Saving Accounts

Savings Deposit (ငွေစုဘဏ် အပ်ငွေ စာရင်း)
A bank ၏ စုငွေ စာရင်းဖြင့် မိမိ တို့၏ ငွေများကို တိုးပွား လာစေရန် လုံခြုံ စိတ်ချစွာ စုဆောင်း နိုင်ပြီး အချိန် မရွေး ငွေသွင်း/ ငွေထုတ် ပြုလုပ် နိုင်သည့် အပြင် တစ်နှစ် အတိုးနှုန်း ၈% အထိ ရရှိ နိုင်ပါသည်။
NhaSa Savings
၂ဆ စုငွေ စာရင်းသည် ကာလ တစ်ခုကြာ ငွေအပ်ပြီးလျှင် အပ်နှံငွေ၏ နှစ်ဆ ပြန်ရမည့် စုငွေ စာရင်း ဖြစ်ပါသည်။ တစ်နှစ် အတိုးနှုန်း မှာလည်း ၁၀% ဖြစ်လို့ အချိန်ကြာကြာ ငွေစုဆောင်း လိုသူတွေ အတွက် အထူး သင့်တော် ပါသည်။ Package – 1 မှာ သိန်း ၃,၀၀၀ ကျပ် ငွေအပ်လျှင် ၇ နှစ် ကြာသော် မိမိ အပ်နှံ ထားသည့် ငွေသည် သိန်း ၆,၀၀၀ ကျပ် ဖြစ်နေပါမည်။ Package – 2 မှာ သိန်း ၅,၀၀၀ ကျပ် ငွေအပ်ပါက ၇ နှစ် အကြာတွင် မိမိ အပ်နှံ ငွေ၏ ၂ဆ သိန်း ၁၀,၀၀၀ ကျပ် ရရှိမှာ ဖြစ်ပါသည်။ နေ့စဉ် အတိုး တွက်ပြီး ထည့်ပေး ပါသည်။ ငွေသားနဲ့ရော transfer နဲ့ရော လက်ခံ ပေးပါသည်။
Post Office Savings
A bank နှင့် ချိတ်ဆက် ထားသော တိုင်း ဒေသကြီးနှင့် ပြည်နယ် များရှိ စာတိုက်ကြီး များတွင် ဖွင့်လှစ် ထားသော A bank ကောင်တာ များ၌ Post office Savings စာရင်း ဖွင့်၍ လွယ်ကူစွာ ငွေသွင်း/ ငွေထုတ် ဆောင်ရွက် နိုင်ပါသည်။ တစ်နှစ် အတိုးနှုန်း ၈% ဖြင့် ၃လ တစ်ကြိမ် အတိုး ရရှိမည် ဖြစ်ပါသည်။ အနည်းဆုံး စာရင်းဖွင့် အပ်ငွေမှာ ၁,၀၀၀ ကျပ် ဖြစ်ပါသည်။
Senior Savings
Senior Savings Account သည် အသက် (၅၅) နှစ် နှင့်အထက် လူကြီးများ ဖွင့်လှစ် နိုင်ပြီး ငွေကျပ် သိန်းတစ်ရာ အောက် အပ်နှံပါက တစ်နှစ် အတိုးနှုန်း ၈.၂ ရရှိပြီး ငွေကျပ် သိန်းတစ်ရာနှင့် အထက် အပ်နှံပါက တစ်နှစ် အတိုးနှုန်း ၈.၅ အထိ ခံစား ရရှိမည် ဖြစ်ပါသည်။ လစဉ် အတိုး ထုတ်ယူနိုင်မည် ဖြစ်သဖြင့် ရရှိလာသော အတိုးများဖြင့် ဘ၀ နေ့ရက်တိုင်းကို စိတ် အေးချမ်းစွာ ဖြတ်သန်း နိုင်ရန် နိုင်ငံသား မှတ်ပုံတင် မူရင်း ယူဆောင်ကာ နီးစပ်ရာ ဘဏ်ခွဲများတွင် သွားရောက် ဖွင့်လှစ် နိုင်ပါသည်။
NhaKoTu (နှစ်ကိုယ်တူ) Savings
မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ထားလိုသည့် ချစ်သူစုံတွဲများ၊ မိမိချစ်ရသူနဲ့ အတူတူငွေကြေးစုဆောင်းပြီး အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်လိုသူများအတွက် NhaKoTu (နှစ်ကိုယ်တူ) Savings Account ဖြစ်ပါသည်။ တစ်နှစ်အတိုးနှုန်း ၈.၃% ခံစားရရှိနိုင်ကာ လစဉ်အတိုးရရှိမည်ဖြစ်သည်။ မိမိချစ်ရသူနဲ့ အတူတူ Joint Account ဖွင့်လှစ်ပြီး အနာဂတ်အတွက် စတင် ငွေစုဆောင်းနိုင်ပါသည်။
Professional Savings
Professional ID ပြကာ Professional Savings ဖွင့်လိုက်ရုံဖြင့် အမြင့်ဆုံး တစ်နှစ်အတိုးနှုန်း ၈.၅% ခံစားခွင့်၊ A Insurance မှ ကျပ် သိန်း ၃၀ တန် အထိ အကာအကွယ်ပေးနိုင်သည့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ရရှိနိုင်ခြင်းနှင့် A Member အဖြစ် အကျိုးခံစားခွင့်များ ရရှိမည် ဖြစ်ပါသည်။
ငွေကျပ် ၂၅ သိန်းအောက်ဖြစ်ပါက တစ်နှစ်အတိုးနှုန်း ၈.၄% ခံစားရမည်ဖြစ်ပြီး ငွေကျပ် ၂၅ သိန်းနှင့်အထက် အပ်နှံစုဆောင်းပါက တစ်နှစ်အတိုးနှုန်း ၈.၅% အထိ ခံစားရရှိမည် ဖြစ်ပါသည်။
A Membership Privileges
- ဝိတိုရိယဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများတွင် အများဆုံး ၂၀% အထိ လျှော့ဈေး ခံစားခွင့်
- The Clinic De Novo ၏ အလှအပဆိုင်ရာဝန်ဆောင်မှုများကို အများဆုံး ၁၅% အထိ အထူးလျှော့ဈေး ခံစားခွင့်
- ကားချစ်သူများအတွက် Supcar နှင့် Apex တို့၏ ကားအလှဆင်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ အထူးဝန်ဆောင်မှုများတွင် အများဆုံး ၃၀ % အထိ အထူးလျှော့ဈေးခံစားခွင့်
Call Accounts

