fbpx

စုငွေ

စာရင်းသေအပ်ငွေစာရင်း

အချိန်အတိုင်းအတာတစ်ခုအထိ ငွေသွင်းငွေထုတ်မပြုလုပ်ဘဲ သတ်မှတ်ထားသည့် အချိန်ပြည့်သည်အထိ စုဆောင်းရသော အပ်ငွေစာရင်း ဖြစ်ပါသည်။ အချိန်ကာလတစ်ခု ရင်းနှီး၍ အတိုးနှုန်းမြင့်မားမှုကို လိုလားသော ငွေပိုငွေလျှံ ရှိသူများ အတွက် အထူးသင့်တော်ပါသည်။ 

တစ်ဦးချင်းဖြစ်စေ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ စာရင်းဖွင့်လှစ် နိုင်ပါသည်။

စာရင်းသေအပ်ငွေ ကို အနည်းဆုံးကျပ် ၁၀ဝ,ဝ၀ဝ ဖြင့် စတင်၍ အကန့်အသတ်မရှိ အပ်နှံ စုဆောင်းနိုင်ပါသည်။

 

  • ရက် (၃၀) အတိုးနှုန်း .၀၀%
  • ရက် (၆၀) အတိုးနှုန်း .၁၀%
  • ရက် (၉၀) အတိုးနှုန်း .၃၅%
  • ရက် (၁၈၀) အတိုးနှုန်း .၆၀%
  • ရက် (၂၇၀) အတိုးနှုန်း .၈၀%
  • ရက် (၃၆၅) အတိုးနှုန်း .၀၀% (သိန်းတစ်ထောင်အောက်)
  • ရက် (၃၆၅) အတိုးနှုန်း .၂၅% (သိန်းတစ်ထောင်နှင့်သိန်းငါးထောင်အောက်)
  • ရက် (၃၆၅) အတိုးနှုန်း .၅၀% (သိန်းငါးထောင်နှင့်အထက်)

ငွေစုစာရင်း

ငွေစုစာရင်းသည် မိမိတို့တွင်ရှိသော ငွေပိုငွေလျှံများအား စုဆောင်းနိုင်သော ငွေစုစာရင်းအမျိုးအစားဖြစ်ပြီး ထိုထည့်သွင်းငွေ အပေါ်တွင် ဘဏ်မှအတိုးတွက်ချက် ထည့်သွင်းပေးပါသည်။

တစ်ဦးချင်းဖြစ်စေ ၊ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ ၊ အရွယ်မရောက်သေးသူများ၊ လူမှုရေး ၊ ဘာသာရေးနှင့် စီးပွားရေးအဖွဲ့အစည်းများ အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပါသည်။

တစ်နှစ်လျှင် ၇% အတိုးပေးပြီး အတိုးကို နှစ်စဉ် သုံးလပတ် ကုန်ဆုံးသည့်အချိန် ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ၊ မတ်လ များတွင်ထည့်ပေးပါသည်။

သိန်းတစ်ထောင်နှင့်အထက် အပ်နှံသော Royal Savings Deposit Account အတွက် တစ်နှစ်လျှင် ၇.၂၅% အတိုးပေးပါသည်။

Mobile Banking, Internet Banking များဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။