GAP စနစ်ဖြင့်နှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင်များအတွက် A bank မှ ပထမအဆင့် သွင်းအားစုဝယ်ယူမှုဆိုင်ရာ ချေးငွေပေးအပ်ပွဲအခမ်းအနား

A Bank မှ GAP စနစ်ဖြင့်သီးနှံစိုက်ပျိုးမည့် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင်များအတွက် ပထမအဆင့် သွင်းအားစုဝယ်ယူမှုဆိုင်ရာ ချေးငွေပေးအပ်ပွဲအခမ်းအနားအား ၂၀၁၉ ခုနှစ် မေလ ၊ (၁၆) ရက်နေ့ မနက် ၁၁:၀၀ နာရီတွင် မကွေးတိုင်းစိုက်ပျိုးရေးဌာန၏ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းစီမံဘဏ္ဍာဝန်ကြီး၊ မကွေးတိုင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ နှင့် ဆည်မြောင်းဝန်ကြီး၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ A Bank မှတာဝန်ရှိပုဂ္ဂိုလ်များ၊ NAG အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင်များ၊ နှင့် အဖွဲ့အစည်း အသီးသီးတို့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်လာခဲ့ပြီး A Bank မှ အမှုဆောင်ဒါရိုက်တာ ဦးစောဒီးနိုကူးမှ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ကိုယ်စားလှယ်များထံသို့ ချေးငွေ (၁၇၁.၄) သန်း အား ပေးအပ်ခဲ့ပါသည်။
#Abank
#Standing_with_you
www.abank.com.mm