fbpx

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်(A bank)သည် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၄) အရ ဖွဲ့စည်းတည်ထောင် ခဲ့သောဘဏ်ဖြစ်ပါသည်။ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ၂၂-၁၂-၂၀၁၄ တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်ခဲ့ပါ သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်အမှတ် မဗဘ/ပီ-၃၄/(၁၁)၂၀၁၅ အား ၁၇-၁၁-၂၀၁၅ နေ့တွင် လက်ခံ ရရှိခဲ့ပါသည်။ ၂၇-၁၁-၂၀၁၅ တွင်ပထမဆုံး ဘဏ်ခွဲဖြစ်သည့် ပုသိမ်ဘဏ်ခွဲအား စတင်ဖွင့်လှစ်ပြီး ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းအား စတင်လုပ်ကိုင်ခဲ့ပါသည်။

 

မျှော်မှန်းချက်

အားလုံးအတွက် ရေရှည်တည်တံ့သည့် ကောင်းကျိုးရလဒ်များအား ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ဆောင်ကြဉ်းပေးမည့် မြန်မာနိုင်ငံ၏ ဆန်းသစ်တီထွင်မှုရှိသော၊ သွက်လက်မြန်ဆန်သော ဘဏ်တခုဖြစ်လာစေရန်၊

ရည်ရွယ်ချက်

  • ယုံကြည်စိတ်ချရသော၊ သုံးစွဲသူ၏ လိုအပ်ချက်နှင့်အညီ စိတ်တိုင်းကျ ရွေးချယ်နိုင်သော၊ သစ်လွင်ဆန်းသစ်မှုရှိသော၊ အဆင်ပြေချောမွေ့သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆောင်ကြဉ်းပေးနိုင်ရန်၊
  • အကျိုးအမြတ် မျှဝေသော၊ ကုန်ကျစရိတ်ထက် ထိုက်တန်သော၊ ဒစ်ဂျစ်တယ်နည်းပညာကို အခြေပြုမောင်းနှင်သော ဝန်ဆောင်မှု ကို ဆောင်ကြဉ်းပေးနိုင်ရန်၊ နည်းပညာကို အခြေခံသော နည်းလမ်းဖြင့် ထိရောက်၍ စရိတ်စက သက်သာထိုက်တန်သော ဝန်ဆောင်မှုကို ဆောင်ကြဉ်းပေးနိုင်ရန်၊
  • နိုင်ငံတကာနှင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ပြီး စုပေါင်းညှိနှိုင်းဆောင်ရွက်မှု ဖြင့် ကောင်းကျိုးရလဒ်များ ဆောင်ကြဉ်းနိုင်ရန်၊
  • ဝန်ဆောင်မှုလက်လှမ်းမီရန် ခက်ခဲနေသော ပြည်သူများအတွက် လွယ်ကူစွာသုံးစွဲနိုင်သော၊ ဘဏ္ဍာရေးဆိုင်ရာ တန်းတူညီမျှမှု ရှိသော အခွင့်အလမ်းများကို ဒီဂျစ်တယ်နည်းလမ်းများဖြင့် ပံ့ပိုးပြီး နိုင်ငံလုံးဆိုင်ရာ အားလုံးပါဝင်နိုင်သည့် ဘဏ္ဍာရေးစနစ် ကြိုးပမ်းအားထုတ်မှုများကို အားကောင်းမောင်းသန်ဖြစ်စေရန်။

Corporate Value

(၁) Accountability (တာဝန်ခံမှုရှိခြင်း)
မိမိတို့အားလုံးသည် မိမိတို့၏ လုပ်ဆောင်ချက်များအားလုံးအပေါ် တစ်ဦးချင်းစီအလိုက်၊ အဖွဲ့အစည်းအလိုက် တာဝန်ခံ၊ တာဝန်ယူမှုရှိစွာဖြင့် လုပ်ငန်းဆောင်ရွက် ကြရမည် ဖြစ်ပါသည်။

(၂) Integrity & Honesty (တည်ကြည်မှု နှင့် ရိုးသားမှုရှိခြင်း)
မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းသည် ငွေကြေးအဖွဲ့အစည်းဖြစ်ပြီး ဘဏ်ဖြစ်သည့် အားလျော်စွာ ဝန်ထမ်းတစ်ဦးချင်းစီ၏ တည်ကြည်မှု နှင့် သွင်ပြင် လက္ခဏာနှင့်  ရိုးသားဖြောင့်မှန်ကန်မှုသည် အလွန်အရေးကြီးပါသည်။ ဝန်ထမ်းတစ်ဦးချင်းစီ၏ ရိုးသားမှုဂုဏ်သည် မိမိတို့ဘဏ်၏ ဂုဏ်ပုဒ် တစ်ခု လည်း ဖြစ်ပါသည်။

(၃) Teamwork (အဖွဲ့အစည်းအလိုက်ဆောင်ရွက်မှုရှိခြင်း)
မိမိတို့သည် တစ်ဦးတစ်ယောက်၏ အောင်မြင်မှုထက် စုပေါင်းလုပ်ဆောင်၍ရသော အောင်မြင်မှုကို ပိုမို အလေးထားသည့် အားလျော်စွာ မည့်သည့် အရာကိုမဆို အသင်းအဖွဲ့အလိုက် ပူးပေါင်းလုပ်ကိုင်၍ အောင်မြင်မှုရအောင် ဆောင်ရွက်ခြင်းဖြင့် ဘဏ်၏ ဂုဏ်ကို မြင့်တင်မည်ဖြစ်ပါသည်။

(၄) Innovation (ဆန်းသစ်တီထွင်မှုရှိခြင်း)
ပြောင်းလဲ တိုးတက်နေသော ခေတ်တွင် ဆန်းသစ်တီထွင်မှုသည် လုပ်ငန်း အောင်မြင်မှု၏ အသက်သွေးကြောဖြစ်သည့် အားလျော်စွာ မိမိတို့ဝန်ထမ်းများသည် တစ်ဦးချင်းစီအလိုက်၊ အဖွဲ့အစည်းအလိုက် အမြဲဆန်းသစ်တီထွင်မှု ရှိအောင် ကြိုးစား သွားမည်ဖြစ်ပါသည်။

(၅) Diversity (မတူကွဲပြားစွာ လုပ်ကိုင်ခြင်း)
မိမိတို့ဘဏ်သည် ရင်းနှီးမြှပ်နှံမှုပိုင်းတွင် မတူညီသည့် ကဏ္ဍများတွင် ရင်းနှီးမြှပ်နှံသကဲ့သို့ ဘဏ်၏ လူ့စွမ်းအား အရင်းအမြစ် ရွေးချယ်ခန့်ထားသည့် အပိုင်းတွင်လည်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ ခန့်ထားသည့် မူကို ကျင့်သုံး ဆောင်ရွက်ပါသည်။ Abank ၏ မူမှာ မတူကွဲပြားစွာ ပေါင်းစပ်၍ အောင်မြင်မှုရအောင် ဆောင်ရွက်သွားသည့်မူ ဖြစ်ပါသည်။