fbpx

A+ Wallet

ငွေလွှဲခြင်း

A+ အကောင့်မှ ငွေလွှဲလိုပါက ငွေလွှဲနည်းပုံစံ (၂) မျိုးဖြင့် ငွေလွှဲ နိုင်ပါသည်။

  • A+ အကောင့်ရှိသူ အချင်းချင်း A+ Wallet App ၏ ငွေလွှဲ လုပ်ဆောင်ချက်မှ တစ်ဆင့် အလွယ်တကူ ငွေလွှဲခြင်း
  • ​​​​​​ A+ အကောင့်မရှိသူထံသို့ ငွေလွှဲလိုပါက မှတ်ပုံတင်၊ One Time Password (OTP) နှင့် Transaction Code တို့ဖြင့် မိမိလွှဲလိုသည့် ပမာဏ အလိုက် သတ်မှတ် ဝန်ဆောင်ခများဖြင့် ငွေလွှဲ နိုင်ပါသည်။

ငွေသွင်းခြင်း

A+ Wallet အကောင့်ထဲသို့ နည်းလမ်း (၃) မျိုးဖြင့် ငွေဖြည့်သွင်းနိုင်ပါသည်။

  • ကတ်များမှတစ်ဆင့် ငွေဖြည့်ခြင်း
    • A+ Wallet အကောင့်ထဲကို မိမိ​​​​​​​ ကြိုက်နှစ်သက်ရာ ဘဏ်၏ MPU၊ Visa၊ MasterCard ကတ်များမှ တစ်ဆင့် အလွယ်တကူ ငွေဖြည့်နိုင်ပါသည် ငွေဖြည့်ရာတွင် မိမိကတ်ကို နောက်တစ်ခါ ထပ်မံ မဖြည့်သွင်းလိုပါက Save Card ပြုလုပ်၍ ကတ်ကိုလည်း မှတ်သားထားနိုင်ပါသည်။
  • A bank အကောင့်မှ ငွေဖြည့်ခြင်း
    • မိမိ၏ A+ Wallet အကောင့်ကို A bank နှင့် ချိတ်ဆက်ပြီး အခမဲ့ ငွေဖြည့်သွင်း နိုင်ပါသည်။
  • A+ Agent များမှ ငွေဖြည့်ခြင်း
    • မြန်မာနိုင်ငံအနှံ့ရှိ A+ Agent များမှတစ်ဆင့် မိမိ၏ A+ Wallet အကောင့်ထဲကို ငွေဖြည့်နိုင်ပါသည်။

ငွေထုတ်ခြင်း

​​​​​​​A+ Wallet အကောင့်မှ ငွေထုတ်လိုပါက နီးစပ်ရာ A+ Agent (သို့မဟုတ်) Prime Agent Counter ရှိသော A bank ဘဏ်ခွဲများတွင် ငွေထုတ် ယူနိုင်ပါသည်။

ဖုန်းဘေလ်ငွေဖြည့်ခြင်း

A+ Wallet App မှတစ်ဆင့် မည်သည့် ဖုန်းအော်ပရေတာ ကိုမဆို ဖုန်းဘေလ်ဖြည့်လို့ ရနိုင်ပါသည်။ ဖုန်းငွေ ဖြည့်တိုင်း လျှော့ပေးသည့် အထူးလျှော့ဈေး နှုန်းထား များလည်း ရှိပါသည်။

အင်တာနက်ဘေလ် ပေးဆောင်ခြင်း

A+ Wallet App မှတစ်ဆင့် MyanmarNet၊ Hi-wifi၊ Ananda စသည့် အင်တာနက် များ၏ ဘေလ်များကို လွယ်ကူစွာ ပေးဆောင် နိုင်ပါသည်။

QR ဖြင့် ငွေ အမြန်ပေးခြင်း

A+ Wallet အသုံးပြုသူ အချင်းချင်းနှင့် A Plus    QR code ချိတ်ဆွဲ ထားသော ဆိုင်များတွင် QR scan ဖတ်ပြီး လွယ်ကူ လျင်မြန်စွာ ငွေပေး ချေနိုင်ပါသည်။

A+ Agent

A+ Agent

A+ Agent အဖြစ် လျှောက်ထား လိုပါက ဖော်ပြပါ လင့်ခ် Click Here မှ တစ်ဆင့် လျှောက်ထား နိုင်ပါသည်။
အခြား သိလိုသည့် အကြောင်း အရာများ ကိုလည်း A+ Call Center – 09770707888, 09770709888 သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။

A+ Merchant

A+ Merchant

A+ Merchant အဖြစ် စိတ်ပါဝင်စား လျှောက်ထား လိုပါက ဖော်ပြ ထားသော လင့်ခ် Click Here   မှ တစ်ဆင့် လျှောက်ထား နိုင်ပါသည်။​​​​​​​
အခြား သိလိုသည့် အကြောင်း အရာများ ကိုလည်း  A+ Call Center – 09770707888, 09770709888 သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။