ်အား သွားရောက် ထုတ်ယူ နိုင်ပါသည်။
Answer
A bank VISA Credit Card လျှောက်ထားရာတွင် အောက်ဖော်ပြပါ အစ ရှိသည့် အကြောင်းရင်းများစွာကြောင့် ငြင်းပယ်ခြင်း ခံရနိုင်ပါသည်။
- လျှောက်လွှာတွင် ပြည့်စုံစွာ မဖြည့်ထားခြင်း။
- လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ မပြည့်စုံခြင်း။
- တင်ပြထားသော ကိုယ်ရေး အချက်အလက်များ မှားယွင်းခြင်း။
- A bank မှ ချမှတ်ထားသော Credit policy သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိခြင်း။
Answer
A bank VISA Credit Card ၏ အကျိုး ခံစားခွင့်များ ရရှိရန် ကဒ်အား ရရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း Activation ပြုလုပ်၍ စတင် အသုံးပြုရန် အကြံပြုပါသည်။
Answer
A bank VISA Credit Card အား မိမိ ကိုယ်တိုင် (A+ Wallet app) မှ တစ်ဆင့် Activation ပြုလုပ် နိုင်ပါသည်။ A bank မှ သင့်ဖုန်းထဲသို့ Activation Code (၆) လုံးအား ပေးပို့မည် ဖြစ်ပါသည်။ Activation Code (၆) လုံးအား မှန်ကန်စွာ ရိုက်ထည့်ပြီးနောက် မိမိ ကြိုက်နှစ်သက်သော Card PIN (၆) လုံး သတ်မှတ်ပါ။ ကဒ်အား အောင်မြင်စွာ Activate ပြုလုပ်ပြီးနောက် ချက်ချင်း စတင် အသုံးပြုနိုင် ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် Activation ပြုလုပ်ပါရန်
- အဆင့် ၁ - A+ Wallet app အား ဒေါင်းလုပ် ပြုလုပ်ပါ။
- အဆင့် ၂ - A+ wallet account ဖွင့်ပြီး Level - 2 user မြှင့်တင်ပါ။ (Level-2 user ဖြစ်ရန် ရုံးလုပ်ငန်းချိန် ၄၈ နာရီ စောင့်ဆိုင်း ရပါမည်။)
- အဆင့် ၃ - A Card ထဲ၀င် ၍ သင်၏ ကဒ်အား My Cards ထဲတွင် Add Card ပြုလုပ်ပါ။
- အဆင့် ၄ - Activate ဆက်လက် ပြုလုပ်ပါ၊ Card PIN သတ်မှတ်ပါ။ ထို့နောက် စတင် အသုံးပြု နိုင်ပါသည်။
Answer
PIN ဆိုသည်မှာ ATMs တွင် ငွေသား ထုတ်ယူရာ၌ အသုံးပြုရသည့် ကိုယ်ပိုင် လျှို့ဝှက်နံပါတ် ဂဏန်း (၆) လုံး ဖြစ်ပါသည်။ A bank ၏ အားသာချက်မှာ A+ Wallet app အား အသုံးပြု၍ PIN အား သင်ကိုယ်တိုင် အချိန်မရွေး လုံခြုံစွာ ပြောင်းလဲနိုင်ခြင်း ဖြစ်ပါသည်။
Answer
သင်၏ PIN Lock ကျခြင်း အတွက် သင်ကိုယ်တိုင် နီးစပ်ရာ A bank ဘဏ်ခွဲသို့ သွား၍ PIN Unlock ပြုလုပ် ခြင်းအား တောင်းဆိုနိုင်ပါသည်။ အတည်ပြုချက်များ တိုက်ဆိုင် စစ်ဆေးရန် အတွက် မှတ်ပုံတင် မူရင်း နှင့် သင်၏ A bank VISA Credit Card အား ယူဆောင်လာရမည် ဖြစ်ပါသည်။
Answer
A+ Wallet app အား အသုံးပြု၍ မိမိ ကိုယ်တိုင် Card PIN အသစ် ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည်။
Answer
- ဈေး၀ယ်ယူမှု ပေးချေခြင်း အတွက် ဝယ်ယူသည့် နေ့ပေါ်တွင် မူတည်၍ အနည်းဆုံး (၁၅) ရက်မှ အများဆုံး (၄၅) ရက် အထိ အတိုး ကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
