fbpx

အသေးစားနှင့်အလတ်စားချေးငွေအမျိုးအစားများ

ချေးငွေအမျိုးအစား- လုပ်ငန်းလည်ပတ်ရန်ချေးငွေ(Working Capital Loan)

အဓိကအချက်များ
အရောင်းအဝယ်ကိစ္စများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုများ၊ လုပ်အားခများနှင့် အခြားသောလုပ် ဆောင်ချက်များ လုပ်ဆောင်သောလုပ်ငန်းများအတွက် ကာလတိုချေးငွေအမျိုးအစားဖြစ် သည်။ ကာလတိုချေးငွေသည် ကုမ္ပဏီအတွက်လိုအပ်သောငွေကြေးကွာဟမှုကို ဘဏ်မှစိုက်ထုတ်ပေး ခြင်း ဖြစ်သည်။(ဥပမာ- ရာသီဥတုအပေါ်မူတည်သောလုပ်ငန်းများအတွက် ရရန်ရှိနှင့် ပေးရန်ရှိ တို့၏ ငွေကြေးလိုအပ်ချက်ကိုစိုက်ထုတ်ပေးခြင်းဖြစ်သည်။)
ချေးငွေပမာဏ                          – ကျပ်ငွေ (၅၀၀) သန်းအထိ
ချေးငွေသက်တမ်း                      – (၁)နှစ်အထိ(ချေးငွေအမျိုးအစား၊ချေးငွေယူသူ၏တောင်းဆိုချက်နှင့် A Bank ၏သုံးသပ်ချက်ပေါ်မူတည်ပါသည်။)
အတိုးနှုန်း                               – (၁) နှစ်လျှင် (၁၀%)
အပေါင်ပစ္စည်း                           – မြေနှင့်အဆောက်အဦး၊စက်ပစ္စည်းနှင့်မော်တော်ယဉ်အပေါင်၊အပ်ငွေစာရင်း၊ ကုန်ပစ္စည်းအပေါင်၊ အစိုးရတင်ဒါစာချုပ်၊ ရွှေနှင့်လက်ဝတ်ရတနာပစ္စည်း
များ၊ဂိုထောင်စာရင်း(Third Party မှစစ်ဆေး၍ သဘောတူထားသောစပါး
လက်ကျန်စာရင်း)၊ကိုယ်ရေးကိုယ်တာ အာမခံနှင့်အဖွဲ့အစည်းအာမခံ၊အိမ်
ခြံမြေလုပ်ငန်း၊ရွေ့ပြောင်းနိုင်သောပစ္စည်းများ။
ငွေပေးချေမှု                               – လစဉ်(သို့) ၃လ တစ်ကြိမ် တိုးရင်းပေါင်းပုံစံ။
ကုန်ကျစရိတ်                             – ဝန်ဆောင်ခ (၃%) အထိ (ချေးငွေပမာဏပေါ်) ဘဏ်မှသတ်မှတ်ထားသော စရိတ်များ။

 

ကန့်သတ်ထားသောအချက်အလက်များ
• တစ်ဦးတည်းလုပ်ငန်းပိုင်ရှင် (သို့) ဥပဒေအရလုပ်ပိုင်ခွင့်ရှိသူ
• အသက် (၂၀မှ ၆၅) နှစ်ကြား (တစ်ဦးတည်း customer အတွက်)
• လုပ်ငန်းကောင်းမွန်ကြောင်း လုပ်ဆောင်ချက်နှင့် ဘဏ္ဍာရေးရှင်းတမ်းမှတ်တမ်း။
• A Bank မှသတ်မှတ်ထားသော အခြားတိကျသော အချက်အလက်များ။

လိုအပ်သောစာရွက်စာတမ်းများ

*မှတ်ချက်- ချေးငွေခွင့်ပြုချင်း၊မပြုချင်းကို ဘဏ်မှအခွင့်အာဏာရှိပါသည်။

လျှောက်ထားရမည့်ပုံစံ

ချေးငွေလျှောက်ထားရန်အတွက်လိုအပ်သောအချက်အလက်များကိုနီးစပ်ရာ A Bank ဘဏ်ခွဲတိုင်းတွင် စုံစမ်းလျှောက်ထားနိုင်ပါသည်။

