
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက်အရေးပေါ်ယာယီတိုးချဲ့ဆောင်ဆောက်လုပ်လှူဒါန်း
COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးရှေ့ရှိ ကားပါကင်ဝန်းအတွင်း ကုတင် (၁၀၀) ဆံ့ High Dependency Unit (HDU) အရေးပေါ်ယာယီတိုးချဲ့ဆောင်အား ဧရာဟင်္သာဟိုလ်ဒင်းကုမ္ပဏီလိမိတက်အောက်ရှိ A bank ၊ ဝိတိုရိယဆေးရုံ နှင့် ပုသိမ်စက်မှုမြို့တော်စီမံကိန်း တို့မှဆောက်လုပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဆောက်လုပ်လှူဒါန်းခဲ့သည့် ကုတင် (၁၀၀) ဆံ့အရေးပေါ်ယာယီတိုးချဲ့ဆောင်အတွင်း လူနာခန်းများ၊ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မည့်နေရာများ နှင့် ယာယီနားနေဆောင်များပါဝင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အထူးကြပ်မတ် ကုသဆောင်ကို ထပ်မံတိုးချဲ့ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
A bank အနေဖြင့်လည်း COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် လိုအပ်သော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များဝယ်ယူဖြည့်တင်းရန်နှင့် အထွေထွေရန်ပုံငွေ ကျပ် သိန်း(၁၀၀) အားထပ်မံလှူဒါန်းခဲ့ပါသည်။