- ငွေသား ထုတ်ယူခြင်း အတွက် အတိုး ကင်းလွတ်ခွင့် ကာလ ခံစားခွင့် မရရှိပါ၊ စတင်ငွေထုတ်ယူသည့်နေ့မှ စ၍ နေ့စဉ်အတိုးတွက်ချက်မည်ဖြစ်ပါသည်။
Answer
- လက်ရှိ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၄.၅%) နှင့် Credit အသုံးပြုမှု ကောက်ခံခြင်းမှာ တစ်နှစ်လျှင် (၁၁.၅%) ဖြစ်ပြီး နေ့စဉ် အသုံးပြုထားသော ပြန်လည် ပေးဆပ်ခြင်း မပြုသည့် ပမာဏပေါ်တွင် ကောက်ခံ မည်ဖြစ်သည်။ ထိုကောက်ခံခြင်းအား လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း ဘဏ်သို့ အပြည့်အဝ ပြန်လည်ပေးချေပါက အတိုး ကင်းလွတ် ခွင့်ခံစားရမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း အနည်းဆုံး ပမာဏ ပြန်လည် ပေးချေပါက လက်ကျန်ပေါ်တွင် အတိုးနှင့် Credit အသုံးပြုမှု ကောက်ခံမည် ဖြစ်ပါသည်။
- နောက်ဆုံး ပေးချေရက် (Due Date) အတွင်း ဘဏ်သို့ မည်သည့် ပေးချေခြင်းမှ မပြုလုပ်လျှင် ပြန်လည် ပေးဆပ်ခြင်း မပြုသည့် ပမာဏပေါ်တွင် အတိုးနှုန်း တစ်နှစ်လျှင် (၁၄.၅%) နှင့် Credit အသုံးပြုမှု ကောက်ခံခြင်း အတွက် တစ်နှစ်လျှင် (၁၁.၅%) ကောက်ခံ မည်ဖြစ်သည်။
Answer
Billing statement date သည် လစဉ် လတိုင်း၏ (၂၅) ရက်နေ့ ဖြစ်ပြီး A bank မှ e-statement အား အီးမေးလ် မှတစ်ဆင့် ပို့ပေးမည် ဖြစ်သည်။ e-statement date သတ်မှတ်ချက်သည် A bank ၏ ဆုံးဖြတ်ချက် အရ ပြောင်းလဲနိုင်ပြီး ထိုပြောင်းလဲမှုတိုင်း အတွက် သင့်အား အကြောင်းကြား ပေးမည် ဖြစ်ပါသည်။
Answer
A bank မှ ပေးပို့သော e-statement တွင် ဘဏ်သို့ ပြန်လည် ပေးချေရမည့် စုစုပေါင်း ပမာဏနှင့် နောက်ဆုံး ပေးချေရမည့်ရက် (Due Date) ကို ဖော်ပြထားပါသည်။
Answer
A bank VISA Credit Card အား ငွေပြန်လည် ပေးချေရန် ရွေးချယ်စရာ (၂) မျိုးရှိပါသည်။ ၄င်းတို့မှာ
- အနည်းဆုံး ပေးချေခြင်း - ၁၀,၀၀၀ ကျပ် (သို့) ပြန်လည်ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (ဥပမာ - ၅၀,၀၀၀ ကျပ် သုံးစွဲထားလျှင် ၅,၀၀၀ ကျပ်သာ ပေးချေ၍ မရပါ။ ၁၀,၀၀၀ ကျပ် အနည်းဆုံး ပေးချေရမည်။ ၁၀,၀၀၀ ကျပ် အောက် လျော့နည်းသော ပမာဏ အသုံးပြုထားပါက သုံးထားသည့် ပမာဏအတိုင်း ပြန်လည် ပေးချေရန် လိုအပ်ပါသည်။)
- အပြည့်အဝ ပေးချေခြင်း - ပြန်လည် ပေးချေရမည့် ငွေပမာဏ၏ (၁၀၀%)
မိမိ နှစ်သက်ရာ လစဉ် ပေးချေနည်းဖြင့် A+ Wallet App (သို့) နီးစပ်ရာ ဘဏ်ခွဲ (သို့) သင့် ဘဏ်စာရင်းမှ အလိုအလျှောက် ငွေပေးချေခြင်း ညွှန်ကြားချက် Direct Debit (DD) တို့ဖြင့် ဘဏ်သို့ ငွေပြန်လည် ပေးချေ နိုင်ပါသည်။
Answer
- Direct Debit (DD) အလိုအလျောက် ငွေနုတ်ယူခြင်း ဝန်ဆောင်မှုသည် A bank Credit Card ကိုင်ဆောင် သူ များ ဘဏ်သို့ လစဉ် အချိန်မှီ ပေးချေရာတွင် အချိန်ကုန် သက်သာ၍ အဆင်ပြေစေသော နည်းလမ်း တစ်ခု ဖြစ်ပါ သည်။