Call Deposit (ခေါ်ယူ အပ်ငွေ စာရင်း)
ငွေသွင်း/ ငွေထုတ် ပြုလုပ်မှု များသော လုပ်ငန်းရှင်များ အတွက် နေ့စဉ် စာရင်း လက်ကျန်ငွေ အပေါ်တွင် အတိုး တွက်ချက် ပေးပြီး တစ်နှစ် အတိုးနှုန်း ၆% အထိ ရရှိ နိုင်သည့် အပ်ငွေ စာရင်း အမျိုးအစား ဖြစ်ပါသည်။
Interest Booster Account
Interest Booster Account သည် ခေါ်ယူ အပ်ငွေ စာရင်း အမျိုးအစား တစ်ခု ဖြစ်ပြီး နေ့စဉ် စာရင်း လက်ကျန်ငွေ အပေါ်တွင် တစ်နှစ် အတိုးနှုန်း ၈% ဖြင့် အတိုး တွက်ချက် ပေးပါသည်။ အပ်ငွေ သက်တမ်းမှာ (၂) လ ဖြစ်ပြီး အပ်ငွေ၏ ၅၀% ကို အချိန်မရွေး အလွယ်တကူ ငွေသွင်း/ ငွေထုတ် ပြုလုပ် နိုင်ပါသည်။
Senior Call
Senior Call Account သည် တစ်နှစ်အတိုးနှုန်း ၇.၆% အထိ ပေးအပ်နေပြီး အသက် (၅၅) နှစ် နှင့်အထက် လူကြီးမိဘ၊ ဘိုးဘွားများ ငွေအပ်နှံစုဆောင်းပြီး နောင်ရေးစိတ်အေးဖို့အတွက် ဖွင့်လှစ်နိုင်သည့် စုငွေစာရင်းဖြစ်ပါသည်။ Senior Call က နေ့စဉ် အတိုးတွက်ချက်ပေးပြီး လစဉ်လတိုင်း အတိုးထုတ်ယူနိုင်သည့် အပြင် ငွေသားဖြစ်စေ၊ စာရင်းပြောင်း၍ဖြစ်စေ အပ်ငွေထည့်နိုင်ပါသည်။ Individual/Joint Account မိမိကြိုက်နှစ်သက်ရာ ဖွင့်နိုင်ပါသည်။
Current Accounts

