fbpx

Business Loans

Term Loan

သက်တမ်း ၃ နှစ်အထိ ရရှိ နိုင်သည့် ကာလရှည် ချေးငွေ ဖြစ်သောကြောင့် မိမိတို့ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် လိုသော လုပ်ငန်းရှင်များ အတွက် အထူး သင့်တော် ပါသည်။

Short-Term Loan

လုပ်ငန်းတွင် လှည့်လည် အသုံးပြုရန် လိုအပ်ချက် အလိုက် ချေးယူရသော ကာလတို ချေးငွေ ဖြစ်သောကြောင့် ပို့ကုန် လုပ်ငန်းရှင်များ၊ Account Receivables နှင့် Working Capital လိုအပ်သူများ အတွက် အထူး သင့်တော် ပါသည်။

Overdraft Loan

လုပ်ငန်းရှင်များ အတွက် ဝန်မပိစေဘဲ မိမိ လုပ်ငန်း လည်ပတ်ရာတွင် လိုအပ်မှသာ လိုအပ်သော ငွေပမာဏကို မိမိ လိုအပ်သော အချိန်ကာလ အတွက် ထုတ်ယူ သုံးစွဲနိုင်သော ကာလတို ချေးငွေ အမျိုးအစား ဖြစ်သည်။

Project Loan

ရေတိုရေရှည် စီမံကိန်းဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများ အတွက် Project Plan အတိုင်း စိစစ် ထုတ်ချေး ပေးသော ချေးငွေ ဖြစ်ပါသည်။ ချေးငွေ သက်တမ်းမှာ Project တစ်ခုစီ အပေါ် မူတည်၍ ကွာခြား နိုင်ပါသည်။

Supply Chain Financing

စီးပွားရေး လုပ်ငန်းများ၏ ကုန်စည် စီးဆင်းမှု ဆိုင်ရာ ငွေကြေး လည်ပတ်မှုကို အထောက်အကူ ဖြစ်စေမည့် ကာလတို ချေးငွေ အမျိုးအစား ဖြစ်ပါသည်။ လုပ်ငန်း၏ သဘော သဘာဝ အပေါ် မူတည်၍ ချေးငွေ အမျိုးအစား (၂) မျိုးရှိပါသည်။

MSME

SME Loans

အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အတွက် စီးပွားရေး လုပ်ငန်းများကို ချဲ့ထွင် လုပ်ကိုင် ရင်းနှီး နိုင်စေရန် ရည်ရွယ်သော ချေးငွေ အမျိုးအစား ဖြစ်ပါသည်။ လုပ်ငန်း လည်ပတ်မှုကို အထောက်အကူ ဖြစ်စေရန် Working Capital Loan ၊ လုပ်ငန်းသုံး ပစ္စည်းများ ရင်းနှီး မြှုပ်နှံရန် Fixed Assets Loan၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူ ပြုစေရန် Green Financing စသည့် ချေးငွေ တို့ကို လျှောက်ထား နိုင်ပါသည်။

Agriculture Loan

မွေးမြူရေးနှင့် ​​​​​​​လယ်ယာ ကဏ္ဍ ထုတ်လုပ်မှု တိုးတက် စေရေးတွင် လိုအပ်သော ငွေကြေး အရင်းအနှီး နှင့် အခြား အရင်းအမြစ်များ အတွက် ချေးငွေ လျှောက်ထား နိုင်ပါသည်။ မျိုးစေ့ ထုတ်လုပ်ငန်းများ၊ ဆန်စက် လုပ်ငန်းများ၊ တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ဒေသ ထွက်ကုန် အထောက်အကူပြု လုပ်ငန်းများ စသည့် လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးစေရန် အတွက် ရည်ရွယ်သည့် ချေးငွေ ဖြစ်ပါသည်။

Partner Loan : Grab Driver Loan

Grab Myanmar နှင့် A bank တို့ ပူးပေါင်း၍ Grab မိတ်ဖက် ယာဉ်မောင်းများ အတွက် သင့်တင့်သော အတိုးနှုန်းဖြင့် A bank | Grab Driver Partner Loan ချေးငွေ ဝန်ဆောင်မှုကို လျှောက်ထား ရယူ နိုင်ပါသည်။ ချေးငွေကို ပြန်လည် ပေးချေရာ တွင်လည်း အဆင်ပြေ လွယ်ကူ စေရန် အပတ်စဉ် အရစ်ကျ ပြန်လည် ပေးဆပ် နိုင်အောင် ဆောင်ရွက် ထားပါသည်။
A bank တွင် Grab မိတ်ဖက် ယာဉ်မောင်းများ ချေးငွေ ရယူလိုပါက လိုအပ်သော စာရွက် စာတမ်းများ နှင့်အတူ အောက်ပါ A bank ဘဏ်ခွဲ (၅) ခုတွင် ဘဏ်ဖွင့်ချိန် အတွင်း သွားရောက် လျှောက်ထား နိုင်ပါသည်။

  • နတ်မောက်လမ်းဘဏ်ခွဲ
  • တာမွေဘဏ်ခွဲ
  • သင်္ဃန်းကျွန်းဘဏ်ခွဲ
  • ဝါးတန်းလမ်းဘဏ်ခွဲ
  • ဘုရင့်နောင်ဘဏ်ခွဲ

Hire Purchase

လက်ငင်း အပြည့်အဝ ငွေပေးချေ စရာ မလိုဘဲ လစဉ် အရစ်ကျ ငွေပေး သွင်းရုံဖြင့် မိမိတို့ ဝယ်ယူ လိုသော ပစ္စည်းများကို ပိုင်ဆိုင် ရယူ နိုင်ပါသည်။

Hire Purchase စနစ်ဖြင့် ဝယ်ယူ နိုင်သော ပစ္စည်းများမှာ –

  • မော်တော်ကား၊ ဆိုင်ကယ် အစရှိသည့် ပစ္စည်းများ
  • လုပ်ငန်းသုံး စက်ပစ္စည်းများ၊ မီးစက်များ၊ စက်ယန္တရားများ
  • လယ်ယာသုံး စက်ကိရိယာများ၊ ဆန်စက်များ
  • စိန်ရွှေ ရတနာ ပစ္စည်းများ
  • တယ်လီဖုန်း Handset များ၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ

Lien Loan

မိမိ၏ အပ်ငွေ စာရင်း တစ်မျိုးမျိုးရှိ ငွေပမာဏကို အပေါင် အဖြစ် ပေး၍ ချေးရသော ချေးငွေ ဖြစ်သည်။