fbpx

A bank MPU Credit Cards (Classic / Premium)

A bank MPU Credit Card သည် ငွေပေးချေရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေပြီး မြန်မာနိုင်ငံတစ်ဝှမ်း၌ အသုံးပြုနိုင်သော Credit ကတ်ဖြစ်ပါသည်။ MPU Card လက်ခံသည့် ဈေးဆိုင်၊ စားသောက်ဆိုင်များတွင် ငွေသား သယ်ဆောင်စရာမလိုဘဲ ကတ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊ ATM မှတစ်ဆင့် ငွေသားထုတ်ယူနိုင်ခြင်း၊ MPU E-commerce ဖြင့်လည်းအွန်လိုင်းပေါ် ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။



MPU Classic Credit Card MPU Premium Credit Card
ကတ်လျှောက်လွှာကြေး မူလကတ် – ၅,၀၀၀ ကျပ်
ဆင့်ပွားကတ် – ၅,၀၀၀ ကျပ်
မူလကတ် – ၅,၀၀၀ ကျပ်
ဆင့်ပွားကတ် – ၅,၀၀၀ ကျပ်
နှစ်စဥ်ကြေး မူလကတ် – ၁၅,၀၀၀ ကျပ်
ဆင့်ပွားကတ် – ၅,၀၀၀ ကျပ်
မူလကတ် – ၄၅,၀၀၀ ကျပ်
ဆင့်ပွားကတ် – ၂၅,၀၀၀ ကျပ်
လစဉ်ဝင်ငွေ အနည်းဆုံးရှိရမည့် ပမာဏ ၃၀၀,၀၀၀ ကျပ် ၂,၅၀၀,၀၀၀ ကျပ်

လုပ်ဆောင်ချက်များ

  • ကတ်နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ A+ Wallet တွင် အလွယ်တကူ လုပ်ဆောင်နိုင်ခြင်း။
  • အများဆုံး (၄၅) ရက်အထိ Credit Limit အား အတိုးမဲ့သုံးစွဲနိုင်ခြင်း။
  • ငွေပြန်လည်ပေးသွင်းရာတွင် အပြည့်အဝ (သို့) သတ်မှတ်ထားသော အနည်းဆုံးပမာဏမှစ၍ အဆင်ပြေရာ ပေးသွင်းနိုင်ခြင်း။
  • မူလကတ်ပိုင်ရှင်၏ မိသားစုဝင်များသာမက မည့်သို့ဆက်နွယ်သည့် Relationship အတွက် မဆို ဆင့်ပွားကတ်လျှောက်ထားနိုင်ခြင်း။
  • MPU logo ပါရှိသော မည်သည့် ATM တွင်မဆို လွယ်ကူစွာ ငွေထုတ်ယူနိုင်ခြင်း။
  • စုံစမ်းမေးမြန်းမှုများအတွက် ဖြေကြားပေးနိုင်ရန် (24/7) customer service ထားရှိခြင်း။


လျှောက်ထားရန် လိုအပ်ချက်များ

  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • မူလကတ် (Principal Card) လျှောက်ထားသူမှာ အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ပြီး ဆင့်ပွားကတ် (Supplementary Card) လျှောက်ထားသူသည် (၁၆) နှစ်ပြည့်ပြီ းဖြစ်ရမည်။
  • A bank တွင် Current (သို့) Savings (သို့) Call တစ်ဦးတည်း စာရင်း (Individual Account) တစ်ခု ရှိရမည်

လိုအပ်သော စာရွက်စာတမ်းများ

ဝန်ထမ်း ကိုယ်ပိုင်လုပ်ငန်းရှင် ထောက်ခံသူ ဆင့်ပွားကတ်လျှောက်ထားသူ
(၆) လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံ(၂)ပုံ
မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်)
အိမ်ထောင်စုစာရင်း မိတ္တူ
နေထိုင်ကြောင်း ထောက်ခံစာ (ရပ်ကွက်ထောက်ခံစာ/ဧည့်စာရင်း)
ဝင်ငွေ အထောက်အထား
ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက် (လစာ + ရာထူး အပါအဝင်) ✓ (ဝန်ထမ်း)
လစာငွေဖြတ်ပိုင်း / ဘဏ်စာရင်းရှင်းတမ်း / အရောင်းပြေစာ (နောက်ဆုံး ၃လ)
လုပ်ငန်းလိုင်စင် / DICA ✓ (ကိုယ်ပိုင်လုပ်ငန်းရှင်)
အခွန်ပြေစာ (နောက်ဆုံး ၁နှစ်)
ဘဏ္ဍာရေးရှင်းတမ်း (နောက်ဆုံး ၁နှစ်)

မည်သို့ လျှောက်ထား ရမည်နည်း


1

Apply-1

နီးစပ်ရာ A bank ဘဏ်ခွဲတွင် လျှောက်လွှာဖြည့်စွက်၍ ထောက်ခံသူ (၁) ဦးနှင့် လိုအပ်သောစာရွက်စာတမ်းများနှင့် တကွလျှောက်ထားပါ။

2

Apply-2

လျှောက်လွှာ စီစစ်ရန် ဘဏ်ဖွင့်ရက် (၁၄) ရက်အထိ ကြာမြင့် နိုင်ပါသည်။

3

Apply-3

လျှောက်လွှာအဖြေရလဒ်ကို A bank မှ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားပေးပါမည်။

4

Apply-4

ကတ်အား ဘဏ်ခွဲတွင် လာရောက် ထုတ်ယူ နိုင်ပါသည်။


အသုံးပြုငွေ ပြန်လည်ပေးသွင်းခြင်း


1

Repayment-1

A+ Wallet မှတစ်ဆင့်ပေးသွင်းနိုင်ခြင်း။

2

Repayment-2

မည်သည့် A bank ဘဏ်ခွဲတွင်မဆို ငွေသား / A bank ချက်လက်မှတ် / ဘဏ်အကောင့် transfer တို့ဖြင့် ငွေပေးချေနိုင်ခြင်း။

3

Repayment-3

ဘဏ်အကောင့်မှ အလိုအလျောက်စနစ် (Direct Debit) ဖြင့် ငွေပြန်လည်ပေးသွင်းနိုင်ခြင်း။


A bank Credit Card များနှင့်ပတ်သက်ပြီး အကြံပေးမေးမြန်းလိုပါက ၀၉-၇၇၀၇၀၇၈၈၈ ကို ဆက်သွယ်နိုင်ပါသည်။

အတိုးနှင့် နောက်ကျကြေးတွက်ချက်ပုံများ၊ အခြားအသေးစိတ်အချက်အလက်များ သိရှိလိုပါက www.abank.com.mm FAQ Section တွက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


MPU Credit Cards FAQs