fbpx

Professional Education Program

A Bank ၏ပါဝင်ပတ်သက်သူများနှင့် ဘုတ်အဖွဲ့ဝင်များအနေဖြင့် အကောင်းဆုံးသော ကော်ပိုရိတ်အုပ်ချုပ်မှု အလေ့ကျင့်ကောင်းများနှင့်ပတ်သက်ပြီး ခိုင်မာစွာနားလည်ရန် နှင့်အောင်မြင်စွာအကောင်အထည်ဖော်ရာတွင် ဘဏ်၏အောင်မြင်မှုအတွက် မဟာဗျူဟာ ကျသည့်တန်ဖိုးများ ထိရောက်စွာဆောင်ကြဉ်းပေးနိုင်ရန် သင့်လျော်သည့် ကော်ပိုရိတ်သင်တန်းများ တက်ရောက်ရန် လိုအပ်ပါသည်။ ဘုတ်အဖွဲ့၏ အခြေခံမူ သို့မဟုတ် A bank ၏ အနာဂတ် မျှော်မှန်းချက်အဖြစ် ဘုတ်အဖွဲ့အနေနှင့် အဆင့်မြင့်အုပ်ချုပ်သူများအနေနှင့် လုပ်ငန်း၏ ဦးတည်ရာ၊ မဟာဗျူဟာ၊ ကော်ပိုရိတ်ဆိုင်ရာ တာဝန်ယူမှု၊တာဝန်ခံမှုနှင့် ကော်ပိုရိတ်အုပ်ချုပ်မှု အလေ့အကျင့်ကောင်းများအား ပိုမိုနားလည်သင့်ပါသည်။ ဘုတ်အဖွဲ့ဝင်များအားလုံးအနေဖြင့် အဆင့်မြင့် အရာရှိများအတွက် သင့်လျော်သည့် သင်တန်းများအား တစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း တက်ရောက်ရန်တိုက်တွန်းအပ်ပါသည်။ ဘုတ်အဖွဲ့ဝင်တစ်ဦးချင်းစီအနေ နှင့် ဘဏ်အောင်မြင်မှု၏ မောင်းနှင်အားများဖြစ်သည့်မဟာဗျူဟာများ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းစဥ်များအား ခွဲခြားသတ်မှတ်ခြင်း တို့အား လုပ်ဆောင်ရသည့် တာဝန်ယူမှုရှိသော အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရခြင်းအား တန်းတူညီမျှနားလည် စေရန် A Bank မှလိုလားပါသည်။