fbpx

မကွေးတိုင်းဒေသကြီးအစိုးရမှ A Bank အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် နှမ်းသီးနှံများ စုပေါင်းရောင်းချမှုလုပ်ငန်းအောင်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့က မကွေးတိုင်းမြို့တော်ခန်းမတွင်
စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ A bank သို့ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၌ GAP စနစ်ဖြင့်စိုက်ပျိုးထားသော နှမ်းသီးနှံများကို ကောင်းမွန်ခိုင်မာသည့် ဈေးကွက်ရရှိစေရေးအတွက် ( Public, Private, Partnership) ဖြင့်ပူးပေါင်းဆောင်ရွက်ရာတွင် မကွေး၊ မင်းဘူး၊ မင်းလှ နှင့် နတ်မောက်ရှိ ကျေးရွာ (၅၉) ရွာမှ တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်း(RFDA) အောက်ရှိ အသင်းဝင်တောင်သူစုစုပေါင်း (၃၀၄၅) ဦးပိုင်ဆိုင်သည့် နှမ်းစိုက်ပျိုး ဧက (၁၆၁၄၂) အား သွင်းအားစုများဝယ်ယူရန်နှင့် စိုက်ပျိုးစားရိတ်များ အတွက် DaNa Facilities ၊NAG ၊ICCO တို့ဖြင့်ပူပေါင်း၍ ချေးငွေစုစုပေါင်း (၉၅၇,၂၂၇,၁၄၄)ကျပ် ကို ဝန်ဆောင်မှုပေးခဲ့သောကြောင့် A bank အနေဖြင့်ယခုကဲ့သို့ဂုဏ်ပြုမှတ်တမ်းလွှာအားလက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။

[Zawgyi]
GAP စနစ္ျဖင့္ စိုက္ပ်ိဳးထားသည့္ ႏွမ္းသီးႏွံမ်ား စုေပါင္းေရာင္းခ်မႈလုပ္ငန္းေအာင္ပြဲႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ပြဲအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉) ရက္ေန႔က မေကြးတိုင္းၿမိဳ႕ေတာ္ခန္းမတြင္
စည္ကားသိုက္ၿမိဳက္စြာက်င္းပျပဳလုပ္ခဲ့ၿပီး မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ A bank သို႔ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။

၂၀၁၉ ခုႏွစ္တြင္ မေကြးတိုင္းေဒသႀကီး၌ GAP စနစ္ျဖင့္စိုက္ပ်ိဳးထားေသာ ႏွမ္းသီးႏွံမ်ားကို ေကာင္းမြန္ခိုင္မာသည့္ ေဈးကြက္ရရွိေစေရးအတြက္ ( Public, Private, Partnership) ျဖင့္ပူးေပါင္းေဆာင္႐ြက္ရာတြင္ မေကြး၊ မင္းဘူး၊ မင္းလွ ႏွင့္ နတ္ေမာက္ရွိ ေက်း႐ြာ (၅၉) ႐ြာမွ တိုင္းေတာင္သူဖြံ႕ၿဖိဳးေရးအသင္း(RFDA) ေအာက္ရွိ အသင္းဝင္ေတာင္သူစုစုေပါင္း (၃၀၄၅) ဦးပိုင္ဆိုင္သည့္ ႏွမ္းစိုက္ပ်ိဳး ဧက (၁၆၁၄၂) အား သြင္းအားစုမ်ားဝယ္ယူရန္ႏွင့္ စိုက္ပ်ိဳးစားရိတ္မ်ား အတြက္ DaNa Facilities ၊NAG ၊ICCO တို႔ျဖင့္ပူေပါင္း၍ ေခ်းေငြစုစုေပါင္း (၉၅၇,၂၂၇,၁၄၄)က်ပ္ ကို ဝန္ေဆာင္မႈေပးခဲ့ေသာေၾကာင့္ A bank အေနျဖင့္ယခုကဲ့သို႔ဂုဏ္ျပဳမွတ္တမ္းလႊာအားလက္ခံရရွိခဲ့ျခင္းျဖစ္ပါသည္။