“Change Management” သင်တန်းသင်ကြားပို့ချခြင်း

A bank တွင်တာဝန်ထမ်းဆောင်လျှက်ရှိသော Head of Department များနှင့် ဘဏ်ခွဲတာဝန်ခံများအား အုပ်ချုပ်မှု အရည်အသွေးများ တိုးတက်စေရန်နှင့် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မေလ (၁၃) ရက်နေ့၊နေ့လည် (၂)နာရီမှ စတင်၍ A bank ရုံးချုပ်တွင် “Change Management” သင်တန်းကို ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် “Change”, “Change Process”, “Change Agent”, “Why we do not Change? ”, “Why makes us Change? ”, “Change Strategies”, “Pilot Project” နှင့် “Re-engineering” ခေါင်းစဉ်တို့အား ဆရာ ဦးမျိုးမင်း (PS Business School) မှ သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်း ပြီးဆုံးချိန်တွင် လာရောက်သင်ကြားပေးသော ဆရာဦးမျိုးမင်းအား A bank မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး ညနေ (၅) နာရီအချိန်တွင် သင်တန်းအစီအစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။