fbpx

ကုန်သွယ်ရေးဆိုင်ရာ
ငွေကြေး၀န်ဆောင်မှုလုပ်ငန်းမျာ

(၁) သွင်းကုန်လုပ်ငန်း

(၁) သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်၍ (လက်ငင်း/ ဆိုင်းငံ့) ငွေပေးချေခြင်း။

(၂) သွင်းကုန်ငွေလွှဲစာတမ်းအောက်ရှိ ဘီလ်များ လက်ခံ၊ စစ်ဆေးပေးခြင်းနှင့် ငွေပေးချေခြင်း။

(၃) Collection စနစ်ဖြင့် ကုန်ပစ္စည်းများအား တင်ပို့ပြီး ပေးပို့လာသော ဘီလ်များအား (လက်ငင်း/ ဆိုင်းငံ့) ငွေပေးချေခြင်း။

 

(၁).(က) သွင်းကုန်အတွက် ငွေကြေး၀န်ဆောင်မှုပေးခြင်း

(၁) သွင်းကုန်ငွေလွှဲစာတမ်းအတွက် လိုအပ်သော ငွေကြေးအခက်အခဲကို ကာလတိုအတွက် ဘဏ်မှ ၀န်ဆောင်မှုပေးခြင်း။

(၂) ဆိုင်းငံ့ငွေချေစနစ်ဖြင့် သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်ထားသော်လည်း လက်ငင်းငွေချေစနစ်ကဲ့သို့ ကုန်ရောင်းသူမှ
ကုန်ရောင်းရငွေကို ချက်ချင်းရရှိနိုင်သည့် ဝန်ဆောင်မှုပေးခြင်း။

 

(၂) ပို့ကုန်လုပ်ငန်း

(၁) ပို့ကုန်လုပ်ငန်းရှင်များသို့ ငွေလွှဲစာတမ်းကို လက်ခံအကြောင်းကြားပေးခြင်း။

(၂) ပို့ကုန်ငွေလွှဲစာတမ်းအောက်ရှိ ဘီလ်များ လက်ခံ၊ စစ်ဆေးပေးခြင်းနှင့် ကုန်ဝယ်သူ၏ဘဏ်သို့ ကုန်ဖိုးငွေတောင်းခံပေးခြင်း။

(၃) Collection စနစ်ဖြင့် ပို့ကုန်ဘီလ်များကို ကုန်၀ယ်သူ၏ဘဏ်သို့ (လက်ငင်း/ ဆိုင်းငံ့) ပေးချေမှုများအတွက် ကုန်ဖိုးငွေတောင်းခံပေးခြင်း။

 

(၂).(က) ပို့ကုန်အတွက် ငွေကြေး၀န်ဆောင်မှုပေးခြင်း

(၁) ပို့ကုန်လုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူနိုင်ရန် ဘဏ်မှ ကြိုတင်ငွေကြေးထောက်ပံ့ခြင်း။

(၂) သင်္ဘောတင်ပြီး ကုန်ပစ္စည်းများအတွက် ဘီလ်တင်ပြလာချိန်တွင် ဘဏ်မှ ကုန်ဖိုးငွေများကို ကြိုတင်စိုက်ထုတ်ပေးချေခြင်း။

 

(၃) ဘဏ်အာမခံ

(၁) တင်ဒါဘဏ်အာမခံ
Tender Guarantee အား နိုင်ငံတော်အစိုးရအဖွဲ့အစည်း (သို့) အခြားအဖွဲ့အစည်းတစ်ခုခုမှ ၎င်းတို့လိုအပ်ချက်အရ Tender ခေါ်ယူရာတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများမှ တင်ဒါမပြီးမြောက်ခင် ပြန်လည်ရုတ်သိမ်းသွားခြင်း မပြုနိုင်ရန်အတွက် ၎င်းတို့၏ တင်ဒါဖိတ်ခေါ်စာပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ်မှ ထုတ်ပေးထားသည့် “တင်ဒါအာမခံ”။

(၂) လုပ်ငန်းဆောင်ရွက်မှုဘဏ်အာမခံ
လုပ်ငန်းသဘောတူစာချုပ်ပါအတိုင်း လုပ်ငန်းပြီးဆုံးအောင် ဆောင်ရွက်ပေးရန်၊ လုပ်ငန်းဆောင်ရွက်ပေးသူအတွက် ဘဏ်မှ ထုတ်ပေးထားသည့် “လုပ်ငန်းဆောင်ရွက်မှု အာမခံ”။

(၃) ကြိုတင်ငွေပေးချေမှုအာမခံ
ကုန်ပစ္စည်းအရောင်းအ၀ယ်နှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် လုပ်ငန်းအပ်နှံသူမှ ကြိုတင်ငွေထုတ်ပေးထားခြင်းအတွက် ဘဏ်မှထုတ်ပေးထားသည့် “ကြိုတင်ငွေပေးချေမှုအာမခံ”။

(၄) Counter ဘဏ်အာမခံ
Correspondent Bank များမှ ပေးပို့အကြောင်းကြားလာသော Bank Guarantee အား သက်ဆိုင်ရာ အစိုးရဌာနများ (သို့) အဖွဲ့အစည်းများ (သို့) ဘဏ်များသို့ လုပ်ငန်းရယူထားသူကိုယ်စား ဘဏ်မှ ကိုယ်စားလက်ခံထုတ်ပေးသော အာမခံ။

(၅) သင်္ဘောတင်အာမခံ
မူရင်းသင်္ဘောတင် စာရွက်စာတမ်း (Bill of Lading) များ မရောက်ရှိသေးခင် ကုန်ပစ္စည်းထုတ်ယူနိုင်ရန်အတွက် ဘဏ်မှ ထုတ်ပေးသောအာမခံ။

(၆) အရန်သင့်ငွေလွှဲစာတမ်း
ပြည်တွင်း၊ ပြည်ပနိုင်ငံများရှိ လုပ်ငန်းရှင်များနှင့် ဘဏ်အာမခံကိစ္စရပ်များ ဆောင်ရွက်ပါက အသုံးပြုသည့် ငွေလွှဲစာတမ်း။