- Direct Debit (DD) ဝန်ဆောင်မှုအား ရယူထားပါက ဘဏ်သို့ ပေးရန်ရှိ စာရင်း ရှင်းတမ်း ငွေပမာဏ၏ (အနည်းဆုံး (သို့) အပြည့်အဝ) ပေးချေခြင်း အမျိုးအစား အလိုက် နောက်ဆုံး ပေးချေရက် (Due Date) တွင် ၄င်း၏ ဘဏ်စာရင်းထဲမှ အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ပြီး ထိုငွေပေးချေမှု အတွက် ၎င်း၏ Credit Card ထဲသို့ အချိန်နှင့် တစ်ပြေးညီ ငွေပြန်လည် ထည့်သွင်းပေးပါသည်။
(မှတ်ချက်။ ။ နောက်ဆုံး ပေးချေရက် Due Date တွင် Direct Debit (DD) ၀န်ဆောင်မှု ယူထားသော Bank Account ထဲတွင် (အနည်းဆုံး (သို့) အပြည့်အဝ) ပေးချေခြင်း အမျိုးအစား အလိုက် ငွေအလုံအလောက် ရှိရပါမည်။)
Answer
အနည်းဆုံး ပေးချေရမည့် ငွေပမာဏ (minimum payment due) ဆိုသည်မှာ ဘဏ်သို့ ပေးချေရမည့် အနည်းဆုံး ပမာဏကို ဆိုလိုပါသည်။ စုစုပေါင်း စာရင်းပိတ် ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (သို့) (၁၀,၀၀၀) ကျပ် (ပိုများသော ပမာဏ) အား လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြထားပါသည်။
Answer
နောက်ကျကြေး ဆိုသည်မှာ နောက်ဆုံး ပေးချေရမည့် ရက် (Due Date) တွင် လစဉ် အနည်းဆုံး ပေးချေရမည့် ငွေပမာဏအား ဘဏ်သို့ ပြန်လည် ပေးချေခြင်း မပြုပါက ကောက်ခံသော နှုန်းထားတစ်ခု ဖြစ်ပါသည်။ နောက်ကျကြေး မပေးလိုပါက နောက်ဆုံး ပေးချေရမည့် ရက်တွင် အနည်းဆုံး ပေးချေရမည့် ပမာဏအား ဘဏ်သို့ အချိန်မှီ ပြန်လည် ပေးချေရန် လိုအပ်ပါသည်။
Answer
သက်ဆိုင်ရာ စာရင်း ရှင်းတမ်း၏ ပေးချေရန် အနည်းဆုံး ငွေပမာဏအား နောက်ဆုံးပေးချေရက် (Due Date) တွင် ပေးချေခြင်းမရှိပါက
- ရက်ပေါင်း (၃၀) (1st cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် ပထမ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး အတိုးနှင့် နောက်ကျကြေးအား ပေးဆောင်ရမည် ဖြစ်၍ လာမည့် လစဉ် စာရင်းရှင်းတမ်းတွင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၆၀) (2nd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် ဒုတိယ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ပေးချေရန် ရှိသော ငွေအား ကဒ် ကိုင်ဆောင်သူ ထံသို့ A bank ဆက်သွယ် မေးမြန်းခြင်း၊ စာဖြင့် တောင်းဆိုမှုများ ပြုလုပ်ခြင်း တို့ အပါအ၀င် ကဒ်၏ ဆက်လက် အသုံးပြုနိုင်ခြင်းအား ယာယီ ပိတ်ဆို့သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
- ရက်ပေါင်း (၉၀) (3rd cycle overdue) အထိ ငွေပေးချေခြင်း မရှိသူ အတွက် တတိယ အဆင့် ပျက်ကွက်သူ အဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ကဒ်သည် အလိုအလျောက် စနစ်ဖြင့် ပိတ်ဆို့ သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဥပဒေကြောင်း အရ အရေးယူမှုများ အကန့်အသတ်မရှိ အပါအ၀င် ပြန်လည် ရရှိရေး အတွက် လိုအပ်သည်များကို စတင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အတိုးနှင့် နောက်ကျ ကြေးများလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
