fbpx

A bank ၏ (၃၇) ခုမြောက်ဘဏ်ခွဲဖြစ်သော ကော့သောင်းဘဏ်ခွဲ ဖွင့်လှစ်ခြင်း

A bank ကော့သောင်းဘဏ်ခွဲမှ ကြိုဆိုပါတယ်ရှင်..

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ မိတ်ဆွေများနှင့်ကုန်သည်များအတွက် ငွေကြေးဝန်ဆောင်မှုများ ပြုလုပ်ရာတွင် ပိုမိုကောင်းမွန်သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများ စတင်ပေးအပ်နိုင်ရန် ယနေ့ ၁၉.၀၈.၂၀၂၂ခုနှစ်တွင် A bank ကော့သောင်းဘဏ်ခွဲ (Kawthaung Branch) အား ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း နွေးထွေးစွာဖြင့် အသိပေးဖိတ်ခေါ်အပ်ပါသည်။

တန်ဖိုးထားရပါသော A bank customer များအနေဖြင့် ဘဏ်ခွဲတွင် မိမိအသုံးပြုလိုသည့်အကောင့်ကို ချက်ချင်းဖွင့်နိုင်ပြီး ဘဏ်ဝန်ဆောင်မှုများနှင့်ပတ်သက်၍သိလိုသည်များကိုလည်း messenger (သို့) A bank Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယုံကြည်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို မိတ်ဆွေတို့အနီးအနားမှာ အဆင်ပြေစွာ လွယ်ကူစွာ ရရှိနိုင်ရန် မြန်မာနိုင်ငံတဝှမ်း A bank ဘဏ်ခွဲများ အရှိန်အဟုန်ဖြင့် တိုးချဲ့ဝန်ဆောင်မှု ပေးလျက်ရှိရာ ယနေ့အထိ ဘဏ်ခွဲပေါင်း (၃၇)ခုကို ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။

ကော့သောင်းဘဏ်ခွဲ လိပ်စာ
အမှတ်(၅၃၁)၊ မြနန္ဒာလမ်းနှင့်မြို့မတံတားလမ်းထောင့်၊ အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး။
(+95-059) 2051963 , (+95-059) 2052041
(+95-059) 2052042(Fax)