fbpx

U R Yudh

ဦးအာယုသည် ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A(Eco)ဘွဲ့အားရရှိခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ၁၉၇၁ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ (၂၂)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုမှတဆင့် ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းများလုပ်ကိုင်ခဲ့ကာ Ayeyar Hinthar Holdings Co.,Ltd ၏ ဒုတိယဥက္ကဌ အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၈ခုနှစ်၊ သြဂုတ်လ မှစတင်၍ A bank ၏ ဒုတိယဥက္ကဌတာဝန်များကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါ သည်။ လက်ရှိတွင် မြန်မာ့ဆန်စပါးအသင်းချုပ် (Myanmar Rice Federation) တွင် ဒုတိယဥက္ကဌ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အလုပ်အမှုဆောင်တစ်ဦး အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။