Answer
ငွေသား ထုတ်ယူခြင်းနှင့် ဈေးဝယ်ယူခြင်း အသုံးပြုမှု တို့အတွက် A bank ၏ ကန့်သတ်ချက် ပမာဏများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
- ငွေသား ထုတ်ယူမှု - သတ်မှတ် ကြိုတင် အသုံးပြုငွေ (Credit Limit) ၏ (၃၀%)
- ဈေး၀ယ်ယူမှု - သတ်မှတ် ကြိုတင် အသုံးပြုငွေ (Credit Limit) ၏ (၁၀၀%)
Answer
A bank VISA Credit Card အသုံးပြုရာတွင် စသည့် အောက်ပါ အကြောင်းရင်းများကြောင့် အသုံးပြုခြင်း မအောင်မြင် ဖြစ်နိုင်ပါသည်။ ၄င်းတို့မှာ
- ကဒ် Activate မပြုလုပ်ရသေးခြင်း။
- PIN နံပါတ် မှားယွင်း အသုံးပြုခြင်း။
- အသုံးပြုမှု အတွက် သင်၏ ကဒ်ထဲတွင် ငွေလုံလောက်မှု မရှိခြင်း။
- ATM နှင့် POS စက်များတွင် နေ့စဉ် အသုံးပြုမှု ကန့်သတ် ပမာဏ/အကြိမ်ကို ကျော်လွန် အသုံးပြုခြင်း။
- Online ပေးချေမှုတွင် Expiry Date (သို့) CW လျို့ဝှက်နံပါတ် မှားယွင်း ထည့်သွင်းခြင်း။
- Online ပေးချေမှု အတွက် OTP ပို့ရန် ဘဏ်သို့ ပေးထားသော အချက်အလက်များနှင့် လက်ရှိ အသုံးပြု နေသော အချက်အလက်များမှာ ကိုက်ညီမှု မရှိခြင်း။ OTP မရောက်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။
- ကဒ်အား အသုံးပြုခွင့် ပိတ်ထားခြင်း (သို့) သက်တမ်း ကုန်ဆုံးနေခြင်း။
Answer
အတိုးနှုန်း (Purchase & Cash Advance) | ၁၄.၅% (တစ်နှစ်လျှင်) |
Credit အသုံးပြုမှု | ၁၁.၅% (တစ်နှစ်လျှင်) |
နောက်ကျကြေး | ၂% (အနည်းဆုံး ငွေပမာဏ မပေးချေလျှင် လက်ကျန်ငွေ ပမာဏ ပေါ်တွင်) |
စာတိုပို့ခ | ၃,၀၀၀ ကျပ် (တစ်နှစ်လျှင်) |
ATM တွင် ငွေသား ထုတ်ယူခြင်း |
A bank ATM - ငွေသား ထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် ပြည်တွင်း ATM – ငွေသား ထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် + အခြားဘဏ်မှ သတ်မှတ် နှုန်းထားများ ပြည်ပ ATM – ငွေသား ထုတ်ယူမှု၏ ၃% (သို့) အနည်းဆုံး ၅,၀၀၀ ကျပ် + အခြား ပြည်ပ ATM မှ ကောက်ခံသော နှုန်းထားများ |
ATM တွင် လက်ကျန်ငွေ စစ်ဆေးခြင်း |
A bank ATM – အခမဲ့ ပြည်တွင်း ATM – အခမဲ့ ပြည်ပ ATM – ၁,၀၀၀ ကျပ် |
Answer
VISA လက်ခံသော မည်သည့် နေရာတွင်မဆို မြန်မာကျပ်ဖြင့်သာ ပေးချေနိုင်သော (POS/ ATM/ local website) များတွင် အသုံးပြုရာ၌ သတ်မှတ် နှုန်းထားများ အပြင် မည့်သည့် အပိုထပ်ဆောင်းကြေးများ ကောက်ခံခြင်း မရှိပါ။ သို့သော် နိုင်ငံခြား ငွေဖြင့်သာ ပေးချေနိုင်သော (POS/ ATM/ international website) များတွင် အသုံးပြုရာ၌ သတ်မှတ်နှုန်းထားများ အပြင် cross-border service fees (Markup Fee) ထပ်မံ ကောက်ခံ သွားမည် ဖြစ်ပါသည်။ (ဘဏ်မှ ကြိုတင် အသိပေးခြင်း မရှိပဲ Markup Fee အပြောင်းအလဲ များရှိနိုင်ပါသည်။)
Answer