 

ချေးငွေအမျိုးအစား- Fixed Assets Loan (ပုံသေပိုင်ပစ္စည်းချေးငွေ)
အဓိကအချက်များ
လုပ်ငန်းသက်တမ်း(၁)နှစ်ထက်ကျော်လွန်သော ဘဏ်မှသတ်မှတ်ထားသည့်စီးပွားရေးလုပ်ငန်း များအတွက် ကာလလတ်ချေးငွေအမျိုးအစားဖြစ်သည်။ အဆိုပါချေးငွေကို လုပ်ငန်းအသစ်တွင် ရင်းနှီးမြုပ်နှံမှု၊ လုပ်ငန်းတိုးတက်ရန်အတွက် ပုံသေပိုင်ပစ္စည်းများ (စက်ပစ္စည်း၊မော်တော်ယာဉ်) များဝယ်ယူရန် ၊ စက်ရုံ/အလုပ်ရုံ တည်ဆောက်ရန်နှင့် ပြန်လည်ပြုပြင်ရန်အတွက် ချေးငွေရယူ နိုင်ပါသည်။
ချေးငွေပမာဏ                              – ကျပ်ငွေ (၅၀၀) သန်းအထိ
ချေးငွေသက်တမ်း                          – (၃)နှစ်အထိ(ချေးငွေအမျိုးအစား၊ချေးငွေယူသူ၏တောင်းဆိုချက်နှင့် A Bank ၏သုံးသပ်ချက်ပေါ်မူတည်ပါသည်။)
အတိုးနှုန်း                                     – (၁) နှစ်လျှင် (၁၀%)
အပေါင်ပစ္စည်း                              – မြေနှင့်အဆောက်အဦး၊စက်ပစ္စည်းနှင့်မော်တော်ယဉ်အပေါင်၊အပ်ငွေစာရင်း ၊ကုန်ပစ္စည်းအပေါင်၊အစိုးရတင်ဒါစာချုပ်၊ရွှေနှင့်လက်ဝတ်ရတနာပစ္စည်း များ၊ဂိုထောင်စာရင်း(Third Party မှစစ်ဆေး၍ သဘောတူထားသောစပါး လက်ကျန်စာရင်း)၊ကိုယ်ရေးကိုယ်တာ အာမခံနှင့်အဖွဲ့အစည်းအာမခံ၊အိမ် ခြံမြေလုပ်ငန်း၊ရွေ့ပြောင်းနိုင်သောပစ္စည်းများ။
ငွေပေးချေမှု                                 – လစဉ်(သို့) (၃လ)တစ်ကြိမ် တိုးရင်းပေါင်းပုံစံ။
ကုန်ကျစရိတ်                                – ဝန်ဆောင်ခ ၃% (ချေးငွေပမာဏပေါ်)။ဘဏ်မှသတ်မှတ်ထားသော စရိတ်များ။

 

ကန့်သတ်ထားသောအချက်အလက်များ
• တစ်ဦးတည်းလုပ်ငန်းပိုင်ရှင် (သို့) ဥပဒေအရလုပ်ပိုင်ခွင့်ရှိသူ
• အသက် (၂၀ မှ ၆၅) နှစ်ကြား (တစ်ဦးတည်း customer အတွက်)
• လုပ်ငန်းကောင်းမွန်ကြောင်း လုပ်ဆောင်ချက်နှင့် ဘဏ္ဍာရေးရှင်းတမ်းမှတ်တမ်း။
• A Bank မှသတ်မှတ်ထားသော အခြားတိကျသော အချက်အလက်များ

လိုအပ်သောစာရွက်စာတမ်းများ

*မှတ်ချက်- ချေးငွေခွင့်ပြုချင်း၊မပြုချင်းကို ဘဏ်မှအခွင့်အာဏာရှိပါသည်။

လျှောက်ထားရမည့်ပုံစံ

ချေးငွေလျှောက်ထားရန်အတွက်လိုအပ်သောအချက်အလက်များကိုနီးစပ်ရာ A Bank ဘဏ်ခွဲတိုင်းတွင် စုံစမ်းလျှောက်ထားနိုင်ပါသည်။