ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်(ခေါ်) A bank (အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်) ကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ (၃ဝ.၇.၂ဝ၁၄) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၃/၂ဝ၁၄ နှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ၂၂.၁၂.၂ဝ၁၄ နေ့တွင် စတင် ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း ကူးသန်း ရောင်းဝယ်ရေး ဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းများကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုင်စင်များဖြင့် ဆောင်ရွက် နေသည့် ဘဏ်လည်း ဖြစ်ပါသည်။
A bank သည် လယ်ယာ ကဏ္ဍ Supply Chain တစ်ခုလုံးတွင် ပါဝင် လုပ်ကိုင်လျက် ရှိသည့် စီးပွားရေး လုပ်ငန်းများ စုပေါင်းခြင်း မှ ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။
A bank၏ အဓိက ရည်ရွယ်ချက်မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ တောင်သူ လယ်သမားများ၏ လူမှုဘဝ မြင့်မား စေရေးနှင့် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး တို့ဖြစ်ပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အမျိုးမျိုးကို ခေတ်မီ နည်းပညာများ အသုံးပြု၍ ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။
A bank သည် နိုင်ငံတကာ ဘဏ်လုပ်ငန်းများ နည်းတူ လယ်ယာကဏ္ဍ တွင် အခြေခံ ထုတ်လုပ်မှု မှ စျေးကွက် ရောက်သည် အထိ Supply Chain အဆင့်ဆင့်တွင် အမှန်တကယ် လိုအပ် နေသူများထံ ထိရောက်သော ငွေကြေး ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်ချက် ထားရှိပါသည်။
Motto
Standing with You
Core Values
Integrity, Service Excellence, Innovation and Dynamic