Credit Limit သတ်မှတ် ကြိုတင် အသုံးပြုငွေ ပမာဏ မြှင့်တင်ခြင်းအား နီးစပ်ရာ A bank ဘဏ်ခွဲတွင် လျှောက်ထား နိုင်ပါသည်။ ဥပမာ- သင်သည် ပြည်ပသို့ အလည်အပတ် သွားမည်ဆိုပါက ခရီးစဉ် အတောအတွင်းတွင် အသုံးပြုရန် အတွက် ယာယီ တိုးမြှင့်ပေးခြင်းအား လျှောက်ထား နိုင်ပါသည်။ (သို့) သင်၏ လစဉ်၀င်ငွေ ပမာဏ တိုးလာခြင်း အတွက် အမြဲတမ်း ပမာဏ တိုးမြှင့်ခြင်းအား လျှောက်ထား နိုင်ပါသည်။ သို့သော် ထိုလျှောက်ထားခြင်းများ အတွက် A bank မှ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများ လိုအပ်ပြီး မိမိ ကိုင်ဆောင်သော ကဒ် အမျိုးအစားအလိုက် ၀န်ဆောင်ခ နှုန်းထားများ ရှိပါသည်။ ထိုလျှောက်ထားခြင်းများ အတွက် အတည်ပြုရန် ရုံး လုပ်ငန်းစဉ် (၇) ရက် အထိ ကြာမြင့် နိုင်ပါသည်။
Answer
VISA Pay Wave သည် နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားပြီး ရိုးရှင်းသော ငွေပေးချေမှု ဖြစ်သောကြောင့် လွယ်ကူ၍ “Tap” ထိရုံဖြင့် လက်မှတ် (သို့) PIN မလိုအပ်ပဲ လုံခြုံ စိတ်ချစွာ အလျှင်အမြန် ငွေပေးချေ နိုင်ခြင်း ဖြစ်ပါသည်။
Answer
A bank Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းများ ဖြစ်ပွားပါက သင်၏ A+ Wallet app ထဲ သို့ပင်၍ သင်ကိုယ်တိုင် မည်သူမှ အသုံးပြု၍ မရနိုင်အောင် လုံခြုံ စိတ်ချစွာ လော့ခ် (Lock) ပြုလုပ် နိုင်ပါသည်။ (သို့မဟုတ်) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် အကြောင်းကြားခြင်း၊ နီးစပ်ရာ ဘဏ်ခွဲသို့ သွားခြင်းဖြင့် မည်သို့ ပျောက်ဆုံးကြောင်း အတည်ပြုချက်များအား ဖြေဆို၍ ကဒ်အား ယာယီ ပိတ်ထား နိုင်ပါသည်။ ထို့နောက် သင်၏ကဒ် လုံးဝ ပြန်လည် မတွေ့ရှိပါက နီးစပ်ရာ ဘဏ်ခွဲ မှတစ်ဆင့် အစားထိုး ကဒ်အား ပြန်လည် လျှောက်ထား နိုင်ပါသည်။
Answer
A bank Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းမှ ပြန်လည် တွေ့ရှိလျှင် သင်၏ A+ Wallet app ထဲသို့ ၀င်၍ သင်ကိုယ်တိုင် လော့ခ်ဖြည်ခြင်း (Unlock Card) ပြုလုပ် နိုင်ပါသည်။ (သို့) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် အကြောင်းကြားခြင်း၊ နီးစပ်ရာ ဘဏ်ခွဲသို့ သွားခြင်းဖြင့် မည်သို့ ပြန်လည် တွေ့ရှိ ကြောင်း အတည်ပြုချက် များအား ဖြေဆို၍ ကဒ်အား ယာယီ ပိတ်ထားခြင်းမှ ပြန်လည် ဖွင့်နိုင်ပါသည်။
Answer
A bank Credit Card ပျက်စီး၊ ပျောက်ဆုံး (သို့) အခိုးခံရခြင်းများ ဖြစ်ပွားခြင်းတို့ အတွက် အစားထိုးကဒ် လျှောက်ထားလိုပါက နီးစပ်ရာ ဘဏ်ခွဲတွင် သွားရောက် လျှောက်ထား နိုင်ပါသည်။ သင်၏ ကဒ်အဟောင်းအား ဘဏ်မှ ပယ်ဖျက်၍ ကဒ်အသစ် ထုတ်ပေးခြင်း အတွက် ရုံးလုပ်ငန်းစဉ် (၇) ရက်အတွင်း ရရှိမည် ဖြစ်ပါသည်။
Answer
