fbpx

A bank မှ GrabFood Myanmar ၏ ၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲအတွက် Main Sponsor အဖြစ်ပါဝင်ပံ့ပိုးခြင်း

A bank မှ ကျွန်ုပ်တို့၏ မိတ်ဖက်ဖြစ်သော GrabFood Myanmar ၏ ၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲအတွက် Main Sponsor အဖြစ်ပါဝင်ပံ့ပိုးခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

အခမ်းအနားတွင် A bank ၏ Strategy ဌာန၊ ဌာနကြီးမှူး ဦးဝေယံမိုးသုန်သန်းမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်များနှင့် Grab အား အထူးကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပါသည်။

အချိန်မီပို့ဆောင်တဲ့အစားအသောက်သည် အရသာအရှိဆုံးဖြစ်သည့် စကားပုံအလျောက် ဝန်ဆောင်မှုလိုအပ်သည်နှင့်တစ်ခါတည်း အမြန်ဆုံးပို့ဆောင်ပေးရန် A bank မှ အသင့်ရှိနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသေးစားနှင့်အလတ်စားစီးပွားရေးဌာန (SME) ၏ ဌာနကြီးမှူးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းဝင့်လွင်မှလည်း ကျွန်ုပ်တို့ A+ Wallet ငွေပေးချေမှုစနစ်နှင့် Grab ၏ မိတ်ဖက်ဆိုင်များအတွက် အထူးသီးသန့်ချေးငွေဝန်ဆောင်မှု (Working Captial Loan) ကိုလည်း မိတ်ဆက်ခဲ့ပါသည်။ Working Captial Loan သည် စီးပွားရေးထဲကို ရင်းနှီးငွေပိုမိုထည့်သွင်းနိုင်စေရုံသာမက နေ့စဉ်ပုံမှန်စီးပွားရေးလည်ပတ်စေရန် လုပ်ဆောင်မှုများနှင့် ငွေစီးဆင်းမှုကို တိုးတက်စေရန်အထောက်အကူပြုပါသည်။ ကျွန်ုပ်တို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ပြီး လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် စီးပွားရေးလုပ်ငန်းတွေကို တံခါးဖွင့်ပေးထားနိုင်မည်ဟု ယုံကြည်ပါသည်။