fbpx

နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု

A Bank မှ ကမ္ဘာအနှံ့အပြားသို့ လုံခြုံစိတ်ချ၍ မြန်ဆန်စွာဖြင့် အပြန်အလှန် ငွေလွှဲပေးပို့ခြင်းကို ဆောင်ရွက်ပေးခြင်း။
A Bank နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် Customer များအတွက် အချိန်ကုန်သက်သာခြင်း၊ လုံခြုံ စိတ်ချ လျင်မြန်စွာဖြင့် ငွေလွှဲပေးပို့နိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်ခြင်း။

 

နိုင်ငံတကာ ငွေလွှဲပေးပို့/ လက်ခံသည့် နည်းလမ်းများ
(၁) ပြည်တွင်းမှ ပြည်ပသို့ငွေလွှဲပေးပို့ခြင်း
(၂) ပြည်ပမှ လွှဲပို့ငွေအား လက်ခံဆောင်ရွက်ပေးခြင်း

 

(၁) ပြည်တွင်းမှ ပြည်ပသို့ ငွေလွှဲပေးပို့ခြင်း
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆွစ်စနစ်ကိုအသုံးပြု၍ ငွေများလွှဲပို့ပေးခြင်း။
• ကုန်သွယ်မှုနှင့်ဆိုင်သော ပေးချေမှုများအတွက် ငွေလွှဲပေးပို့ခြင်း။
• စီးပွားရေးလုပ်ငန်းများနှင့်ဆိုင်သော အခြားပေးချေမှုများနှင့်ဝန်ဆောင်မှုများအတွက် ငွေလွှဲ ပေးပို့ခြင်း။

ကောက်ခံသည့်နှုန်းထားများ

  • ငွေလွှဲဝန်ဆောင်ခမှာ တစ်ကြိမ်လွှဲပို့လျှင် အမေရိကန်ဒေါ်လာ ၂၀,၀၀၀-၀၀ အထိ၊ အမေရိကန် ဒေါ်လာ ၂၅-၀၀ နှင့် အမေရိကန် ဒေါ်လာ ၂၀,၀၀၀-၀၀ အထက် လွှဲပို့လျှင် လွှဲပို့မည့် ငွေပမာဏ ၏ ၀.၁၂၅%။
  • ငွေလွှဲပို့ခြင်းအတွက် တစ်ကြိမ်လျှင် ဆွစ်ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂-၀၀ ။
  • လွှဲပို့ထားသည့် ပေးချေမှုများနှင့် ပတ်သက်၍ ပြင်ဆင်ခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ ပယ်ဖျက်ခြင်း များ ပြုလုပ်လိုလျှင် အမေရိကန် ဒေါ်လာ ၁၂-၀၀ ။

 

(၂) ပြည်ပမှ လွှဲပို့ငွေအား လက်ခံဆောင်ရွက်ပေးခြင်း
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဆွစ်စနစ်ကို အသုံးပြု၍ စာရင်းပြောင်းနည်းဖြင့် လွှဲပို့လာခြင်း အတွက် လက်ခံဆောင်ရွက်ပေးခြင်း။
• ကုန်သွယ်မှုနှင့်ဆိုင်သော လွှဲပို့ငွေများအား လက်ခံဆောင်ရွက်ပေးခြင်း။
• စီးပွားရေးလုပ်ငန်းများနှင့်ဆိုင်သော အခြားပေးချေမှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အတွက် လွှဲပို့ငွေများအား လက်ခံဆောင်ရွက်ပေးခြင်း။

 

ပြည်ပမှ လွှဲပို့ငွေလက်ခံခြင်းအတွက် အဓိကလိုအပ်ချက်များ
• A Bank ၏ ဆွစ်ကုတ် (AYFDMMMY)
• ငွေလွှဲလက်ခံမည့်သူ၏ စာရင်းအမှတ်
• ငွေလွှဲလက်ခံမည့်သူ၏စာရင်းအမည်
• ငွေလွှဲပေးပို့ရသည့်ရည်ရွယ်ချက်
• ငွေလွှဲလက်ခံမည့်သူ၏ဖုန်းနံပါတ်

 

ပြည်ပမှ စာရင်းပြောင်းလွှဲပို့ခြင်းအတွက် ကောက်ခံသည့်နှုန်းထား

  • ပြည်ပမှလွှဲပို့ငွေ လက်ခံခြင်းအတွက် အမေရိကန်ဒေါ်လာစာရင်းဖြစ်ပါက အမေရိကန်ဒေါ်လာ ၁၀-၀၀ နှင့် စင်ကာပူဒေါ်လာ ၊ ယူရိုဒေါ်လာစာရင်းသို့ လွှဲပို့လာပါက အမေရိကန်ဒေါ်လာ ၁၀-၀၀ နှင့် ညီမျှသော စင်ကာပူဒေါ်လာ နှင့် ယူရိုဒေါ်လာ။
  • မြန်မာကျပ်ငွေစာရင်းသို့ ပေးပို့လာပါက မြန်မာ ကျပ်- ၁၀,၀၀၀-၀၀ နှင့် သတ်မှတ်ထားသည့် ပြည်တွင်း ငွေလွှဲပေးပို့ခ။

ငွေလွှဲပြောင်း/ လက်ခံနိုင်သော နိုင်ငံများ
ငွေလွှဲပေးပို့ရာတွင် A Bank နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ဘဏ်များသို့လည်းကောင်း ၊ A Bank နှင့် ချိတ်ဆက်ထားသောဘဏ်များကို ကြားခံဘဏ်အဖြစ် အသုံးပြု၍လည်းကောင်း နိုင်ငံတကာသို့ ငွေလွှဲပို့ခြင်း နှင့် နိုင်ငံတကာမှ လွှဲပို့ငွေများကို လက်ခံဆောင်ရွက်ပေးခြင်း။

မှတ်ချက်။ ။ ငွေလွှဲဝန်ဆောင်ခများကို အမေရိကန်ဒေါ်လာဖြင့် ပေးချေနိုင်သကဲ့သို့ အခြားသော ငွေကြေး အမျိုးအစားဖြင့် ပေးချေလိုပါလျှင် ဘဏ်မှ သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းထားအတိုင်း အမေရိကန် ဒေါ်လာနှင့် ညီမျှသော သက်ဆိုင်ရာငွေကြေးအလိုက် ပေးချေနိုင်ပါသည်။