fbpx

Consumer Loans

Hire Purchase

လက်ငင်း အပြည့်အဝ ငွေပေးချေ စရာ မလိုဘဲ လစဉ် အရစ်ကျ ငွေပေး သွင်းရုံဖြင့် မိမိတို့ ဝယ်ယူ လိုသော ပစ္စည်းများကို ပိုင်ဆိုင် ရယူ နိုင်ပါသည်။

Hire Purchase စနစ်ဖြင့် ဝယ်ယူ နိုင်သော ပစ္စည်းများမှာ –

  • မော်တော်ကား၊ ဆိုင်ကယ် အစရှိသည့် ပစ္စည်းများ
  • လုပ်ငန်းသုံး စက်ပစ္စည်းများ၊ မီးစက်များ၊ စက်ယန္တရားများ
  • လယ်ယာသုံး စက်ကိရိယာများ၊ ဆန်စက်များ
  • စိန်ရွှေ ရတနာ ပစ္စည်းများ
  • တယ်လီဖုန်း Handset များ၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ

Green Auto Loan

ခေတ်မီ အဆင့်မြင့် နည်းပညာသုံး EV (လျှပ်စစ်)ကားများကို A bank Green Auto Loan ဝန်ဆောင်မှုဖြင့် တစ်နှစ် အတိုးနှုန်း ၁၀% သာ ပေးချေပြီး ချေးငွေ သက်တမ်း (၅) နှစ်အထိ အရစ်ကျ ဝယ်ယူ နိုင်မည် ဖြစ်ပါသည်။

သဘာဝ ပတ်ဝန်းကျင် အတွက် အကျိုးပြုပြီး ခေတ်မီ အဆင့်မြင့် နည်းပညာသုံး EV (လျှပ်စစ်) ကားများကို စိတ်ဝင်စားသူများ အနေဖြင့် အသေးစိတ် စုံစမ်းလိုပါက (https://bit.ly/3VTVKns) တွင် စာရင်း ပေးသွင်း နိုင်ပါသည်။

Personal Loan

ပုံမှန် လစာ ဝင်ငွေရှိသော လူပုဂ္ဂိုလ် တစ်ဦး အနေဖြင့် မိမိ၏ ဝင်ငွေ အပေါ် မူတည်၍ လစဉ် အရစ်ကျ ဆပ်ခြင်း EMI (Equal Monthly Installment Method) ဖြင့် ချေးငွေ ရယူနိုင်ပါသည်။

Home Loan

မိမိ တို့၏ စိတ်ကူးထဲမှ အနာဂတ် အိမ်ကိုအား လစဉ် ပုံမှန် ဝင်ငွေ တစ်ခု ရှိရုံဖြင့် လက်ငင်း ငွေအပြည့် ပေးချေစရာ မလိုဘဲ လစဉ် အရစ်ကျ စနစ်ဖြင့် ဝယ်ယူ ပိုင်ဆိုင် နိုင်ပါသည်။ BCC ကျပြီးသော တိုက်ခန်း၊ မီနီ ကွန်ဒို၊ ကွန်ဒို၊ လုံးခြင်းချင်းတို့မှ မိမိ ကြိုက်နှစ်သက်ရာ ရွေးချယ် ဝယ်ယူ နိုင်သည်။

A bank Staff Home Loan

A bank ဝန်ထမ်းများ စိတ်ကူးထဲမှ အိမ်အား ဝန်ဆောင်ခ ပေးစရာ မလိုဘဲ အတိုးနှုန်းနှင့် ကနဦး ပေးသွင်းငွေ (Down Payment) သက်သက် သာသာဖြင့် ကိုယ်စီ ကိုယ်ငှ ဝယ်ယူ ပိုင်ဆိုင် နိုင်စေရန် သီးသန့် ရည်ရွယ်သော အိမ်ရာ ချေးငွေ ဖြစ်သည်။

BCC ကျပြီးသော တိုက်ခန်း၊ မီနီကွန်ဒို၊ ကွန်ဒို၊ လုံးခြင်းတို့မှ မိမိ ကြိုက် နှစ်သက်ရာ ရွေးချယ် ဝယ်ယူ နိုင်သည်။

Lien Loan

မိမိ၏ အပ်ငွေစာရင်း တစ်မျိုးမျိုးရှိ ငွေပမာဏကို အပေါင် အဖြစ်ပေး၍ ချေးရသော ချေးငွေ ဖြစ်သည်။

ဘဏ်မှ လက်ခံသော အပေါင်အာမခံပစ္စည်းများ

  • မရွှေ့ပြောင်း နိုင်သော အာမခံ ပစ္စည်း (မြေနှင့် အဆောက်အဦး ပိုင်ဆိုင်မှု စာချုပ် စာတမ်းများ )
  • အပ်ငွေ စာရင်းများ
  • စိန်ရွှေ ရတနာ ပစ္စည်းများ
  • စက်ရုံနှင့် စက်ပစ္စည်း၊ ကုန်ပစ္စည်းများ၊ အခြား ရွှေ့ပြောင်း နိုင်သော ပစ္စည်းများ
  • ဘဏ် အာမခံများ၊ ဘဏ်များ၏ Standby Letter of Credit အာမခံများ၊ Credit Guarantee များ
  • ဝယ်ယူသည့် ပစ္စည်း၏ အရောင်း ဘောက်ချာများ၊ စာချုပ်များ၊ ပိုင်ဆိုင်မှု စာရွက် စာတမ်းများ၊ ဝယ်ယူသော ပစ္စည်း အာမခံများ

လိုအပ်သော စာရွက်စာတမ်းများ

  • မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စု စာရင်းနှင့် မိတ္တူ
  • ရပ်ကွက် ထောက်ခံစာ မူရင်း
  • ဝင်ငွေ အထောက်အထား
  • ဝင်ငွေခွန် ပြေစာများ