A bank သည် သင်၏ ကဒ်သက်တမ်း ကုန်ဆုံးရက် မတိုင်မှီ ကဒ်သက်တမ်း တိုးခြင်း ပြုလုပ်ရန် (၇) ရက် ကြိုတင်၍ SMS ဖြင့် အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သက်တမ်းတိုးမှု ပြုလုပ်လိုပါက နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်၍ ကဒ်သက်တမ်း တိုးခြင်းအား လျှောက်ထား နိုင်ပါသည်။ သို့သော် A bank နှင့် credit history ကောင်းမွန်သော Customers များအား A bank မှ ဆက်သွယ်၍ အလိုအလျောက် ကဒ်သက်တမ်း တိုး၍ ထုတ်ပေးသွား မည်ဖြစ်ပါသည်။
Answer
ကဒ် အမျိုးအစား | VISA Classic | VISA Platinum |
မှုလကဒ် (၀န်ဆောင်ခ) | ၅,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် |
ဆင့်ပွားကဒ် (၀န်ဆောင်ခ) | ၅,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် |
Answer
နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်၍ မိမိ ပြန်ပေးရန်ရှိသော လက်ကျန်များအား အကြေ ပြန်လည် ပေးချေပြီး ကဒ်အပြီးတိုင် ပိတ်သိမ်းခြင်းကို လျှောက်ထား နိုင်ပါသည်။ မူလကဒ်အား ဖျက်သိမ်းပါက ဆင့်ပွားကဒ် များ သည်လည်း တစ်ပါတည်း ဖျက်သိမ်း သွားမည် ဖြစ်ပါသည်။
Answer
လစဉ် စာရင်းရှင်းတမ်းအား အီးမေးလ်မှ တစ်ဆင့် မရရှိခဲ့ပါက ထိုပြဿနာအား ဖြေရှင်းရန် နီးစပ်ရာ A bank ဘဏ်ခွဲ (သို့) A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။
Answer
နှုန်းထားများ အသစ် ပြောင်းလဲခြင်းနှင့် အထွေထွေ သိရှိလိုသည်များ အတွက် A bank Call Center ဖုန်း (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် မေးမြန်းခြင်း (သို့) A bank ၀ဘ်ဆိုဒ် (website) (www.abank.com) တွင် ၀င်ရောက် ကြည့်ရှု့ခြင်းတို့ ပြုလုပ် နိုင်ပါသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပြင်ဆင်လိုပါက နီးစပ်ရာ A bank ဘဏ်ခွဲသို့ သွားရောက် ပြင်ဆင် လျှောက်ထား နိုင်ပါသည်။
Answer
ကဒ်အား ATM မှ သိမ်းသွားခြင်း အတွက် ပြန်လည် ထုတ်ယူဖို့ အကူအညီ ရယူရန် အတွက် A bank Call Center (+၉၅၉ ၇၇၀၇၀၇၈၈၈) သို့ ဆက်သွယ် အကြောင်းကြား နိုင်ပါသည်။
Answer
A bank Credit Card စည်းမျဉ်း စည်းကမ်း (Terms and Conditions) များ ကို ဖတ်ရှု့နိုင်ပါသည်။
Visa Epic Experiences 2023 - Dinning Offers
No. | Merchant | Offers FY 2022-FY 2023 | Promotion Period |
1 | Café Del SeOUL | 10% off on food when spending 30,000 MMK or more | 31-Dec-23 |
2 | Mr.Chef | 10% on food only | 31-Dec-23 |
3 | Star Café by Café Del SeOUL | 10% off on food when spending 30,000 MMK or more | 31-Dec-23 |
4 | Tenri Ramen Restaurant | 10% off | 31-Dec-23 |
5 | Burrito Sushi Myanmar | 10% off | 31-Dec-23 |
6 | Tian Xiang Hot Pot | 10% off | 31-Dec-23 |
7 | Vista Do Rio (Kayan Traditional Fine Dining) | 10% off when spending 50,000 MMK or more | 31-Dec-23 |
