fbpx

A Bank မှ ​တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့လက်​အောက်ရှိ ​တောင်သူစုစု​ပေါင်း (၉၄၁)ဦးတို့အတွက် မြန်မာကျပ်ငွေ (၇၈၉)သန်း ချက်လက်မှတ်လွှဲပြောင်းပေးအပ်

တောင်သူဖွံ့ဖြိုး​ရေးအ​ဖွဲ့များနှင့်
ပုဂ္ဂလိကကုန်သည်/ဘဏ်လုပ်ငန်းရှင်တို့အကြား GAP စနစ်ဖြင့် ပဲတီစိမ်းသီးနှံစိုက်ပျိုး​ထုတ်လုပ်​ရောင်းဝယ်မှုဆိုင်ရာ သ​ဘောတူညီချက်များလက်မှတ်​ရေးထိုးခြင်းအခမ်းအနားကို
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ခရမ်းသုံးခွမြို့၊ သာသနာ့ ဗိမာန်၌ ကျင်းပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် မြင့်မြတ်တော်ဝင်ကုမ္ပဏီ (မကွေး) တို့မှ GAP စနစ်ဖြင့် စိုက်ပျိုးသွားမည့် ပဲတီစိမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်များကို လတ်မှတ်ရေးထိုးခဲ့ပြီး A Bank မှ ​တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့လက်​အောက်ရှိ ​တောင်သူစုစု​ပေါင်း (၉၄၁)ဦးအား စိုက်ဧကစုစု​ပေါင်း (၅၂၆၀)အတွက် မြန်မာကျပ်ငွေ (၇၈၉)သန်း ချက်လက်မှတ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ A bank မှတာဝန်ရှိသူများ၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင်များ၊ တောင်သူများ၊ စီမံကိန်းဝန်ထမ်းများ၊ NAG စီမံကိန်းအသီးသီးမှ လာရောက်လေ့လာသူများ စုစုပေါင်းလူဦးရေ ၃၈၀ ခန့်တက်ရောက်ခဲ့ကြပါသည်။