fbpx

ချေးငွေများ

စာရင်းပိုထုတ်ချေးငွေ

လုပ်ငန်းရှင်များအတွက် ဝန်မပိစေပဲ လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်ရှိမှသာ လိုအပ်သော ပမာဏကို မိမိလိုအပ်သော အချိန်ကာလအတွက် ထုတ်ယူ သုံးစွဲနိုင်သော ကာလတို ချေးငွေအမျိုးအစား ဖြစ်သည်။ စာရင်းရှင်အပ်ငွေစာရင်း (Current Account) တစ်ခု ရှိရန် လိုအပ်ပြီး ဘဏ်မှ ချမှတ်ပေးထားသော ပမာဏ တစ်ခုကို မိမိစာရင်းထဲတွင် ငွေမရှိသော်လည်း ဘဏ်မှ ချမှတ်ပေးထားသော ချေးငွေ သက်တမ်းအတွင်း ကာလတို ရယူ သုံးစွဲနိုင်မည် ဖြစ်ပြီး မိမိသုံးစွဲသော ပမာဏနှင့် အချိန်ကာလအပေါ်တွင်သာ တွက်ချက်၍ အတိုးပေးရမည် ဖြစ်သည်။ ချေးငွေသက်တမ်း ၁နှစ်အထိ ရရှိနိုင်သည်။

နှစ်လတ် / နှစ်ရှည် ချေးငွေ

လုပ်ငန်းရှင်များ နှင့် ကုမ္ပဏီများတွင် လိုအပ်သော လုပ်ငန်းချဲ့ထွင်မှုများ၊ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုများ စသည်တို့တွင်  ချေးငွေ ကာလရှည်ကြာ လိုအပ်ပါက ရယူနိုင်သော ချေးငွေ အမျိုးအစားဖြစ်သည်။ ချေးငွေ သက်တမ်း ၃နှစ်အထိ ရရှိနိုင်သည့် အတွက် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုသော လုပ်ငန်းရှင်များအတွက် အထူး သင့်တော်ပါသည်။

 

အငှားဝယ်ယူ ချေးငွေ

လစဥ် အရစ်ကျစနစ်ဖြင့် ပစ္စည်းဝယ်ယူနိုင်သော ချေးငွေ အမျိုးအစား ဖြစ်သည်။ ဝယ်ယူလိုသော ပစ္စည်းအား Down Payment ၃၀% လက်ငင်းပေးသွင်းရုံဖြင့် စတင် အသုံးပြု၍ ရမည် ဖြစ်ပြီး EMI ဖြင့် လစဥ် ပုံမှန် ပမာဏ တစ်ခု ပေးသွင်းရုံဖြင့် ချေးငွေသက်တမ်းကုန်ဆုံး၍ အပြေအကျေ ပေးဆပ်ပြီးသောအခါတွင် Customer မှ ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။ HP စနစ်ဖြင့်အောက်ပါပစ္စည်းများအား အတိုးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ပါသည်။

  • Heavy Machinery စက်ယန္တယားကြီးများ
  • Automobiles and other Vehicles မော်တော်ယာဥ်များ
  • Agricultural Equipment စိုက်ပျိုးရေး ကိရိယာများ
  • Generator မီးစက်
  • Software & Hardware
  • Solar Dryer နေစွမ်းအင်သုံး အခြောက်ခံစက်
  • Gold & Jewelry ရွှေနှင့်ကျောက်မျက်ရတနာ
  • Rice Mill & Spare Parts ဆန်စက်နှင့် အပိုပစ္စည်းများ

စီမံကိန်း အခြေပြု ချေးငွေ

ရေတိုရေရှည်စီမံကိန်းဖြင့်ဆောင်ရွက်ရသော လုပ်ငန်းများအတွက် Project Plan အတိုင်းစီစစ်ထုတ်ချေးပေးသည့် ချေးငွေဖြစ်ပါသည်။

စာရင်းပေါင်ချေးငွေ

မိမိ၏ အပ်ငွေစာရင်း တစ်မျိုးမျိုးရှိ ငွေပမာဏကို အပေါင်အဖြစ်ပေး၍ ချေးရသော ချေးငွေ ဖြစ်သည်။

ဘဏ်အာမခံစာတန်း

လုပ်ငန်း လုပ်ဆောင်ရန် ချုပ်ဆိုသော စာချုပ်များတွင် လုပ်ငန်း ပြီးမြောက်ခြင်း မရှိက ပေးလျော်ရန် အာမခံ စာတမ်း ထုတ်ပေးခြင်းဖြင့် ကူညီပံ့ပိုးသော ဝန်ဆောင်မှု ဖြစ်သည်။

စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းချေးငွေ

လယ်ယာကဏ္ဍ ထုတ်လုပ်မှု တိုးတက်စေရန် လိုအပ်သော ငွေကြေး အရင်းအနှီးနှင့် သွင်းအားစုများ ရရှိစေရန် ရာသီလိုက် စိုက်ပျိုးစရိတ် လိုအပ်ချက်များ၊ မျိုးစေ့ ထုတ်လုပ်ငန်းများ၊ ဆန်စက် လုပ်ငန်းများ၊ တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ဒေသထွက်ကုန် အထောက်အကူပြု လုပ်ငန်းများ၏ လုပ်ငန်း လိုအပ်ချက်များ အတွက် ထုတ်ချေးသော ချေးငွေများ၊ စံပြလယ်ယာ ဖော်ထုတ်မှုများ အပြင် ၎င်းလုပ်ငန်းများ အကောင်အထည် ဖော်မည့် စီးပွားရေး လုပ်ငန်းများသို့ ထုတ်ချေးသော ချေးငွေများ ဖြစ်သည်။

ဘဏ်မှ လက်ခံသည့် အပေါင် အာမခံ ပစ္စည်းများ

  • မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်း (Immovable Property)

(ပိုင်ဆိုင်မှု စာချုပ် စာချုပ်စာတမ်းများ အပေါင်ပြုခြင်း)

  • အပ်ငွေစာရင်း လက်ကျန်များ (Lien)
  • ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ (ကုန်ပစ္စည်းနှင့် စက်ပစ္စည်းများ လက်ရောက်ပေါင်) (Movable Property)
  • ရွှေထည် အာမခံပစ္စည်းများ (Gold and Jewelry)
  • အငှားဝယ် စနစ်အတွက် ဝယ်ယူသည့် ပစ္စည်း၏ အရောင်း ဘောက်ချာများ စာချုပ်များ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ၊ ဝယ်ယူသော ပစ္စည်း အာမခံများ (Hire Purchase)
  • ကြွေးမြီ လွှဲပြောင်းခြင်း အာမခံ (Assignment of Debt)
  • လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ)(တောင်သူ လယ်သမားများ အထူးပြု ကုမ္ပဏီများ၊ စံပြ လယ်ယာမြေများ) (Land Ownership Certificate Form(7))
  • စီမံကိန်းများ (Projects) အတွက် စီမံကိန်း အာမခံများ။
  • လူပုဂ္ဂိုလ် အာမခံ (Personal Guarantee) နှင့်ဘဏ်မှ လက်ခံသော အခြား အာမခံ ပုံစံများ။

နီးစပ်ရာ A bank ဘဏ်ခွဲများတွင် လျှောက်ထားနိုင်သည်။