8 | Eatfinity Restaurant | 10% off when spending 30,000 MMK or more | 31-Dec-23 |
9 | Father’s office | 10% off when spending 50,000 MMK or more | 31-Dec-23 |
10 | Takumi-Ya Restaurant | 10% off on A La Carte Menu only | 31-Dec-23 |
11 | Pizza Maru | 10% off | 31-Dec-23 |
12 | Boba House Myanmar | 10% off | 31-Dec-23 |
13 | CDS Bakery & Party | 10% off on food when spending 30,000 MMK or more | 31-Dec-23 |
14 | The Emporia Restaurant at Chatrium Hotel Royal Lake Yangon | 10% off on food & beverage A La Carte Menu (maximum 10 persons per card per day) | 31-Mar-23 |
15 | Eagle Bar & Restaurant | 10% off when spending 30,000 MMK or more | 31-Dec-23 |
16 | The Manhattan FISH MARKET | 10% Off when spending 100,000 MMK or more | 01 Jan to 31 Dec 2023 |
17 | Gloria Jean’s Coffee | 10% Off | 31-Dec-23 |
18 | Café Salween | 10% Off when spending 20,000 MMK or more | 01 Jan to 31 Dec 2023 |
19 | SPOON all day dining restaurant @ Wyndham Grand Hotel | 25% off on food when spending 100,000 MMK or more (Except other promotions, events & functions) | 31-Dec-23 |
20 | Hu’ Chinese restaurant @ Wyndham Grand Hotel | 25% off on food when spending 100,000 MMK or more (Except other promotions, events & functions) | 31-Dec-23 |
21 | MANORA Thai Cuisine & Bistro | 10% Off | 01 Jan to 31 Dec 2023 |
22 | The Marina Indian Restaurant | 10% off when spending 100,000 MMK or more | 31-Dec-23 |
23 | Union Bar and Grill | 10% off on Food items | 01 Jan to 31 Dec 2023 |
24 | The Envoy Bar & Bistro | 10% Off | 01 Jan to 31 Dec 2023 |
25 | Mikucha Myanmar | 10% Off | 01 Jan to 31 Dec 2023 |
26 | Bar Boon Coffee | 10% off on Food items | 01 Jan to 31 Dec 2023 |
27 | The Maharaaj Indian Restaurant | 10% off | 31-Dec-23 |
28 | ShiKi Tei Restaurant | 15% off on foods & beverages | 31-Dec-23 |
29 | Si Chuan Dou Hua Restaurant | 15% off on foods & beverages | 31-Dec-23 |
30 | Spice Brasserie (all day dining) | 15% off on foods & beverages | 31-Dec-23 |
31 | Lobby Bar | 15% off on foods & beverages | 31-Dec-23 |
32 | Club 5 | 15% off on foods & beverages | 31-Dec-23 |
33 | PEZZO Pizza Myanmar | 10% Off when spending 100,000 MMK or more | 01 Jan 2023 to 31 Dec 2023 |
34 | Jaguar Bar | 10% off when spending 30,000 MMK or more | 31-Dec-23 |
Travel | |||
