- အနည်းဆုံး ငွေကျပ် ၁,၀ဝဝ ဖြင့် စတင်စာရင်းဖွင့် အပ်နှံနိုင်ပါသည်။
- တစ်ဦးချင်းဖြစ်စေ ၊ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ ၊ အရွယ်မရောက်သေးသူများ ၊ လူမှုရေး ၊ ဘာသာရေးနှင့် စီးပွားရေးအဖွဲ့အစည်းများ အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပါသည်။
- တစ်နှစ်လျှင် ၇% အတိုးပေးပါသည်။
- အတိုးကို နှစ်စဉ် သုံးလပတ် ကုန်ဆုံးသည့်အချိန် ဇွန်လ၊ စက်တင်ဘာလ၊ဒီဇင်ဘာလ၊မတ်လ များတွင်ထည့်ပေးပါသည်။
- အာမခံငွေစုဘဏ်စာရင်း
ဌာန၊အဖွဲ့အစည်း၊ ကုမ္ပဏီ အသီးသီးတို့တွင် ငွေကြေး တာဝန်ယူ ဆောင်ရွက်ရသော ဝန်ထမ်းများ အတွက် အာမခံငွေစုဘဏ် စာရင်းတစ်ခု ဖွင့်လှစ်လိုပါက၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း၊ကုမ္ပဏီ အသီးသီးတို့၏ ဌာနအကြီးအကဲစာဖြင့် အာမခံ ငွေစုဘဏ်စာရင်းတစ်ခု ဖွင့်လှစ်နိုင်ပြီး၊ ငွေသွင်း / ငွေထုတ်ကိစ္စကို သက်ဆိုင်ရာဌာန အကြီးအကဲ၏ စာတွင် ဖော်ပြထားသည့် အတိုင်းဘဏ်မှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ - သိန်းတစ်ထောင်နှင့်အထက် အပ်နှံသော Royal Savings Deposit Account အတွက် တစ်နှစ်လျှင် ၇.၂၅% အတိုးပေးပါသည်။
Standing with you Business Banking

စာရင်းရှင်အပ်ငွေစာရင်း
ကုမ္ပဏီများ၊ စီးပွားရေး အဖွဲ့အစည်းနှင့် လုပ်ငန်းရှင်များအတွက်သင့်လျော်အသုံး၀င်ပါသည်။

ချေးငွေလုပ်ငန်း
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းချေးငွေများ၊ အရစ်ကျအလတ်စား၊ ရေရှည်ချေးငွေနှင့်စီမံကိန်းချေးငွေလုပ်ငန်း။

အသေးစားနှင့်အလတ်စားချေးငွေအမျိုးအစားများ
အရောင်းအဝယ်ကိစ္စများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုများ၊ လုပ်အားခများနှင့် အခြားသောလုပ် ဆောင်ချက်များ လုပ်ဆောင်သောလုပ်ငန်းများအတွက် ကာလတိုချေးငွေအမျိုးအစားဖြစ် သည်။

ပြည်တွင်းငွေလွှဲလုပ်ငန်း
ကျွန်ုပ်တို့သည် ပိုမိုလျှင်မြန်စွာဖြင့် အဆင်ပြေပြေပိုင်ဆိုင်သူရှိရာ ဘဏ်ခွဲများသို့ ငွေလွှဲပြောင်းပေးပို့ပါသည်။

ငွေပေးအမိန့်လွှာ
ကော်မရှင်သည် ငွေကျပ် ၁၀ဝ အတွက် ၁၀ ပြားကောက်ခံပါသည် ကနဦး ကော်မရှင်ငွေသည် ကျပ်၁၀ဝ မှ ကျပ် ၃၀ဝ၀၀ ရှိပါသည်။