fbpx

အပ်ငွေစာရင်းများ

ငွေစုစာရင်း

ငွေစုစာရင်းသည် မိမိတို့တွင်ရှိသော ငွေပိုငွေလျှံများအား စုဆောင်းနိုင်သော ငွေစုစာရင်းအမျိုးအစားဖြစ်ပြီး ထိုထည့်သွင်းငွေ အပေါ်တွင် ဘဏ်မှအတိုးတွက်ချက် ထည့်သွင်းပေးပါသည်။  

တစ်ဦးချင်းဖြစ်စေ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ၊ လူမှုရေး၊  ဘာသာရေးနှင့် စီးပွားရေးအဖွဲ့အစည်းများ အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပါသည်။

တစ်နှစ်လျှင် % အတိုးပေးပြီး အတိုးကို နှစ်စဉ် သုံးလပတ် ကုန်ဆုံးသည့်အချိန် ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ၊ မတ်လ များတွင်ထည့်ပေးပါသည်။

သိန်းတစ်ထောင်နှင့်အထက် အပ်နှံသော Royal Savings Deposit Account အတွက် တစ်နှစ်လျှင် .၂၅% အတိုးပေးပါသည်။

Mobile Banking, Internet Banking များဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

စာရင်းရှင်အပ်ငွေစာရင်း

စီးပွားရေးသမားများ၊ စီးပွားရေးလုပ်ငန်းများ နှင့် တစ်နေ့တာငွေ အဝင်အထွက် မြောက်မြားစွာ လုပ်ကိုင်နေရသူများ အတွက် ရည်ရွယ်ပါသည်။ ချက်လက်မှတ်ကို အသုံးပြုခွင့် ရှိသဖြင့် ကုမ္ပဏီ၊ လုပ်ငန်းအဖွဲ့ အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် ငွေပေးချေရာတွင် အထူးသင့်တော် အသုံးဝင်ပါသည်။

တစ်ဦးချင်းဖြစ်စေ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ၊ ကုမ္ပဏီ အဖွဲ့အစည်းများ အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ် နိုင်ပါသည်။

စာရင်းရှင် စာရင်းသို့ ငွေသားသွင်းခြင်း၊ ချက်လက်မှတ်ဖြင့် ငွေပေးချေခြင်း၊ ချက်လက်မှတ် များအား ငွေကောက်ခံ ပေးခြင်းတို့ အပြင် ဘဏ်နှင့် ကြိုတင် ညှိနှိုင်းထားပြီး (Standing Instruction) ပေးထားခြင်းဖြင့် ပုံမှန် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ငွေပေးချေခြင်းများ စာရင်း တစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့ခြင်းများ ဆောင်ရွက်ခြင်း စသည့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။

Mobile Banking, Internet Banking များဖြင့် ချိတ်ဆက် အသုံးပြု၍ နေ့စဥ် အဝင်အထွက် စာရင်းများကို လွယ်ကူလျှင်မြန်စွာ သိရှိပါသည်။

ခေါ်ယူအပ်ငွေစာရင်း

နေ့အလိုက် စာရင်း လက်ကျန် ငွေပေါ်တွင် အတိုး ခံစားခွင့် ပေးသည့် အထူးအခွင့်အရေး ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်များသော စီးပွားရေးသမားများအတွက် အထူးသင့်တော်ပါသည်။ အတိုးနှုန်းမှာ % ဖြစ်ပြီး လက်ကျန်ငွေကျပ် တစ်သိန်းနှင့်အထက်ပေါ်တွင်သာ နေ့စဉ် တွက်ချက် မှတ်သား၍ အတိုးကို()လပတ် ကုန်ဆုံးသည့် အချိန် ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ၊ မတ်လ များတွင် ထည့်သွင်း ပေးမည် ဖြစ်ပါသည်။

တစ်ဦးချင်းဖြစ်စေ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ၊ ကုမ္ပဏီ အဖွဲ့အစည်းများ အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ် နိုင်ပါသည်။

Mobile Banking, Internet Banking များဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

စာရင်းသေအပ်ငွေစာရင်း

အချိန်အတိုင်းအတာတစ်ခုအထိ ငွေသွင်းငွေထုတ်မပြုလုပ်ဘဲ သတ်မှတ်ထားသည့် အချိန်ပြည့်သည်အထိ စုဆောင်းရသော အပ်ငွေစာရင်း ဖြစ်ပါသည်။ အချိန်ကာလတစ်ခု ရင်းနှီး၍ အတိုးနှုန်းမြင့်မားမှုကို လိုလားသော ငွေပိုငွေလျှံ ရှိသူများ အတွက် အထူးသင့်တော်ပါသည်။ အဆိုပါစာရင်းအား စာရင်းပေါင်ထား၍လည်း ချေးငွေ ပြန်လည်ထုတ်ယူနိုင်သည်။ 

တစ်ဦးချင်းဖြစ်စေ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ၊ ကုမ္ပဏီ အဖွဲ့အစည်းများ အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ် နိုင်ပါသည်။

စာရင်းသေအပ်ငွေ ကို အနည်းဆုံးကျပ် ၁၀ဝ,ဝ၀ဝ ဖြင့် စတင်၍ အကန့်အသတ်မရှိ အပ်နှံ စုဆောင်းနိုင်ပါသည်။

  • ရက် (၃၀) အတိုးနှုန်း .၀၀%
  • ရက် (၆၀) အတိုးနှုန်း .၁၀%
  • ရက် (၉၀) အတိုးနှုန်း .၃၅%
  • ရက် (၁၈၀) အတိုးနှုန်း .၆၀%
  • ရက် (၂၇၀) အတိုးနှုန်း .၈၀%
  • ရက် (၃၆၅) အတိုးနှုန်း .၀၀% (သိန်းတစ်ထောင်အောက်)
  • ရက် (၃၆၅) အတိုးနှုန်း .၂၅% (သိန်းတစ်ထောင်နှင့်သိန်းငါးထောင်အောက်)
  • ရက် (၃၆၅) အတိုးနှုန်း .၅၀% (သိန်းငါးထောင်နှင့်အထက်)