fbpx

A bank နှင့် ချိတ်ဆက်ပြီး Samsung S20 Series အားအတိုးနှုန်းမဲ့ (၆)လ အရစ်ကျဝယ်ယူနိုင်ပါပြီ ...

(၁)
Samsung S20 Series အား HP စနစ်ဖြင့် ဝယ်ယူရာတွင် Online (EKYC) မှလည်းကောင်း၊ ဘဏ်ခွဲများသို့ သွားရောက်၍ လည်းကောင်း၊ A bank နှင့် Dealership ချုပ်ဆိုထားသော Samsung Sales Center (အရောင်းစင်တာ) သို့သွားရောက်၍လည်းကောင်း လျှောက်ထားဝယ်ယူနိုင်ပါသည်။
(၂) လျှောက်ထားချက်များကို ဘဏ်ခွဲမှစစ်ဆေးပြီး အတည်ပြု/မပြု ကို (၃)ရက်အတွင်း ပြန်လည်အကြောင်း ကြားပေးပါမည်။
(၃) A bank မှ အတည်ပြုချက်ရရှိပါက ဝယ်ယူသူသည်နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်၍ စာရင်းဖွင့်လှစ်ခြင်း၊ ချေးငွေစာချုပ်စာတမ်းလက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်ပြီး ကနဦးပေးသွင်းငွေကို ပေးသွင်းရပါမည်။ ဘဏ်ခွဲမှထုတ်ပေးသော Delivery Order ရယူ၍ ဆိုင်ခွဲတွင် ပစ္စည်းထုတ်ယူနိုင်မည်ဖြစ်ပါ သည်။
* လစဉ်အရစ်ကျဆပ်ငွေဇယားကို ရယူ၍အရစ်ကျပေးသွင်းရပါမည်။*
အရစ်ကျချေးငွေကို လတစ်လ၏ (၂၂) ရက်နေ့အတွင်း ထုတ်ချေးပါက ပထမဆုံးအရစ်ကို ကပ်လျက်လ၏ လဆန်း
(၁)
ရက်မှ (၅)ရက်အတွင်းပေးသွင်းရပါမည်။ လတစ်လ၏ (၂၃) ရက်နေ့နှင့် ၎င်းရက်ထက်ကျော်လွန်မှ ထုတ်ချေးပါက ပြန်လည်ပေးဆပ်မှုအဆင်ပြေစေရန်အတွက် ကပ်လျက်လတွင် ပေးသွင်းရန်မလိုပဲ နောက်တစ်လ၏ လဆန်း
(၁)
ရက်မှ (၅)ရက်အတွင်း ပထမအရစ်ပေးသွင်းရပါမည်။

* အရစ်ကျပေးဆပ်ရန် နောက်ကျပါက ဖုန်းအား Knox System ဖြင့် Lock ပြုလုပ်မည်ဖြစ်ပါသည်။ *HP စနစ်ဖြင့် ဝယ်ယူရာတွင် လိုအပ်သောအချက်အလက်များ
(၁)
ဝယ်ယူသူ၏လိုအပ်သောအချက်အလက်များ
– မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ (မူရင်း)
– ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ (HR) ၏ ရာထူး၊ ဝန်ထမ်း၊ လစာထောက်ခံချက်
– လစာပြေစာ (၃) လစာ
– အာမခံ (၃) ဦးလိုအပ်ပါသည်။ (အာမခံသူတစ်ဦးမှာ မိသားစုဝင်ဖြစ်ရပါမည်)
– ဝယ်ယူသူသည် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါက ကုမ္ပဏီ/လုပ်ငန်းနှင့် ပတ်သက်သော မှတ်ပုံတင် စာရွက်စာတမ်းများ/ ဝင်ငွေရရှိကြောင်း အထောက်အထားများ တင်ပြရပါမည်။
– လျှောက်ထားသူ၏ တစ်လဝင်ငွေသည် (၁၀) သိန်းအထက်ရှိသူဖြစ်ရပါမည်။
– လစဉ်ပေးဆပ်ရမည့်ငွေပမာဏသည် တစ်လဝင်ငွေ၏ ၃၀% ထက်မကျော်လွန်ရပါ။
– ဝယ်ယူသူသည် အသက် (၆၀)နှစ်အထက် ရှိပြီးသူဖြစ်ပါက ပူးတွဲလျှောက်ထားရမည်။
(၂) အာမခံသူ၏ လိုအပ်သောအချက်အလက်များ
– မှတ်ပုံတင်
– ဝင်ငွေရရှိကြောင်းအထောက်အထား
– ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက ကုမ္ပဏီ/လုပ်ငန်းနှင့်ပတ်သက်သော မှတ်ပုံတင်စာရွက်စာတမ်းများ/ ဝင်ငွေရရှိကြောင်း အထောက်အထားများ တင်ပြရပါမည်။

Read More….