fbpx

Khaing Lwin Aung

ကျွန်မနာမည်ကတော့
ခိုင်လွင်အောင် ဖြစ်ပါတယ်။ A Bank ရဲ့ဝန်ထမ်းတစ်ဦး ဖြစ်ပြီး A bank Mandalay Branch မှာ Executive Manager ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပါတယ်။ဘဏ္ဍာရေးအဖွဲ့အစည်းများသည် နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်သောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဘဏ်များ၏ ကဏ္ဍသည်လည်း ပိုမိုအရေးပါလာပါသည်။ A Bank အနေဖြင့် Loan, Overdraft, Agricultural Loan , Hire Purchase , Medium Term / Long Term Loans, Project Loan , SME Loan စသည်ဖြင့် ချေးငွေအမျိုးအစားများ၊ Saving Deposit, Terms Deposit, Education Deposit, Special Deposit, Call Deposit အပ်ငွေအမျိုးအစားများ၊Performance Guarantee၊ ပြည်တွင်းငွေလွှဲလုပ်ငန်း၊ နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာ၀န်ဆောင်မှုများ စသည်ဖြင့် ၀န်ဆောင်မှုအမျိုးအစား စုံလင်စွာဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသောကြောင့် တောင်သူလယ်သမားများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံကိန်း လုပ်ငန်းရှင်များအတွက် များစွာအထောက်အကူပြုနိုင်ပါသည်။ A bank မှာ လုပ်ကိုင်ရခြင်းအတွက် ၀မ်းမြောက် ပျော်ရွှင်ရပါတယ်။