No. | Merchant | Offers FY 2022-FY 2023 | Promotion Period |
1 | Air Asia | 10USD off when paying 200 USD or more | Till Oct 31st 2023 |
2 | Berjaya Air | Enjoy RM350 Off | September 30, 2023 |
Medical |
|||
No. | Merchant | Offers FY 2022-FY 2023 | Promotion Period |
1 | BDMS Wellness Clinic | Enjoy 1,000 THB on top discount | Dec 31, 2023 |
2 | Bangkok hospital | Enjoy Special price for health check-up | Dec 31, 2023 |
3 | Bangkok hospital Pattaya | Enjoy Special price for health check-up | Dec 31, 2023 |
4 | Bangkok hospital Phuket | Enjoy Special price for health check-up | Dec 31, 2023 |
5 | Bangkok hospital Samui | Enjoy Special price for health check-up | Dec 31, 2023 |
6 | BNH hospital | Enjoy Special price for health check-up and more | Dec 31, 2023 |
Hotels |
|||
No. | Merchant | Offers FY 2022-FY 2023 | Promotion Period |
1 | ACES hotel, Kuala Lumpur | Enjoy 25% Off | September 30, 2023 |
2 | ANSA Hotel Kuala Lumpur | Enjoy 20% Off | September 30, 2023 |
3 | Berjaya Langkawi Resort | Enjoy 16% Off | September 30, 2023 |
4 | Berjaya Penang Hotel | Enjoy 17% Off | September 30, 2023 |
5 | Berjaya Times Square Hotel | Enjoy 20% Off | September 30, 2023 |
6 | Berjaya Tioman Resort | Enjoy 26% Off | September 30, 2023 |
7 | Berjaya Waterfront Hotel | Enjoy 15% Off | September 30, 2023 |
8 | Colmar Tremicale, Berjaya Hills | Enjoy 10% Off | September 30, 2023 |
9 | The Chateau Spa & Wellness Resort | Enjoy 10% Off | September 30, 2023 |
10 | The Taaras Beach & Spa Resort | Enjoy 20% Off | September 30, 2023 |
11 | Jumeirah hotels & resort | Enjoy Up to 25% Off on dining, Up to 20% Off on spa, and Up to 20% Off on stays | December 31, 2023 |
12 | IHG hotels and resorts | Enjoy 15% Off stay and 20%off F&B | June 30, 2024 |
13 | Visa Luxury hotel collection | Enjoy upgrades and VIP privileges | December 31, 2023 |
E-commerce | |||
No. | Merchant | Offers FY 2022-FY 2023 | Promotion Period |
1 | Agoda.com | Enjoy Up to 8% Off | December 31, 2025 |
2 | Booking.com | Enjoy Up to 10% Off cashback | December 31, 2024 |
Car Rental |
|||
Merchant | Offers FY 2022-FY 2023 | Promotion Period | |
Avis car rental | Enjoy Up to 35% Off | December 31, 2024 | |
Hertz car rental | Enjoy Up to 20% Off | September 30, 2023 |