fbpx

A bank ၏ (၃၆) ခုမြောက်ဘဏ်ခွဲဖြစ်သော ဘားအံဘဏ်ခွဲ ဖွင့်လှစ်ခြင်း

A
bank ဘားအံဘဏ်ခွဲမှ ကြိုဆိုပါတယ်ရှင်..

ကရင်ပြည်နယ် ဘားအံမြို့ရှိ မိတ်ဆွေသစ်များအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပြုလုပ်ရာတွင် ပိုမိုကောင်းမွန်သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများ စတင်ပေးအပ်နိုင်ရန် ယနေ့ ၁၀.၈.၂၀၂၂ခုနှစ်တွင်
A
bank ဘားအံဘဏ်ခွဲ (Hpa-
A
n Branch) အား ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း နွေးထွေးစွာဖြင့် အသိပေး ဖိတ်ခေါ်အပ်ပါသည်။

လေးစားတန်ဖိုးထားရပါသော
A
bank customer များအနေဖြင့် ဘဏ်ခွဲတွင် မိမိအသုံးပြုလိုသည့် အကောင့်ကို ချက်ချင်းဖွင့်နိုင်ပြီး ဘဏ်ဝန်ဆောင်မှုများနှင့်ပတ်သက်၍သိလိုသည်များကိုလည်း messenger (သို့)
A
bank Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယုံကြည်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို မိတ်ဆွေတို့အနီးအနားမှာ အဆင်ပြေစွာ လွယ်ကူစွာ ရရှိနိုင်ရန် မြန်မာနိုင်ငံတဝှမ်း
A
bank ဘဏ်ခွဲများ အရှိန်အဟုန်ဖြင့် တိုးချဲ့ဝန်ဆောင်မှု ပေးလျက်ရှိရာ ယနေ့အထိ ဘဏ်ခွဲပေါင်း (၃၆)ခုကို ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါ သည်။

ဘားအံဘဏ်ခွဲလိပ်စာ
အမှတ်(၃/၆၁၄)၊ ဗိုလ်ချုပ်လမ်း၊ (၃)ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
(+95- 58) 2023522
(+95- 58) 2023523(Fax)

#
A
B
A
NK
#standingwithyou
#bankofmyanmar