fbpx

လေးစားအပ်ပါသော မိတ်ဆွေများ ခင်ဗျား
A bank စတင်ခဲ့သည်မှာ (၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စတင်ခဲ့သည်မှ ယနေ့အချိန်အထိ ယုံကြည် အားပေးခဲ့ကြသည့် မိတ်ဆွေ များအားလုံးအား အထူးကျေးဇူးတင်ရှိပါတယ်…
လူကြီးမင်းတို့၏ အားပေးမှုနှင့် A bank မိသားစုများ၏ ကြိုးပမ်းမှုဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းတွင် Mobile Banking, Internet Banking နှင့် Privilege Banking တို့ကို စတင်နိုင်ခဲ့ပြီး ဘဏ်တွင် စုစုပေါင်း Total Assets (၅၅၁) ဘီလီယံရှိလာသဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါးတိုးတက်ခဲ့ပါတယ်…
ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ဘဏ်ခွဲများထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ဘဏ်ခွဲ (၂၁)ဘဏ်ထိ တိုးတက်လာခဲ့ကာ ရန်ကုန်ကွပ်ကဲရေးရုံးကိုလည်း ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်တွင် သီးခြား အဆောက်အဦအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါတယ်…
A bank အနေဖြင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်သော KASIKORNBANK (KBank) နှင့် Equity Participation ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ထိုသို့ပူးပေါင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်Banking Network များ၊ နည်းပညာများ ရရှိလာမည့်အပြင် လူ့စွမ်းအား အရင်းအမြစ်လည်း ပိုမို ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်…
COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် ပါဝင်လှူဒါန်းခြင်းအပြင် ကပ်ရောဂါ ခံစားရမှုကြောင့် ဖြစ်ပေါ်ခဲ့ သော စီးပွားရေး အကျပ်အတည်းများအား တဖက်တလမ်းမှ ကုစားနိုင်ရန်အတွက် မိမိတို့ဘဏ်မှ ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်၍ နိုင်ငံတော် အစီအစဉ်ဖြင့် ချေးငွေထုတ်ချေးပေးရာတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက် ပေးနိုင်ခဲ့ပါတယ်…
ရှေ့ဆက်၍လည်း နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ငွေကြေးကဏ္ဍ ဒေါက်တိုင် တစ်ခုအနေဖြင့် မားမားမတ်မတ် ပါဝင် ဆောင်ရွက်သွား မည်ဖြစ်ပြီး Stakeholder များအားလုံးက အားကိုးရသည့် ဘဏ်တစ်ခု ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်…

(ဇန်နဝါရီလ၊ ၂၀၂၁ခုနှစ်)