fbpx

Board of Directors

U Zaw Win Shein (Chairman)

ဉီးဇော်ဝင်းရှိန်သည် Ayeyar Hinthar Holdings Co., Ltd ၏ Founder တစ်ဉီးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် Ayeyar Hinthar Trading Company ကို စတင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါ Ayeyar Hinthar Holdings Co., Ltd သည် ဆန်နှင့်ဆီ Export/ Import ဆောင်ရွက်ရာတွင် ထိပ်တန်း Company တစ်ခုအနေဖြင့် ရပ်တည်နေပြီး ဉီးဇော်ဝင်းရှိန်မှ ဉက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိကဆေးရုံဖြစ်သော ဝိတိုရိယဆေးရုံကို လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးတွင် အခြေစိုက်၍ Pathein Industrial City (PIC) အားလည်းကောင်း ဉီးဆောင်တည်ထောင်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းများတွင်လည်း ဉက္ကဋ္ဌ အနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

U R Yudh (Vice Chairman)

ဉီးအာယုသည် မြန်မာ့စီးပွားရေးဘဏ်တွင်၁၉၇၁ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ (၂၂)နှစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး ထိုမှတစ်ဆင့် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကာ Ayeyar Hinthar Holding Co., Ltd ၏ ဒုတိယဉက္ကဋ္ဌအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ A bank ၏ ဒုတိယဉက္ကဋ္ဌ တာဝန်များကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် မြန်မာ့ဆန်စပါး အသင်းချုပ် (Myanmar Rice Federation) တွင် ဒုတိယဉက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ အလုပ်အမှုဆောင် တစ်ဦးအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်၊၊

U Ye Myat Soe (Vice Chairman)

ဦးရဲမြတ်စိုးသည် ယခင် Horizon Telecom Internation Co., Ltd ၏ Group CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၎င်းအဖွဲ့အစည်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ (၂)နှစ်နှင့် (၄)လ တာဝန် ထမ်းဆောင်ခဲ့ပါသည်၊၊ ၁၉၈၂ ခုနှစ်မှ၂၀၁၂ ခုနှစ်အထိ Oil & Gas Company များတွင် Geophysicist ၊ Technical Advisor အဆင့်အထိ ရာထူးတာဝန်အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်၊၊ ဉီးရဲမြတ်စိုးသည် B.Sc (Geology) ဘွဲ့ကို ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ လည်းကောင်း၊ DAC ဘွဲ့ကို ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း၊ MBA ဘွဲ့ကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ လည်းကောင်း ရရှိခဲ့ပါသည်၊၊ A bank တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ၂၀၁၅ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်တွင် Vice Chairman အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

Mr. Chong Ho Yoon (Chief Executive Officer)

Mr. Chong Ho Yoon သည် B.A (Business Administration) ဘွဲ့ကို University of Akron မှ လည်းကောင်း၊ MBA ဘွဲ့ကို The Ohio State University မှ လည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှ စတင်၍ Kookmin Bank Korea, HSBC Korea တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ Standard Chartered Bank (Korea), Standard Chartered Bank (Hong Kong) စသည့် နိုင်ငံခြားဘဏ်များ၏ Senior Management Level တွင် (၁၇) ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Transaction Banking, Premium Banking, Digital Banking, Lending, Card, Deposit စသည့်ကဏ္ဍများတွင် အထူးကျွမ်းကျင်သူ ဖြစ်ပါသည်။ မြန်မာနိုင်ငံ Banking Industry သို့ ၂၀၁၈ ခုနှစ်မှစတင်၍ ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် A bank ၏ Chief Executive Officer အဖြစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

U Min Hlaing (Director)

ဦးမင်းလှိုင်သည် ၁၉၈၁ ခုနှစ်တွင် B.Sc (Physics) ဘွဲ့ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ရရှိ ခဲ့ပါသည်။ လက်ရှိတွင် A bank ၏ ဒါရိုက်တာရာထူးအပြင် Htet Oo Co., Ltd နှင့် Htet Oo Construction Co., Ltd တို့တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

U Ye Lin Htut (Director)

ဉီးရဲလင်းထွဋ်သည် ၂၀၀၁ ခုနှစ်တွင် B.Sc (Maths) ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ လက်ရှိတွင် A bank ၏ ဒါရိုက်တာရာထူးအပြင် Tecia Technology Co., Ltd နှင့် San Trading Co., Ltd တို့တွင်လည်း အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

U Myat Cho Win (Director)

ဉီးမြတ်ချိုဝင်းသည် ၁၉၈၁ ခုနှစ်တွင် B.Com ဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှရရှိခဲ့ပါသည်။ ယခင် Asia World Co., Ltd တွင် အထွေထွေမန်နေဂျာအဖြစ် ၁၉၉၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ၊ (၂၁)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် A bank ၏ ဒါရိုက်တာရာထူးအပြင် Golden Mountain Co., Ltd ၏ ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။

U Zaw Lin Htut (Independent Director)

ဉီးဇော်လင်းထွဋ်သည် ပြည်တွင်း၊ ပြည်ပဘဏ်လုပ်ငန်း Senior Management Level တွင် လုပ်သက် (၁၉)နှစ်ရှိပြီး၊ လက်ရှိတွင် A bank ၌ Independent Director အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ပညာအရည်အချင်းအနေဖြင့် B.Sc (Geology) ဖြင့်လည်းကောင်း၊ MBA ဘွဲ့ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ လည်းကောင်း၊ MA (Business Law) ကို ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း၊ Master in Management of Banking & Finance ဘွဲ့ကို (Solvay Brussels School of Economic and Management, Universite’ Libre de Bruxelles and organized at National Economic University, Hanoi) မှလည်းကောင်း ရရှိခဲ့ပါသည်။ Myanmar Payment Union တွင် CEO ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပါသည်။

U Zin Oo (Independent Director)

ဦးဇင်ဦးသည် အထက်တန်းရှေ့နေနှင့် ဥပဒေအကြံပေးအဖြစ် လုပ်သက်(၄၀)နှစ် ရှိပြီး လက်ရှိတွင် A bank ၏ Independent Director အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ပညာအရည်အချင်းအနေဖြင့် B.A (Law) အား ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ LLB အား ၁၉၈၀ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှစ၍ အထက်တန်းရှေ့နေ အဖြစ်လည်းကောင်း၊ ၁၉၈၂ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဉပဒေအရာရှိ အဖြစ်လည်းကောင်း၊ အခြားကုမ္ပဏီနှင့် ပုဂ္ဂလိကဘဏ်အချို့တွင် ၁၉၉၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပြင်ပဥပဒေ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။