Current Deposit (စာရင်းရှင် အပ်ငွေ စာရင်း)
နေ့စဉ် ငွေသွင်း/ ငွေထုတ် ဆောင်ရွက် ရသော စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နှင့် လုပ်ငန်း အဖွဲ့အစည်းများ အတွက် ချက်လက်မှတ် (Cheque) ကို အသုံးပြု နိုင်သော စာရင်းရှင် အပ်ငွေ စာရင်းမှာ အထူး သင့်လျော် အသုံးဝင် ပါသည်။
Fixed Accounts

Fixed Deposit (စာရင်းသေ အပ်ငွေ စာရင်း)
ကာလ တစ်ခုကြာ ငွေအပ်နှံ စုဆောင်း ခြင်းဖြင့် အတိုးနှုန်းများများ ရရှိ နိုင်မည့် အပ်ငွေ စာရင်း ဖြစ်သည့် အပြင် မိမိ ကြိုက်နှစ် သက်ရာ အပ်ငွေ သက်တမ်း ကာလများ ကို ရွေးချယ် စုဆောင်း နိုင်ပါသည်။ ငွေအပ်နှံ ကာလ ကုန်ဆုံးချိန်တွင် အတိုး ရရှိမည် ဖြစ်ပါသည်။
**မိမိအပ်နှံစုဆောင်းထားသည့် အပ်ငွေသက်တမ်းကာလ မပြည့်မီ အပ်နှံငွေထုတ်ယူပါက သတ်မှတ်အတိုးအား ခံစားခွင့် ရှိမည် မဟုတ်ပါ။**
THE ICONIC Accounts

THE ICONIC သည် ကျွန်ုပ်တို့၏ လေးစား ရပါသော ဂုဏ်သရေရှိ လူကြီးမင်း တို့အား အဆင့်အတန်း မြင့်မားသော နိုင်ငံတကာ အသိအမှတ်ပြု ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များဖြင့် ပံ့ပိုး ပေးရန် ရည်ရွယ် ပါသည်။ THE ICONIC account ကို အောက်ပါ (၂) မျိုးမှ မိမိ ကြိုက်နှစ် သက်ရာ ရွေးချယ် ရယူနိုင်မည် ဖြစ်ပါသည်။
- Tier – 1 : သိန်း ၁၄,၀၀၀ ကျပ်
- Tier – 2 : သိန်း ၅,၀၀၀ ကျပ်
THE ICONIC အဖွဲ့ဝင် များသည် ကျွန်ုပ် တို့၏ အထူး သီးသန့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အပြင် အခြားသော ကမ္ဘာ့ အဆင့်မီ အထူး အခွင့် အရေးများ ကိုလည်း ခံစား ရရှိမည် ဖြစ်ပါသည်။
ငွေစာရင်းဖွင့်ရန် လိုအပ်သော စာရွက်စာတမ်းများ

တစ်ဦးတည်း စာရင်း (Individual Account) နှင့် တွဲဖက် စာရင်း (Joint Account) အတွက် လိုအပ်သော စာရွက် စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင်
- ဓာတ်ပုံ (၁) ပုံ (Passport Size)
Company စာရင်း (Company Account) နှင့် အသင်းအဖွဲ့ ၊ အဖွဲ့အစည်း ၊ အစုစပ် ၊ ဖက်စပ်စာရင်း (Association Account) အတွက် လိုအပ်သော စာရွက် စာတမ်းများ
- ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်း လိုင်စင်/ အသင်းအဖွဲ့ လိုင်စင်
- DICA Company Extract
- Company ဖွဲ့စည်းပုံ စည်းမျဉ်း/သင်းဖွဲ့ မှတ်တမ်း
- စာရင်း ဖွင့်လှစ်ရန် ဒါရိုက်တာ အဖွဲ့၏ အစည်းအဝေး မှတ်တမ်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်
- စာရင်း အသွင်း အထုတ် လုပ်မည့်သူ၏ မှတ်ပုံတင် ၊ ဓာတ်ပုံ (၁) ပုံ (Passport Size)